Thursday, June 26, 2014

NDFပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်အိမ် အဖောက်ခံရ .....................

ခင်မြတ်မြတ်ဝေ

အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF)မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်၏ အိမ်သို့ ဇွန်လ ၂၃ ရက် သန်းခေါင်းယံအချိန်က အဖောက်ခံရပြီး ပစ္စည်းအချို့ အခိုးခံလိုက်ရသည်ဟု ဒေါ်ခင်ဝိုင်းကြည်က မဇ္ဈိမကို အတည်ပြုပြောကြားသည်။

“ကံကောင်းတာက လွှတ်တော်ဝင်တဲ့ကဒ်တွေ၊ ပတ်စ်ပို့စ်တွေ၊ မှတ်ပုံတင်တွေ ပါတဲ့အိတ်ကို အိမ်ရှေ့မှာပြန်ထားခဲ့တယ်၊ သူ့စိတ်ထဲ ပိုက်ဆံပါတယ်ထင်လို့ ယူတာ မတွေ့တော့ ပြန်ထားခဲ့တယ်”ဟု ဒေါ်ခင်ဝိုင်းကြည်ကပြောသည်။

ဒေါ်ခင်ဝိုင်းကြည်၏ မြောက်ဒဂုံမြို့၊ ၄၆ရပ်ကွက်ရှိ အိမ်ဖောက်ခံရခြင်းကြောင့် ဆမ်းဆောင်းဟန်းဆက် မီနီတစ်လုံး၊ အိတ်တစ်လုံး အခိုးခံခဲ့ရပြီး အဆိုပါ ဖြစ်ရပ်နှင့်ပတ်သက်၍ ရဲစခန်းသို့ အမှုဖွင့် တိုင်ကြားထားခြင်းမရှိဟု ဒေါ်ခင်ဝိုင်းကြည်က ဆိုသည်။ လွှတ်တော်ကဒ်၊ ပတ်စ်ပို့နှင့် မှတ်ပုံတင်များပါသည့်အိမ် ပြန်တွေ့သည့်အတွက် အမှုမဖွင့်ခြင်းလည်း ဖြစ်သည်ဟု ဆိုသည်။

ဒေါ်ခင်ဝိုင်းကြည်သည် ဇွန်လ ပထမပတ်က အချိုးကျ ကိုယ်စားပြုစနစ် (ပီအာရ်စနစ်)ကို တင်သွင်းခဲ့ပြီးနောက် ၎င်းကို ခြိမ်းခြောက်မှုအချို့ ခံနေရသည်ဟုလည်း ဒေါ်ခင်ဝိုင်းကြည်က မဇ္ဈိမ၏ အင်တာဗျူးတစ်ခုတွင် ပြောခဲ့ဖူးသည်။

0 ကွန်မန့်ရေးရန်:

Post a Comment