Monday, April 30, 2012

အ၀ိဇ္ဇာ

အ၀ိဇ္ဇာ ဟူသောမသိမှုဆိုသည်မှာ-
*** ကုသိုလ်ကောင်းမှု လုပ်ရကောင်းမှန်း မသိတာတခုထဲမဟုတ်ဘဲ.
***မကောင်းမှုအကုသိုလ် အလုပ်တွေကိုမလုပ်ရဘူးဆိုတာလဲမသိဘူး တဲ့
တနည်းဆိုရသော်-ကုသိုလ်ကောင်းမှု တွေကိုတော.မလုပ်ဘဲ အကုသိုလ်အလုပ်တွေကိုတော့ လုပ်ဖြစ်နေတယ်ပေါ့ ။
လောဘ  လိုချင်တပ်မက်မှုများ (တဏှာ) ကြောင့် မောဟအမှောင်ဖုံးကာ မတရားနည်းဖြင့်ရအောင် မယူသင့်ဘူး
ဆိုတဲ့ အသိမ၀င်တော.ဘဲ မသိမှု(အ၀ိဇ္ဇာ)က လောဘကြောင့်စိတ်မှာဖြစ်ပေါ်လာတဲ့ ၀ိသမနည်းကို ပြုလုပ်ဖြစ်တာ
ကြောင့် မကောင်းတဲ့ကံကို ဖြစ်ပေါ်စေပါတယ် ။
 အ၀ိဇ္ဇာ အဆင့်(4)ဆင့်ရှိပါတယ်-
1 ။ ကုသိုလ် ၊ အကုသိုလ် ကိုမသိဘူး ။
ဒီအဆင့်ကတော့ မိုးမှောင်ကျချိန် လကွယ်ညအခါ သန်းခေါင်ကျော်ကာလမှာ တောအုပ်ထဲရောက်နေသလိုဘဲတဲ့
ဘာမှကိုမမြင်နိုင်တော.ပါဘူးတဲ့
2 ။ ကုသိုလ် ၊ အကုသိုလ်ကိုတော့ သိတယ် ။
 ကာမဂုဏ် အာရုံငါးပါးရဲ့ဒုက္ခ ကိုမသိဘူး ။
3 ။ ကုသိုလ် ၊အကုသိုလ် ကိုသိတယ် ။
 ကာမဂုဏ် အာရုံငါးပါးရဲ့ ဒုက္ခကိုလဲသိတယ် ။
ရုပ်ဒုက္ခ ၊နာမ်ဒုက္ခ ကိုမသိဘူး ။
4 ။ အကုသိုလ် ၊ ကုသိုလ် ၊ အာရုံငါးပါးဒုက္ခကိုသိတယ် ။
ရုပ်ဒုက္ခကိုသိတယ် ။
 နာမ် ဒုက္ခကိုမသိဘူး ။
စေတနာ+သင်္ခါရ=ကံ
သူတပါးရင်ထဲကို ၀င်ရောက်ခံစားနားလည်ပေးနိုင်ပါစေ ။

0 ကွန်မန့်ရေးရန်:

Post a Comment