Monday, August 27, 2012

ကဖင်းဓာတ်နှင့် လေ့ကျင့်ခန်းတို့က အရေပြားကင်ဆာရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးနိုင်



ကဖင်းဓာတ်နှင့် လေ့ကျင့်ခန်းတို့က အရေပြားကင်ဆာရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးနိုင် .......
လေ့ကျင့်ခန်းလုပ်ခြင်းနှင့် ကော်ဖီသောက်သုံးခြင်းနှစ်ခု ပေါင်းရလဒ်သည် အရေပြားကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ကြောင်း အမေရိကန်သုတေသန ပညာရှင်များက ဧပြီလ၄ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါ တွေ့ရှိချက်ကို မတ်လ၃၁ရက်နေ့မှ ဧပြီလ၄ရက်နေ့အထိ ချီကာဂိုမြို့၌ ကျင်းပပြုလုပ်ခဲ့သော အမေရိကန်ကင်ဆာ သုတေသနအဖွဲ့ နှစ်ပတ်လည်အစည်းအေ
ဝး၌ တင်ပြခဲ့သည်။
သုတေသနပညာရှင်များသည် ကင်ဆာရောဂါ ဖြစ်ပွားနိုင်ခြေမြင့်မားသော ကြွက်များတွင် ကဖင်းဓာတ်နှင့် လေ့ကျင့်ခန်းတို့၏ တွဲဖက်ရလဒ်ကို သုတေသနပြုခဲ့ခြင်းဖြစ်သည်။ သူတို့သည် ကြွက်များကို ကဖင်းဓာတ်ပေးကာ လည်ပတ်နေသော ဘီးတစ်ခုနှင့်အတူ လေ့ကျင့်ခန်းလုပ်စေခဲ့ရာ ယင်းကြွက်များသည်
အရေပြားကင်ဆာဖြစ်ပွားမှု ၆၂ရာခိုင်နှုန်း လျော့နည်းကြောင်း တွေ့ရှိခဲ့ရသည်။MG MANDALAY

0 ကွန်မန့်ရေးရန်:

Post a Comment