Friday, November 2, 2012

သံတွဲမြို့ ဂျာမဲ့ဗလီမှ လက်နက်များ ဖမ်းဆီးရမိ



နိုဝင်ဘာလ(၁)ရက်နေ့နံနက် (၁၀)နာရီတွင် သံတွဲမြို့ရှိ ဗလီများနှင့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများအား စစ်တပ်နှင့်ရဲပေါင်းပြီး ရှောင်တခွင် ဝင်ရောက်စစ်ဆေးခဲ့ရာ သံတွဲမြို့ရှိ ဂျာမဲ့ဗလီအတွင်း
သိမ်းဆည်းဝှက်ထားသည့် လက်နက်များ ဖမ်းဆီးရမိကြောင်း ဒေသခံတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရသည်။

အဆိုပါ ဖမ်းဆီးရမိသော လက်နက်များမှာ ဓါး၊ လှံချွန်၊ ဂျင်ကလီနှင့် ပေါက်ကွဲစေတတ်သည့် လက်နက်တစ်ချို့အား ဖမ်းဆီးရမိကြောင်းနှင့် ဗလီပိုင်ရှင် မော်လဝီတစ်ဦးအားလည်း ဖမ်းဆီးထားကြောင်းသိရသည်။

အကြောင်းစုံသိရှိရန် သံတွဲမြို့ရဲစခန်းအား တယ်လီဖုန်းဖြင့် ဆက်သွယ်ရာတွင်လည်း ဆက်သွယ်ရေးလိုင်းများ ကျပ်နေသည့်အတွက် ဆက်သွယ်၍မရှိသေးကြောင်းနှင့် သတင်းအပြည့်အစုံကို ဆက်လက်ဖော်ပြပါမည်။

By Arakan Times

0 ကွန်မန့်ရေးရန်:

Post a Comment