Saturday, July 20, 2013

ကျပ်ငွေ ၃ ဘီလီယံကျော် ရှိသော MPU Network ကို ထပ်မံ တိုးချဲ့ဆောင်ရွက်ရန် ရှိ



ပြည်တွင်းဘဏ် ၁၇ ခုတွင် အသုံးပြုနေသည့် Myanmar Payment Union MPU အတွင်း ထည့်ဝင်ငွေ ပမာဏမှာ ငွေကျပ် ၃ ဒသမ ၂ ဘီလီယံ (ဒေါ်လာ၎ သန်း) ခန့် ရှိနေပြီး နောက်ပိုင်း တွင် အာဆီယံနှင့် အခြား နိုင်ငံများ အထိ ကွန်ရက် ဆက်လက် တိုးချဲ့ သွားရန် ရှိကြောင်း MPU အလုပ် အမှုဆောင် ဦးဇော်လင်းထွန်းက ပြောကြားခဲ့သည်။

MPU Network ATM စက်များတွင် ပြည်တွင်း ဘဏ်များမှ ထုတ်ဝေသော ကတ်များ အပြင် နိုင်ငံ တကာ Visa, Master, CUP, JCB ကတ် တို့ကိုလည်း ထည့်သွင်း အသုံးပြု နိုင်ပြီး နောက် ပိုင်းတွင် MPU ကတ်များကို အာဆီယံ နိုင်ငံများ သို့ပါ သယ်ဆောင် အသုံးပြု နိုင်ရန် ဆောင်ရွက်လျက် ရှိသည်။ ၂ဝ၁၄-၂ဝ၁၅ ခုနှစ်တွင် MPU ကတ်ကို နိုင်ငံ တကာနှင့် ချိတ်ဆက် နိုင်ရန် Co-brand Card ဖြစ်လာရန်၊ B-commerce ကို အထောက် အပံ့ ဖြစ်စေ ရန်နှင့် APN integration ဖြစ်လာရန် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် MPU ကတ်ကို အစိုးရ ဘဏ်သုံးခုနှင့် ပုဂ္ဂလိက ဘဏ် ၁၄ ခု စုစုပေါင်း ဘဏ် ၁၇ ခုတွင် တပ်ဆင် အသုံးပြု နေပြီး တစ်နိုင်ငံလုံး အနှံ့တွင် MPU Network ATM ၂၆၄ ခု၊ POS ၁ဝ၃၈ ခုရှိကာ ငွေပြောင်း၊ ငွေထုတ် ပြုနိုင်ပြီ ဖြစ်ကြောင်း စက်ဖြင့် ငွေလွှဲပြောင်း ရာတွင် အောင်မြင်မှုမှာ ၇၁ ဒသမ ၁၉ ရာခိုင်နှုန်းခန့် ရှိကြောင်း

Read More >> http://www.myawady.net.mm/allnews/local/item/19945-2013-07-19-08-35-34

0 ကွန်မန့်ရေးရန်:

Post a Comment