Saturday, March 23, 2013

မန်မာရဟန်းတော် ၂ ပါး ဘင်္ဂလာဒေခ်ျ့တွင် ဖမ်းဆီးခံရ

နိရဉ္စရာ

မြန်မာနိုင်ငံမှ တရားမ၀င် ၀င်ရောက်လာသော ရဟန်းတော် ၂ ပါးကို ဘင်္ဂလာဒေခ်ျ့ နယ်စပ် လုံခြုံရေး တပ်ဖွဲ့ ၀င်များက ယမန်နေ့က ဖမ်းဆီးလိုက်သည်။

အဆိုပါ ရဟန်းတော် ၂ ပါးအား ကော့စ်ဘဇားနှင့် တက်ကနက် အကြား ကားလမ်းပေါ်ရှိ ၀ါးခွပ်ချောင်း စစ်ဆေးရေးဂိတ်၌ ယမန်နေ့ နံနက် ၁၀ နာရီ အချိန်တွင် နယ်ခြားစောင့် တပ်ဖွဲ့ ဘီဂျီဘီက ဖမ်းဆီးလိုက်ခြင်း ဖြစ်ကြောင်း ဘင်္ဂလာဒေခ်ျ့ အာဏာာပိုင်များက ပြောသည်။

ဖမ်းဆီးခံရသူ ရဟန်းတော် ၂ ပါးမှာ ဦးခန္တီ သက်တော် (၃၄) နှစ်နှင့် ဦးဥာဏ သက်တော် (၃၅) နှစ်တို့ ဖြစ်သည်။ ရဟန်းတော် ၂ ပါးစလုံးမှာ စစ်တွေက ဖြစ်ကြောင်း ဘင်္ဂလာ အာဏာပိုင်များက ဆိုသည်။

ရဟန်းတော် ၂ ပါးအား ဖမ်းဆီးပြီးနောက် ယမန်နေ့ ညနေပိုင်းတွင် သက်ဆိုင်ရာ တက်ကနက် ရဲစခန်းသို့ လွှဲပြောင်း ပေးလိုက်သည်ဟု ဆိုသည်။

ယနေ့ မတ်လ ၂၂ ရက်နေ့တွင် ကော့စ်ဘဇားမြို့ တရားရုံးတွင် ရုံးထုတ်မည် ဖြစ်ပြီး နိုင်ငံခြားသားမူ၊ တရားမ၀င် ၀င်ရောက်မူတို့ဖြင့် တရားစွဲဆိုမည်ဟု သိရသည်။

ယခင်က တရားမ၀င် ၀င်ရောက်လာသော မြန်မာနိုင်ငံမှ ရဟန်းတော်များအား ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက များသောအားဖြင့် ဖမ်းဆီးခြင်း မရှိသော်လည်း နယ်စပ်တွင်လက်ရှိ ဖြစ်ပေါ်နေသော တင်းမာမူ တချို့ကြောင့် ဖမ်းဆီးခံရခြင်း ဖြစ်နိုင်ကြောင်း နယ်စပ်နေ ရခိုင်အမျိုးသားများက ပြောသည်။

မြန်မာဘက်မှ ဖမ်းဆီးထားသော ဘင်္ဂလာဒေခ်ျ့ ရဲတပ်သား (၃) ဦးကို ယခု အချိန်ထိ ပြန်မလွှတ်သေးသဖြင့် ဘင်္ဂလာဒေခ်ျ့ဘက်မှ အထူး မကျေမချမ်းဖြစ်နေပြီး လုံခြုံရေးကိုလည်း တင်းကျပ်ထားသည်ဟု သိရသည်။

ဘတ်စ်ကား တစ်စီးဖြင့် လိုက်ပါလာသော ရဟန်းတော် ၂ ပါးကို ၀ါးခွပ်ချောင်း နယ်စပ် စစ်ဆေးရေး ဂိတ်တွင် မသင်္ကာရာမှ စစ်ဆေးစဉ် ဖမ်းဆီးခံရသည်ဟု ဆိုသည်။

0 ကွန်မန့်ရေးရန်:

Post a Comment