Friday, December 21, 2012

“စမ်းချောင်းရဲစခန်း အချုပ်ခန်းအတွင်း သေကြောင်းကြံစည်မှု ဖြစ်ပွား”


ခိုးမှု၊မသင်္ကာမှုဖြင့် ဖမ်းဆီးခံထားရသူမှ အချုပ်ခန်းအတွင်း မိမိကိုယ်ကို သေကြောင်းကြံစည်မှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဒီဇင်ဘာ ၁၉ ရက်နေ့ ည (၇)နာရီခန့်က စမ်းချောင်းမြို့နယ် အတွင်း ရှိ နေအိမ်တစ်အိမ်တွင် 3K တံဆိပ်ပါ ဘက်ထရီအိုးကြီး တစ်လုံးအား ခိုးယူခဲ့ပြီး သံတံတားရပ်ကွက် အတွင်းရှိ ရွှေညီကို အမှတ်(၂) ပစ္စည်း အဟောင်း ရောင်းဝယ်ရေးဆိုင်တွင် သွားရောက်ရောင်းချခဲ့သူဟု မသင်္ကာမှုဖြင့် စမ်းချောင်းမြို့နယ်

သံတံတားရပ်ကွက်နေ မောင်ဇော်အား စမ်းချောင်းရဲစခန်းမှ ပ-၄၇၆/၁၂ ပုဒ်မ ၃၈၀/၅၄ ဖြင့် အမှုဖွင့် စစ်ဆေးခံခဲ့ရပြီးနောက် စမ်းချောင်း ရဲစခန်းအချုပ်ခန်းအတွင်း ချုပ်နှောင်ထားစဉှ် အချုပ်ခန်း သစ်သားတိုင်နှင့် ဦးခေါင်းအား ဆောင့်၍ မိမိကိုယ်ကို သေကြောင်းကြံစည်ခဲ့သဖြင့် ဦးခေါင်းထိပ်ပေါက်ပြဲ ဒဏ်ရာတစ်ချက် ရရှိခဲ့၍ ရန်ကုန်ဆေးရုံကြီးသို့ ရဲဆေးစာဖြင့် ပို့ဆောင်ကုသရသောကြောင့် စမ်းချောင်းရဲစခန်းက ပ-၄၇၇/၁၂ ပုဒ်မ ၃၀၉ ဖြင့် ပုဒ်မတစ်ခု ထပ်ဖွင့်ကာ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

from-Popular  Myanmar News  Journal

0 ကွန်မန့်ရေးရန်:

Post a Comment