Friday, May 31, 2013

Graffiti သမား အာကာကျော်အား မရမ်းကုန်းစည်ပင်မှ တရားစွဲ



By Popular News | Thursday, 30 May, 2013

မြန်မာ Graffiti အနုပညာသည် အာကာကျော်အား ယနေ့တွင် မရမ်းကုန်း မြို့နယ် စည်ပင်ရုံးမှ အမှုဖွင့် တရားစွဲဆိုလိုက်ကြောင်း ၄င်း၏ ပြောကြားချက်အရ သိရသည်။

မနေ့ညက ကျွန်တော် အိမ်ပြန်ရောက်တဲ့အချိန် ရယက ရုံးက ခေါ်တာနဲ့ သွားတော့ မရမ်းကုန်း စည်ပင်က တရားစွဲထားကြောင်းနဲ့ မနက် ပြန်လာဖြေရှင်းဖို့ပြောမှ ကျွန်တော့်ကို တရားစွဲထားမှန်း သိရတယ်။ စည်ပင်ကတော့ ကျွန်တော်တို့ အခု စည်ပင်ဥပဒေနဲ့ပဲ တရားစွဲထားပြီး မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူးရဲ့ ပြောကြားချက်အရတော့ အကြမ်းဖျင်း ဒဏ်ငွေဆောင်ရမယ်လို့တော့ သိထားတယ်ဟု ၄င်းကဆိုသည်။

ကိုအာကာကျော်အနေဖြင့် သမ္မတ ဦးသိန်းစိန်၏ Graffiti ပုံကို သမ္မတကြီး၏ နိုင်ငံတကာ ငြိမ်းချမ်းရေး ဆု သွားရောက်လက်ခံယူနေချိန် ခရီးစဉ်အတွင်း ကမ္ဘာအေးဘုရားလမ်းပေါ်၌ ရေးဆွဲခဲ့ခြင်း ဖြစ်သည်။

0 ကွန်မန့်ရေးရန်:

Post a Comment