Monday, March 4, 2013

ကားကို လမ်းပြောင်းပြန် မောင်းပြီး နေပြည်တော်မှာ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူးဆိုတဲ့ ပြန်ကြားရေး ၀န်ကြီးဌာနက ဒု- ညွှန်မှူး ဦးမျိုးဝင်း


၂-၃-၂၀၁၃ ရက်နေ့ ည ၁၀း၀၀ နာရီ လောက်က ဇမ္ဗူသီရိ၊ ဘောဂသိဒ္ဓိ ရပ်ကွက်ရှိ မြ၀တီ ဓါတ်ဆီဆိုင် အရှေ့မှာ ယာဉ်တိုက်မှု တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဖြစ်စဉ်ကတော့ Van အဖြူရောင် ကားနံပါတ် ၆ခ/၁၂၀၀ ကို မောင်းနှင် လာတဲ့ ပြန်ကြားရေး ၀န်ကြီးဌာန ဒု- ညွှန်မှူး ဦးမျိုးဝင်းဟာ အရက် အလွန်အကျွန် မူးနေပြီး၊ မတ်တတ်တောင် ကိုယ်တိုင် ကောင်းကောင်း မွန်မွန် မရပ်နိုင်တဲ့ အနေအထား ရှိနေတာကို တွေ့ရပါတယ်။
 
ဒါနဲ့ လမ်းသွား လမ်းလာများက အမြင်မတော်လို့ ၀င်ရောက် ကူညီရာမှာ ဦးမျိုးဝင်းက ကားပေါ်က ဆင်းလာပြီး ကားနဲ့ အတိုက်ခံရလို့ လမ်းပေါ် သွေးအိုင်ထဲ လဲနေတဲ့ မွန်ပြည်နယ်က အားကစား သမားလေးတွေကို မိုက်ရိုင်းစွာ အော်ဟစ် ဆဲဆိုနေတာ တွေ့ရပါတယ်။ အဲသည် အပြင် လာရောက်ကူညီ သူတွေကိုပါ “ မင်းတို့က ဘာကောင်း တွေလဲ .. ငါ ဘာကောင်လဲ .. သိလား .. ဘယ်သူ့ ကိုမှ သောက် ဂရု မစိုက်ဘူး ” စတဲ့ ရိုင်းပျတဲ့ အသုံးအနှုန်းတွေ ပြန်ကြားရေးက ဗိုလ်မှူး ဆိုတဲ့ အသုံးအနှုန်းတွေနဲ့ အာဏာရှင် ဆန်စွာ ပြုမူခဲ့တာတွေကို သက်သေ မြောက်များစွာ ရှိနေပါတယ်။
 
ဦးမျိုးဝင်းဟာ သူကိုယ်တိုင် လူမှန်းသူမှန်း မသိအောင် မူးရူးနေပေမယ့် သူ့ရဲ့ရာထူးနဲ့ ပြုမူ ပြောဆို ဆောင်ရွက်ခဲ့ တာကြောင့် ၀န်ကြီးဌာနမှ သက်ဆိုင်ရာ ပုဂ္ဂိုလ်များ၊ ယဉ်မှုစစ်မှ ပုဂ္ဂိုလ်များ၊ ပြည်ထဲရေး ၀န်ကြီးဌာနမှ ပုဂ္ဂိုလ်များကို လေးစားစွာနဲ့ အသိပေး ချင်ပါတယ်။
 
ယခုဖြစ်တဲ့ ကိစ္စတွေကို ကြည့်ရင် ဦးမျိုးဝင်းဟာ ဥပဒေနဲ့ ညီညွတ်စွာ သွားလာခြင်း မရှိတဲ့အပြင် ရာထူး အာဏာကိုပါ အလွဲသုံးစား လုပ်တာကြောင့် ထိထိရောက်ရောက် ပြင်းထန်စွာ အပြစ်ပေး အရေးယူ စေချင်ပါတယ်။ ဦးမျိုးဝင်းရဲ့ လုပ်ရပ်တွေကို ပြည်သူအများ သိအောင် တရားဝင်ထုတ်ဖော် ပြောဆို စေချင်ပါကြောင်း ကိုတင်ပြပါတယ်။
 
Copy from - Than Hteik Zaw(FB) အင်တာနက်စာမျက်နှာသတင်း









0 ကွန်မန့်ရေးရန်:

Post a Comment