Thursday, August 8, 2013

ဒု ၀န်ကြီး ၂ ဦးကို နောက်ထပ် ပူးတွဲ ဒုဝန်ကြီး တာဝန်ပေး



ဧရာဝတီ Thursday, August 8, 2013

ပြုပြင်ပြောင်းလဲရေး သင်္ကေတလို့ အမေရိကန် သတင်းဌာနတခုက သမ္မတ ဦးသိန်းစိန်ကို အမည်ကင်ပွန်း တပ်ခေါ်ဝေါ် သုံးနှုန်းခဲ့သလို အခုလည်း နောက်ထပ် ပြုပြင်ပြောင်းလဲရေး ခြေလှမ်းတရပ်အနေနဲ့ ဒု ၀န်ကြီး ၂ ဦးကို ပြောင်းလဲတာဝန်ပေးအပ်လိုက်ပြန်ပါတယ်။

အဆိုပါ ဦးဇင်ယော်( နိုင်ငံခြားရေး ဒု ၀န်ကြီး) ကို ပို့ဆောင်ရေး ဒု ၀န်ကြီး အဖြစ်နဲ့ ဦးမြင့်ဇော် ( လျှပ်စစ်စွမ်းအား ဒု ၀န်ကြီး ) ကို စွမ်းအင် ဒု ၀န်ကြီးတွေအဖြစ် ၀န်ကြီးဌာန ၂ ခုအတွက် ပူးတွဲတာဝန်ထမ်းဆောင်ဖို့ အတွက် သမ္မတ ဦးသိန်းစိန်က သြဂုတ်လ ၇ ရက်နေ့ နေ့စွဲနဲ့ အမိန့်ထုတ်ပြန်တာဖြစ်ပါတယ်။

မကြာသေးမီကလည်း ထူးခြားမှုမရှိတဲ့ ဒုဝန်ကြီး အပြောင်းအလဲတွေ ပြုလုပ်ခဲ့ပါသေးတယ်။

0 ကွန်မန့်ရေးရန်:

Post a Comment