Tuesday, September 10, 2013

ခွေးတစ်ကောင်လောက်တောင် တန်ဘိုးမရှိဘူးလား ဟု သေဆုံးသူ ဧ။် ဦးလေး တော်စပ်သူ ကဆို

 i Love Myanmar's photo.
တောက်... သတ္တိရှိရင် ထွက်လာခဲ့... မြန်မာပြည်က မိန်ကလေးရဲ့ လက်သန်းတစ်ချောင်းနဲ့ဘဲ စိန်ခေါ်တယ်... လာရင်ဆိုင်လိုက်.... 
------------------------
ခွေးကိုဆဲတဲ့မြန်မာအလုပ်သမားကို ထိုင်းလူမျိုးက သေနတ်ဖြင့်ပစ်သတ်
9.9.2013
ထိုင်းနိုင်ငံ တောင်ပိုင်း စူရတ်ဌာနီမြို့ ဘန်ခ်ျရနပ် ကွက်တွင်နေထိုသင်ည့်ရာဘာခြံအလုပ်သမား တစ်ဦး အား ခွေးကို ဆဲဆိုသဖြင့် ထိုင်းလူမျိုးတစ်ဦးက သေနတ်ဖြင့် ပစ်သတ်လိုက်ကြောင်း သိရှိရသည်။

ယမန်နေ့ ညနေ ၆နာရီကျော်ခန့် က အသက် ၂၁ နှစ်အရွယ် သိန်းမင်းစံ ဆိုသည့် ရာဘာခြံ အလုပ်သမားတစ်ဦး အချိုရည်နှင့် မုန်.များ ယူဆောင်သွားစဉ် ခွေးတစ်ကောင် လိုက်ကိုက်သဖြင့် ထိုင်းဘာသာစကားဖြင့်ဆဲဆိုခဲ့သည်။ စားစရာများ ၀ယ်ပြီးပြန် လာသည့်အခါ ခွေးပိုင်ရှင်က အိမ်ရှေ့မှ စောင့်နေပြီးညာဘက်ရင်အုံနှင့် ညာဘက် မျက်ခုံး အပေါ်နဖူးစောင်းတို့ကို သေနတ်ဖြင့်၂ချက် ပစ်ခတ်လိုက်ခြင်းဖြစ်သည်။

ဦးလေး တော်စပ်သူ ကိုဇော်ဇော် က “ ခွေးလိုက်ကိုက်လို့ ဆဲမိတာကို သေနတ်နဲ့ပစ်သတ်ရတတယ်လို့ဗျာ။ အချိုရည်ဗူးနဲ့ မုန့်ကိုကိုင်ပြီး နေရာမှာ ပွဲချင်းပြီးသေရတယ်။ ခွေးကို ကျနော့်တူက တစ်ခုခုနဲ့ လုပ်မိတယ် ဆိုလည်းတစ်မျိုး။ ကျနော်တို့ မြန်မာတွေဟာ ခွေးတစ်ကောင်လောက်တောင် တန်ဘိုးမရှိဘူးလား။ အသက်တစ်ချောင်းဗျာ။ ဘ၀တစ်ခု ဒီလို လုပ်ချင်တိုင်း လုပ်လို့ရစတမ်းလားဗျာ” ဟု ထိခိုက်ကြေကွဲ စာဆို သည်။

ကိုသိန်းမင်းစံသည် ထားဝယ်ခရိုင် ပေလာမြို့နယ်၊ ပလရွာ မှ ဦးကျော်မင်း+ ဒေါ်ထွေးရီ တို့၏ သား လူပျို လူလွတ်ဖြစ်ကြောင်း သိရသည်။ ယခု လုပ်ကိုင်နေသည့် ရာဘာခြံတွင် ၄နှစ်တိုင် အလုပ်လုပ်ကိုင်နေ သည့် အလုပ်သများတစ်ဦးဖြစ်သည်။ အလောင်းအား စက်တင်ဘာလ ၇ ရက်နေ့တွင် သဂြိုဟ်ခဲ.ပြီးဖြစ်သည်

သတင်းဓာတ်ပုံ= ရွှေလုပ်သား
Myanmar daily news

0 ကွန်မန့်ရေးရန်:

Post a Comment