Wednesday, May 2, 2012

၂၀၁၂ ခုနှစ်တွင် လူကြိုက်များလာမည့် အိုင်တီပစ္စည်း ၁၁ မျိုး



1544 PS Vita
Play Station Vita
၂၀၁၂ ဖေဖော်ဝါရီလ မှ ထွက်ရှိမယ်လို့ ကြေညာထားတဲ့ Sony မှထုတ်လုပ်သော Play Station Vita များဖြစ်ပါသည်။ Smart Phone နဲ့ Tablet တို့လူကြိုက်များနေချိန်မှာ Sony Handy Game console ပျောက်ကွယ်သွားမနိုင်ပါဘူး။ ၅လက်မ ဖန်သား မျက်နှာပြင်နဲ့ အတွင်ရော၊ အပြင်ပါ နည်းပညာအဆင့်မြင့်ထားတဲ့ Play Station Vita ကို ၂၀၁၂ ဖေဖော်ဝါရီလ မှာ တွေ့မြင် ရတော့ မှာဖြစ်ပါသည်။

1544 iphone-5
iPhone 5
iPhone 5 ကိုတော့ ၂၀၁၂ စက်တင်ဘာမှ ဖြန့်ချိမယ်လို့ ခန့်မှန်းထားပါသည်။ အကြောင်းအမျိုးမျိုးကြောင့် ထွက်ရှိရန် နှောင့်နှေးခဲ့တဲ့ iPhone 5 မှာ သူမတူတဲ့ စွမ်းဆောင်ချက်တွေ တွေ့မြင်ရမှာဖြစ်ပါသည်။ အိတ်ဆာင် Projector အနေနဲ့ရော၊ ဂိမ်းစက်အနေနဲ့ရော၊ Entertainment ပစ္စည်းတစ်ခု အနေနဲ့ရော တွေ့မြင်ရမည့် iPhone 5 ဟာ စမတ်ဖုန်းလောကကို အမှန်တကယ် ဦးဆောင်နိုင်မယ့် စံနမူနာ ပစ္စည်းတစ်ခုဖြစ်လာမှာ ဖြစ်ပါတယ်။ 

1544 ipad-3
iPad 3
ယမန်နှစ် မတ်လမှ စတင်ပြီး ယနေ့တိုင် အရောင်းသွက်လျက်ရှိတဲ့ iPad 2 နေရာကို အစားထိုးဖို့ iPad 3 ဈေးကွက်ထဲကို ဝင်ရောက် လာပါတော့မယ်။ ဖေဖော်ရီလအတွင်း ဖြန့်ချိနိုင်မယ်လို့ သတင်းများ ထွက်ပေါ်နေပါသည်။ ဖန်သားပြင် resolution မြင့်မားပြီး၊ Processor အထူးကောင်းမွန်တဲ့အတွက် Tablet တွေရဲ့ အောင်မြင်မှုကို ကျော်လွာနိုင်ဦးမှာဖြစ်ပါသည်။

1544 Samsung Galaxy S II
Samsung Galaxy S II
Sasumg Galaxy S II ကတော့ ၂၀၁၁ ခုနှစ်အတွင်းမှာ iPhone 4s ကိုကျော်လွန်ပြီး ကမ္ဘာ့အရောင်းသွက်ဆုံး စမတ်ဖုန်းအဖြစ် စံချိန်တင်သွားပါသည်။ ၂၀၁၂ ခုနှစ်မှာ ယင်းဖုန်းအားဈေးနှုန်း ကျဆင်းမှာဖြစ်တဲ့အတွက် ထပ်ပြီး အရောင်းသွက်ဦးမှာ ဖြစ်ပါသည်။ ​ပြီးတော့ Ice Cream Sandwich OS ကို အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။ ကင်မရာ Resolution မြင့်မြင့်၊ ဖန်သားပြင် ခပ်ကျယ် ကျယ်ရှိတဲ့ Samsung Galaxy S II ဟာ အာရှကော ဥရောပမှာပါ နံပါတ် ၁ အဖြစ် ဆက်လက်တည်ရှိနေဦးမည် ဖြစ်ပါသည်။

1544 ultrabooks
Ultrabook
၂၀၁၁ နှစ်ကုန်ပိုင်းမှာ တစ်ဟုန်ထိုး အောင်မြင်လာတာကတော့ Ultrabook များဖြစ်ပါသည်။ အင်မတန်ပါးလွားပြီး၊ သယ်ဆောင်ရ လွယ်ကူတဲ့ Ultrabook တွေဟာ နည်းပညာပိုင်းမှာလဲ အားနည်းမသွားပါဘူး။ HP နဲ့ LG တို့ကတော့ Ultrabook ဖြန့်ချိရာမှာ ​ဈေး ကွက်အကြီးဆုံး ရယူထားနိုင် သူတွေဖြစ်ပါသည်။ Apple မှလည်း အရည်အသွေးမြင့် Ultrabook များကို ၂၀၁၂ မှာထုတ်လုပ်ဖြန့်ချိ ဦးမှာဖြစ်တဲ့အတွက် Ultrabook ရဲ့ နှစ်သစ် ပြိုင်ပွဲကို ရင်သပ်ရှုမောဖွယ် တွေ့မြင်ရမှာဖြစ်ပါသည်။

