Friday, December 21, 2012

GSM ဖုန်းလိုင်းများ မက်ဆေ့(ခ်ျ) ပေးပို့ ခြင်း ဝန်ဆောင်မှုများ ပြတ်တောက်နေ


 

GSM ဖုန်းလိုင်းများ မက်ဆေ့(ခ်ျ) ပေးပို့ခြင်း ဝန်ဆောင်မှုများ ပြတ်တောက်နေမြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၏ ဂျီအက်(စ်)အမ် မိုဘိုင်းဖုန်း လိုင်းများ အချင်းချင်း မက်ဆေ့(ခ်ျ) ပေးပို့သည့် ဝန်ဆောင်မှု များ ၁၈ ရက် နေ့လည်ပိုင်း အချိန်မှစတင်ကာ ယခုအချိန်ထိ ပြတ်တောက် နေကြောင်း အသုံးပြုသူများ ထံမှ သတင်းရရှိသည်။

 ထိုကဲ့သို့ မိုဘိုင်းဖုန်းလိုင်း များ၏ မက်ဆေ့(ခ်ျ)ပေးပို့ခြင်း ဝန်ဆောင်မှု ပြတ်တောက် ရာတွင် ဂျီအက်(စ်)အမ် ဖုန်းလိုင်းများ ဖြစ်သော ၀၉ ၄၂ ၊ ၀၉ ၄၀၊ ၀၉ ၄၄ ဖြင့်စသည့် ဖုန်းလိုင်း အများစုမှာ အထွက်မက်ဆေ့ခ်ျပေးပို့မရခြင်း၊ အခြားနံပါတ်မှ စာပေးပို့သော်လည်း အဝင်မက်ဆေ့ခ်ျလက်ခံရရှိမှုမရှိခြင်းများ ယခုအချိန်ထိဖြစ်ပေါ် လျက်ရှိသည်။
“မနေ့ညနေကမှသိလိုက်ရတယ်။ မက်ဆေ့ခ်ျအဝင်ရောအထွက်ရောမရဘူး။ တခြားသူကပို့လိုက်လည်း သူ့ဆီတော့စာအထွက်ပြသွားတယ်။ ဒီဘက်ကိုမရောက်လာဘူး” ဟု မက်ဆေ့ခ်ျပေးပို့ခြင်း ဝန်ဆောင်မှုပြတ်တောက်မှုနှင့်ကြုံတွေ့နေရသူ လူငယ်တစ်ဦးကပြောသည်။
ယင်းနေ့ နေ့လည်ခင်းကတည်းဖြစ်ပေါ်နေသော အဆိုပါ အကြောင်းအရာနှင့် ပတ်သတ်ပြီး မြန်မာ့ဆက်သွယ်ရေးသို့ ဆက်သွယ်ရေးမှ မိုဘိုင်းအင်ဂျင်နီယာချုပ်က “ ကျွန်တော်တောင်အခုမှသိပါတယ်။ မက်ဆေ့ခ်ျစင်တာက ဆာဗာချို့ယွင်းမှုကြောင့်ဖြစ်နိုင်ပါတယ်။ ချက်ချင်းပြင်ဆင်မှုတွေလုပ်ပေးပြီးအသုံးပြုသူတွေကိုအကြောင်း ပြန်ပေးပါမယ်” ဟု ပြောကြားသည်။
မြန်မာ့ဆက်သွယ်ရေး၏ မိုဘိုင်းဖုန်းနှင့်ပတ်သတ်သည့် ဝန်ဆောင်မှုများသည် မကြာခဏဆက်သွယ်မှုပြတ်တောက်ခြင်း၊ ဖုန်းဘေလ်များ မှားယွင်းဖြတ်မိခြင်းအစရှိသည့် ဆာဗာချို့ယွင်းမှုမျိုးမကြာခဏဖြစ်ပေါ်လျက် ရှိသည်ဟုသိရသည်။
7Day News

0 ကွန်မန့်ရေးရန်:

Post a Comment