Friday, May 31, 2013

ဒေါ်အောင်ဆန်းစုကြည် ကြိုဆိုရေးငွေစာရင်ရှင်တမ်း


၂၀၁၃ ခုနှစ် မေလ ၃၀ ရက်။
ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်ရောက် မြန်မာမိသားစုများ တွေ့ဆုံပွဲ ကျင်းပပြီးစီးပြီးနောက် ကျန်ရှိ ငွေစာရင်းရှင်းတမ်း ရှင်းလင်းရန်နှင့် ကော်မတီဖျတ်သိမ်းရန်အတွက်  နောက်ဆုံး ညှိနှိုင်း အစည်းအဝေးကို ၂၀၁၃ ခုနှစ် မေလ ၂၆ ရက်နေ့ နံနက် ၉း၃၀ နာရီမှ ၁၂း၀၀ နာရီအထိ Kenkoo Plaza ( Ikebukuro ) 7 F, တွင် ကျင်းပခဲ့ကြပြီး ဖြစ်ပါသည်။ 
အစည်းဝေးမှ ဘဏ္ဍာရေးဆပ်ကော်မတီမှ ငွေစာရင်းရှင်းလင်းခြင်း၊ စာရင်းစစ်မှ စစ်ဆေးပြီးသည့်နောက် ကော်မတီအား တရားဝင်ဖျတ်သိမ်းရန် ကြေငြာချက် တစောင်အား ပြန်ကြားရေးကော်မတီမှ ထုတ်ပြန်သွားမည် ဖြစ်ပြီး လက်ကျန်ငွေ ( ၃၇၅,၅၁၇ - ယန်း)ကိုလဲ မြန်မာပြည်တွင်းရှိ ရေအခက်အခဲ့ဒေသသို့ NLD တဆင့်ပေးပို့ လှုဒန်းသွားရန် ဆွေးနွေး ဆုံးဖြတ်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum

0 ကွန်မန့်ရေးရန်:

Post a Comment