1544 apple-tv
Apple TV
Apple မှ အွန်လိုင်း အင်တာနက် TV ကို ၂၀၁၃ မတိုင်မီ တွေ့မြင်ရတော့မှာ ဖြစ်ပါသည်။ Apple မှ နေ့စဉ်ထုတ်လွင့်တဲ့ TV channel တွေကို Apple TV နဲ့ ကြည့်ရှုနိုင်အောင် ဖန်တီးပေးလိုက်ခြင်း ဖြစ်ပါသည်။ အရွယ်အစားအားဖြင့် ၃၂ လက်မ မှ ၃၇ လက်မအထိရှိတဲ့ Apple TV တို့ရဲ့ အခြား အင်တာနက် TV တို့ထက် ထူးခြားကောင်းမွန်မှုကို တွေ့မြင်ရတော့မည် ဖြစ်ပါသည်။ 
 
1544 nintendo Wii U
 Nintendo Wii U
Nintendo ကုမ္ပဏီမှ လက်ကိုင် Nintendo ဂိမ်းစက်များကတော့ လူတိုင်းသိကြမှာ ဖြစ်ပါတယ်။ ပြီးတော့ Wii ဂိမ်းစက်တွေဟာ ဆိုရင် Xbox နဲ့အပြိုင် ဈေးကွက်နေရာယူနိုင်ခဲ့ပါတယ်။ ယခုအခါမှာတော့ Nintendo နဲ့ Wii ဂိမ်းစက်နှစ်ခုလုံးမှ နည်းပညာကိုပေါင်း စပ်ပြီး Nintendo Wii U ဆိုပြီး လက်ကိုင်ဂိမ်းစက်အကြီးစားကို ၂၀၁၂ ဇွန်လမှာဖြန့်ချိတော့မှာဖြစ်ပါတယ်။ ဒီဇိုင်းအနေနဲ့ရော၊ အရည်အသွေးပိုင်းမှာသာ ယခင် Nintendo ဂိမ်းစက်များ ထက် အထူးကောင်းမွန်တဲ့ Nintendo Wii U ကို ကမ္ဘာတစ်ဝမ်း ဂိမ်းခရေ ဇီတို့ စောင့်မျော်လျက် ရှိကြပါတယ်။ 

1544 window 8
 Window 8
၂၀၁၂ နှစ်စပိုင်းမှာဖြန့်ချိတော့မယ့် Window 8 ဟာဆိုရင်လည်း လူတိုင်း စောင့်မျော်နေတဲ့ ကမ္ဘာကျော် OS တစ်ခုဖြစ်ပါတယ်။ Apple ရဲ့ Mac OS X Lion ထက်များစွာသာလွန်ပြီး Software ရော Hardware ပါ ယခင် Window 7 ထက်များစွာကောင်းမွန်တဲ့ Window 8 မှာ မြန်မာစာစနစ်လည်း ပါဝင်မည်ဖြစ်ပါသည်။

1544 windows phone-8

Windows Phone 8 (Apollo)
Windows Phone 8 ကတော့ Window Phone 7 အစားဝင်ရောက်လာမဲ့ OS အသစ်ဖြစ်ပါတယ်။ ဒါကြောင့်မို့ အောက်တိုဘာ ၂၀၁၂ မှာ ဖြန့်ချိဖို့ စီစဉ်ထားပြီးဖြစ်တဲ့အတွက် Window Phone 7 OSကို အခမဲ့ဖြန့်ချိ ပေးလိုက်ပါပြီ။ Apple ရဲ့ iOS 5 နဲ့ Google ရဲ့ Ice Cream Sandwich OS တို့ အောင်မြင်နေချိန်မှာ Microsoft ရဲ့Window Phone OS လည်း ပျောက်ကွယ်မသွားပါဘူး။ ပိုမိုမြန်ဆန်တဲ့ Window Phone 8 OS ကို Nokia, LG, Samsung နဲ့ HTC တို့က အဓိကထား အသုံပြုမှာဖြစ်ပါသည်။ 

1544 kindle-fire

Kindle Fire in the UK
ဈေးနှုန်းအားဖြင့် အခြား Tablet များထက် အင်မတန်သက်သာတဲ့ Amazon ရဲ့ Kindle Fire ကို အင်္ဂလန်မှာ ဖြန့်ချိပြီးဖြစ်ပါတယ်။ ၂၀၁၂ မှာ ကမ္ဘာအနှံ့ဖြန့်ချိမယ့် Kindle Fire ဟာ ဈေးသက်သာပေမယ့် အခြား Tablet နဲ့ iPad များနဲ့ ယှဉ်ပြိုင်နိုင်စွမ်းရှိပါသည်။

1544 asus-tramsformer-prime

Asus Transformer Prime
Asus မှ ထုတ်လုပ်မည့် Transformer Prime ကတော့ ၂၀၁၁ နှစ်ကုန်ပိုင်းလောက်တည်းက ဖြန့်ချိပြီးဖြစ်ပါသည်။ Android အသုံး​ပြုထားတဲ့ Tablet ဆိုပေမယ့် Keyboard တပ်ဆင်လိုက်တဲ့အခါ Netbook ကဲ့သို့ အသုံးပြုလို့ရတဲ့ Asus Transformer Prime မှာ Nvidia quad-core processor အသုံးပြုထားပါတယ်။ လက်ရှိမှာ Honycomb OS နဲ့သာ တွေ့မြင်ရသေးပေမဲ့ ၂၀၁၂ မှာတော့ ICS အသုံးပြုနိုင်မှာဖြစ်တဲ့အတွက် လူကြိုက်များ လာမယ့် Tablet တစ်မျိုးဖြစ်ပါသည်။
Ref:http://www.shwelone.com

0 ကွန်မန့်ရေးရန်:

Post a Comment