Wednesday, December 5, 2012

“တောက်! တောက်!! တောက်!!!”


တောက်!!!
ကိုယ်လုံးပြည့်ပတ်တီး ဖြည်တောင် မဖြည်ရသေးဘူး
ှဗုံက လာလာမှန်တယ်။ ခွီး...)))
အ၀ိဇ္ဇာဘီလူး
မင်းမှာ စာသိ/ဥာဏ်သိမရှိ ငပိနံ့တထောင်းထောင်ထုတ်/ထ
နံလွန်းတယ်။

တောက်!!!
လူ။ လူ။ လူတဲ့။ ရှက်ဖို့ကောင်းပါတယ်။
တိရစ္ဆာန်ကျင့်၊ တိရစ္ဆာန်အကြံ၊ မကောင်းဆိုးဝါးကများ
ယုန်အရေခြုံထားရုံလောက်နဲ့ မြေးခွေးခန္ဓာ ပုံမလာဘူး။ ငတုံး။

တောက်!!!
တစ်လောကလုံးကို မျက်လှည့်ပြလို့ရမယ် ထင်သလား။
ပုစွန်ဦးနှောက်တွေကတော့ မင်းကို ထိုင်ရှိခိုးမှာပေါ့။
ဒီအတွက် အမြင့်ခုန် လက်မထောင်မပြနဲ့။
လင်းတကြီး
မင်းပြောင်နေတဲ့ဦးခေါင်း ပြားချပ်သွားအောင် လမ်းကြိတ်စက်
အခါ(၁၀၀) တက်ကြိတ်လိမ့်မယ်။ သိ။

တောက်!!!
မင်းအကုသိုလ် ကြာကြာ ရေငုပ်မနေပါဘူး။
“ဒုန်း...”
မင်းဝဋ်ကြီးကြီးပိ လျှာထွက်ဂန့်မှာ ကြိုမြင်ယောင်သေး
အခုတည်းက ငါတို့ အမျှကြိုဝေမယ်။
“ဟော... မင်းအခု သာဓုခေါ်ရမှာ နားစိမ်းနေတယ် မှတ်လား”
လူ့ပြိတ္တာ။

စေပိုင်ထွဋ်(ပုသိမ်)

0 ကွန်မန့်ရေးရန်:

Post a Comment