Thursday, October 24, 2013

ဟန်းဆက်များအား အွန်လိုင်းမှ အိမ်အရောက်ဝယ်ယူနိုင်မည့် အစီအစဉ်တစ်ရပ်ဆောင်ရွက်



ဟန်းဆက်များအား ဝက်ဘ်ဆိုက်နှင့် ဖေ့စ်ဘုတ်စာမျက်နှာသို့ ဝင်ရောက်ကာ အိမ်အရောက်ဝယ်ယူနိုင်မည့် အစီအစဉ်တစ်ရပ်ကို စတင်ဆောင်ရွက်လိုက်ကြောင်း သတင်းရရှိသည်။

iPhone, Samsung, Sonyနှင့် Huawei ဖုန်းများကို ဝက်ဘ်ဆိုက်မှတစ်ဆင့် ဝယ်ယူနိုင်ရန် OMS (Online Mobile Showroom) မှ ဆောင်ရွက်လိုက်ကြောင်း အဆိုပါ ဝက်ဘ်ဆိုက်မှ ကိုကျော်ရဲပိုင်ကပြောသည်။ “လောလောဆယ်မှာ ဖုန်းအမျိုးအစားလေးမျိုးကို ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ နောက်ပိုင်း တခြားအမှတ်တံဆိပ်တွေကိုပါ ဝယ်ယူနိုင်ောအင် တိုးချဲ့သွားမှာဖြစ်ပါတယ်” ဟု ကိုကျော်ရဲပိုင်ကပြောသည်။ ရန်ကုန်မြို့တွင်း မှာယူသူများအတွက် အိမ်အရောက်ပို့ဆောင်ပေးမည်ဖြစ်ပြီး ဝန်ဆောင်ခ တစ်စုံတစ်ရာပေးရန်မလိုကြောင်း သိရသည်။

နယ်မှ ဝယ်ယူလိုသူများအတွက် သက်ဆိုင်ရာ ကားဂိတ်အထိသွားရောက် ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။ “အိမ်ရောက်မှ ငွေချေပေးတဲ့စနစ်ဖြစ်တဲ့အတွက်ကြောင့် အိမ်ကိုပစ္စည်းလာပို့တဲ့အခါ မိမိဝယ်ယူထားတဲ့ပစ္စည်းဟုတ်မဟုတ် ကြည့်ရှုနိုင်ပြီး ကြိုက်နှစ်သက်မှ ငွေပေးချေရမှာဖြစ်ပါတယ်” ဟု ကိုကျော်ရဲပိုင်က ဆက်လက်ပြောကြားသည်။ ဟန်းဆက်များဝယ်ယူရာတွင် မိမိအသုံးပြုမည့် ငွေပမာဏနှင့် မိမိရယူလိုသော ဖုန်းအမျိုးအစားများကို အွန်လိုင်းမှ စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်သည်ဟု ဆိုသည်။ အိမ်တိုင်ရာရောက် အခမဲ့ဝန်ဆောင်မှုပေးနိုင်ခြင်းမှာ အွန်လိုင်းစနစ်ဖြစ်သောကြောင့် ဝန်ထမ်းအများအပြား ခန့်ထားရန်မလိုအပ်ခြင်း၊ ဆိုင်ခန်းငှားရမ်းခနှင့် စည်ပင်အခွန်ပေးဆောင်ရန် မလိုအပ်ခြင်းတို့ကြောင့် ဆောင်ရွက်ပေးနိုင်ခြင်းဖြစ်သည်ဟု ဆိုသည်။


www. facebook. com/onlinemobileshowroom နှင့် www.onlinemobileshowroom.omctc.com ဖုန်း- ၀၉-၄၉၆၅၈၄၄၄၊ ၀၉-၄၂၁၇၃၂၈၅၇ တွင် ဆက်သွယ်နိုင်ကြောင်းသိရသည်။ အဆိုပါ ဝက်ဘ်ဆိုက်တွင် ရောင်းချသောပစ္စည်းများမှာ ပင်ရင်းကုမ္ပဏီများမှ တိုက်ရိုက်မှာယူထားသည့် ပစ္စည်းများဖြစ်၍ ပုံမှန်ထက် ဈေးနှုန်းသက်သာခြင်းဖြစ်ကြောင်း၊ အဆိုပါ ဝက်ဘ်ဆိုက်ကို အောက်တိုဘာ ၁၆ ရက်မှ စတင်ကာ လွှင့်တင်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ထွန်းထွန်း
Ref : http://www.myanmarinternetjournal.com

0 ကွန်မန့်ရေးရန်:

Post a Comment