ဥရောပတိုက်၏
အဓိက ဇိမ်ခံကား ထုတ်လုပ်သူများဖြစ်သော BMW | Audi နှင့် Daimler AG ၏
Mercedes-Benz တို့သည် ကမ္ဘာအရောင်းဈေးကွက် အတွက် တစ်ဖက်နှင့် တစ်ဖက်
ဘတစ်ပြန် ကျားတစ်ပြန် သုံးပွင့်ဆိုင် အရောင်းတိုက်ပွဲ ဆင်နွဲလာရာ ၎င်းတို့၏
တိုက်ပွဲသည် ယခုအခါ နောက်ထပ် စင်မြင့်တစ်ခုဖြစ်သော တရုတ်နိုင်ငံသို့
ပြောင်းရွှေ့သွားပြီဟုဆိုသည်။
![]()
ကမ္ဘာ့ဈေးကွက်တွင် သုံးပွင့်ဆိုင် အရောင်းတိုက်ပွဲ ဆင်နွဲနေသော BMW ၊ Mercedes နှင့် Audi
BMW အရောင်းဌာန အကြီးအကဲ Ian Robertson က တရုတ်ပြည်သည်
U.K.ကိုကျော်လွန်ကာ ဂျာမန် ကားထုတ်လုပ်သူများ အတွက် တတိယအကြီးမားဆုံး
အရောင်းန
ယ်မြေ ဖြစ်လာမည်ဟု ဆိုသလို ၊ Audi အရောင်းဌာန အကြီးအကဲ Peter
Schwarzenbauer ကလည်း တရုတ်ပြည်သည် ဂျမနီကိုကျော်လွန်ကာ ယခုနှစ်အတွက်
အကြီးဆုံးဈေးကွက် ဖြစ်နိုင်သည် ဟုဆိုသည်။
![]()
ဇိမ်ခံကားဈေးကွက် ဖြစ်သော ပေကျင်း ကားပြပွဲ မြင်ကွင်း
ပြီးခဲ့သော မေလ ၇ ရက်တွင် Audi က တရုတ်နိုင်ငံတွင် ခိုင်မာသော ဈေးကွက်
အကျိုးအမြတ် ရရှိထားပြီး ၎င်းတို့၏ တစ်ကမ္ဘာလုံး အရောင်းသည် ဧပြီလအတွင်းတွင် ၁၈
ရာခိုင်နှုန်းအထိ မြင့်တက်သွားပြီဟု ထုတ်ပြန်ခဲ့သည်။ Audi သည်
တရုတ်နိုင်ငံတွင် ဧပြီလအတွင် ကားစီးရေ ၁၉,၆၀၆ စင်းရောင်းခဲ့ပြီး
ယခင်နှစ်ကနှင့်စာလျင် ၆၁ ရာခိုင်းနှုန်းတိုးတက်လာပြီး ၁၉,၁၂၄
စင်းရောင်းရသော ဂျာမန်ပြည်တွင်းဈေးကွက်ကို ကျော်တက်သွားပြီ ဖြစ်သည်။
![]()
တရုတ်ကားဈေးကွက်တွင် ဦးဆောင်နေသည့် Audi
မိခင် ကုမ္ပဏီဖြစ်သော Volkswagen AG (ဗောက်စ်ဝက်ဂွန်) ၏ ယခင်ကတည်းက
ဈေးကွက် ထိုးဖောက်ထားမှုကြောင့် Audi သည် တရုတ်ဈေးကွက်တွင်
ဦးဆောင်သူဖြစ်နေသည်။BMW ကလည်း တရုတ်ပြည်တွင် ယခုနှစ်အတွင်း ကားစင်းရေ
၁၂၀,၀၀၀ ရောင်းချရန် ခန့်မှန်းထားပြီး Mercedes-Benz ကလည်း ၁၀၀,၀၀၀ ကျော်
ရောင်းရမည်ဟု ဆိုသည်။
0 ကွန်မန့်ရေးရန်:
Post a Comment