Saturday, March 23, 2013

ရာမူး ဘုန်းတော်ကြီးကျောင်းများ တိုက်ခိုက်မူဖြင့် အလိုရှိနေသူ RSO ထိပ်တန်း ခေါင်းဆောင် တစ်ဦးကို ဘင်္ဂလာရဲက ဖမ်းဆီး


လွန်ခဲ့သောနှစ်က ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ကော့စ်ဘဇား ခရိုင် ရာမူး (ပန်းဝါ) ဘုန်းတော်ကြီးကျောင်းများကို မီးရှို့တိုက်ခိုက်ရာတွင် အဓိက ကြိုးကိုင်ခဲ့သူများထဲမှ တစ်ဦးဟု စွပ်စွဲခံထားရသူ RSO ထိပ်တန်း ခေါင်းဆောင် တစ်ဦးကို ဘင်္ဂလာဒေခ်ျ့ ရဲတပ်ဖွဲ့ မှ ယမန်နေ့ ညနေက ဖမ်းဆီးလိုက်သည်။

ဖမ်းဆီးခံရသူမှာ Hafez Sanaul Islam (၅၀) နှစ်ဖြစ်ပြီး Rohingya Solidarity Organization (RSO) လက်နက်ကိုင် တပ်ဖွဲ့မှ Chief Coordinator ဖြစ်သည် ဟု ယနေ့ထုတ် The Independent သတင်းစာတွင် “ Ramu Attack ‘Plotter’ held in Cox’sbazar” ခေါင်းစဉ်ဖြင့် ဖေါ်ပြသည်။

Hafez မှာ ကော့စ်ဘဇားရဲတပ်ဖွဲ့၏ အလိုရှိဆုံး ရိုဟင်ဂျာ အကြမ်းဖက်အဖွဲ့မှ ခေါင်းဆောင် တစ်ဦး ဖြစ်သည်ဟု သတင်းစာက ဆိုသည်။

သူသည် လွန်ခဲ့သောနှစ် စက်တင်္ဘာလ ၂၉ ရက်နေ့က ရာမူးမြို့တွင် ဘုန်းတော်ကြီးကျောင်း အနည်းဆုံး ၁၂ ကျောင်း မီးရှို့တိုက်ခိုက်ခံရရာတွင် ဦးဆောင် ကျူးလွန်သူများထဲမှ တစ်ဦး ဖြစ်သည်ဟု ပြောသည်။

သူ့အား မတ်လ ၂၁ ရက်နေ့ ညနေ ၅ နာရီ အချိန်တွင် တက်ကနက်မြို့နယ် Hila မာဒရချပ် ဘာသာရေးကျောင်းတွင် လျို့ဝှက် အစည်းအဝေး ပြုလုပ်နေစဉ် သတင်းအရ ရဲတပ်ဖွဲ့က ၀ိုင်းဝန်း စီးနင်းရာမှ ဖမ်းဆီးမိခဲ့သည်ဟု ကော့စ်ဘဇား ခရိုင် ASP ရဲမှူးကြီး Babul AKter ကို ကိုးကားပြီး သတင်းစာက ရေးသားသည်။

Hafez သည် ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် မွေးဖွားပြီး ၁၉၇၈ ခုနှစ်တွင် ဘင်္ဂလာဒေခ်ျ့သို့ တရားမ၀င် ၀င်ရောက်လာကာ ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့များနှင့် ဆက်စပ်ခဲ့သည်ဟု ဆိုသည်။

သတင်းစာမှ သူသည် နိုင်ငံတကာ အကြမ်းဖက် အဖွဲ့များနှင့် ဆက်စပ်မူ ရှိပြီး ငွေကြေးများ လက်ခံယူကာ လူများကိုစုဆောင်းပြီး ဒေသ အတွင်းနှင် နိုင်ငံတကာ အကြမ်းဖက် အဖွဲ့များသို့  ပို့ပေးသည်ဟု စွပ်စွဲ ရေးသား ဖေါ်ပြသည်။

ယခု Hafez ဖမ်းဆီးခံရမူနှင့် ပတ်သက်ပြီး RSO အဖွဲ့မှ တစ်စုံတစ်ရာ တုန့်ပြန် ပြောဆိုခြင်း မရှိသေးကြောင်း သိရသည်။

0 ကွန်မန့်ရေးရန်:

Post a Comment