Sunday, June 29, 2014

ကာ/ချုပ်နှင့် တွေ့ဆုံလိုဟု အမျိုးသမီး အဖွဲ့ သုံးဖွဲ့ တောင်းဆို......................


Bookmark and Share [ ]


ရန်ကုန်၊ ဇွန် ၂၇

ပြည်တွင်းစစ် ဖြစ်ပွား နေသော ဒေသများတွင် လိင် အ
ကြမ်းဖက် မှုများ ရပ်တန့်နိုင်ရေး အတွက် တပ် မတော်
ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်
နှင့် တွေ့ဆုံဆွေးနွေးရန် မြန်မာအမျိုးသမီးများ ကိုယ်စား
ပြု အဖွဲ့ သုံးဖွဲ့က တောင်း ဆိုကြောင်း ကချင် အမျိုး သမီး
ငြိမ်းချမ်းရေးကွန်ရက်နှင့် ကျားမရေးရာတန်းတူညီမျှရေး
ကွန်ရက် အဖွဲ့ ဒါရိုက်တာ ဒေါ်မေ စပယ်ဖြူ က ပြောဆို
သည်။

ယင်း မြန်မာအမျိုးသမီးများ ကိုယ်စားပြုအဖွဲ့ သုံးဖွဲ့မှာ ဗြိ
တိန်နိုင်ငံ လန်ဒန်မြို့တွင် ကျင်းပသည့် စစ်ပွဲဒေသများ
အတွင်း လိင် အကြမ်းဖက်မှု ရပ်တန့်ရေး ညီလာခံ သို့
တက်ရောက်ခဲ့သည့် အဖွဲ့များဖြစ်သည်။

အစိုးရ သစ် လက်ထက်တွင် တိုက်ပွဲ အချို့ ဖြစ်ပွားနေသော ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်း ဒေ
သများ၊ ကရင်ပြည်နယ် တို့တွင် တပ်မတော် သားများ၏ လိင်အကြမ်းဖက် ခံရသူ အမျိုး သမီး အရေအတွက်
၁၀၀ကျော် ရှိနေသောကြောင့် ယင်းအကြမ်းဖက် မှုများ ရပ်တန့်ရန်နှင့် ဥပဒေနှင့် အညီ ပွင့်လင်းမြင်သာ အ
ရေးယူ ပေးရန် ကာကွယ်ရေး ဦးစီးချုပ်တွင် တာဝန် အပြည့်အဝ ရှိသောကြောင့် တွေ့ဆုံလိုခြင်း ဖြစ်ကြောင်း
၎င်းက ထပ်လောင်း ပြောကြားသည်။

“ကာ/ချုပ်နဲ့ တွေ့ခွင့် ရမယ် ဆိုရင်တော့ ကျွန်မတို့ အနေနဲ့ ပြောစရာ အချက် အလက် ဒေတာတွေ၊ အမှန်
တကယ် အဖြစ်အပျက်တွေ တင်ပြသွားမှာပါ” ဟု ၎င်းက ပြောဆိုသည်။

ကချင်အမျိုးသမီး ငြိမ်းချမ်းရေးကွန်ရက်၊ ကရင်အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ Action Aid ဖောင်ဒေး
ရှင်း တို့သည် ဇွန်လ ၂၇ ရက်နေ့တွင် ကျင်းပ ပြုလုပ် ခဲ့သည့် စစ်ဘေးသင့် ဒေသ များတွင် အမျိုး သမီးများ
အခွင့်အရေးချိုးဖောက်ခံရခြင်းဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် ယင်းသို့တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

ဇွန်လ ၁၀ ရက်မှ ၁၃ ရက်အထိ ဗြိတိန်နိုင်ငံ လန်ဒန်မြို့၌ ကျင်းပပြုလုပ်ခဲ့သော စစ်ဖြစ်ပွားရာ ဒေသများအ
တွင်း လိင်အကြမ်းဖက်မှု ပပျောက်ရေး ညီလာခံကို နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးသန့်ကျော်
တက်ရောက်ပြီး သဘောတူလက်မှတ် ရေးထိုးခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအ
ရ သိရှိရသည်။

The Voice Weekly မှကူးယူမျှဝေသည်။

0 ကွန်မန့်ရေးရန်:

Post a Comment