by Messenger News Journal on Tuesday, December 4, 2012 at 1:02am ·
ကမ္ဘာပေါ်မှာ မောင်မြတ်တို့ တိုင်းပြည်လောက် ထူးဆန်းတဲ့ တိုင်း
ပြည် နောက်ထပ် ရှိနိုင်ပါ့ဦးမလား။ သိပ်မရှိလောက်ဘူးနော်လို့ နိုင်ငံခြား
သားတချို့ကတောင် ပြောပါသတဲ့။ တချို့ကိစ္စဆို မြန်မာပြည်ကို စရောက်
ရောက်ခြင်းမှာပဲ သတိထားမိတာတဲ့။
မင်းတို့ ကားတွေမောင်းနေ၊ စီးနေပုံကအစ အရမ်း ထူးဆန်းတာ ပဲတဲ့။
မြန်မာနိုင်ငံဟာ လက်ယာကပ် မောင်း စနစ်ကျင့်သုံးတဲ့နိုင်ငံ၊ ဒီတော့
စတီယာရင်ကို လက်ဝဲ ဘက်မှာတပ် ထားတဲ့ ကားတွေနဲ့သာ ပိုမိုသင့်တော် ပါတယ်။ ဒါ
လူတိုင်းလို သိတယ်၊ ပထမဆုံး လာလည်တဲ့ နိုင်ငံခြား သားက စတီယာရင် ညာဘက်မှာ
လမ်းကိုလည်း ညာဘက်ခြမ်းကပဲ သုံးနေရတာ။
သတိထား မိသွားတဲ့ သူတွေ ထဲက တချို့က ဘာမှ မပြောပေမဲ့ တချို့ကတော့
ဧည့်လမ်းညွှန်ကို အကျိုး အကြောင်း မေးတတ်တယ်၊ ဧည့်လမ်း ညွှန်ကလည်း ဒီနေ့အထိ
မရှောင်သာ ဖြေရတော့တာပေါ့၊ ဂျပန်နိုင်ငံသုံး တစ်ပတ်ရစ်ကားတွေကိုသာ အများစု
တင်းသွင်းအသုံးပြုနေတဲ့ အကြောင်း ပေါ့။
များသောအားဖြင့် အနောက် နိုင်ငံသားတွေဟာ ဒီကိစ္စနဲ့ ပတ် သက်ရင်
နားလည်မှု ပေးတတ်ကြ ပါသတဲ့၊ ထွေထွေထူးထူးဘာမှ ထပ် မပြောတော့ဘူး၊ စီစဉ်ပေးတဲ့
ကားက သန့်ပြန့်နေရင် အဲကွန်းကောင်းရင် ကျေကျေနပ်နပ် စီးသွားကြတာ ပါပဲ တဲ့။
ခဏတစ်ဖြုတ် လာတဲ့သူတို့က ဘာမှမဖြစ်ပေမဲ့ မောင်မြတ်ကတော့
ရှည်ရှည်ဝေးဝေးတွေးမိတယ်။ ဒီအတိုင်း ဘယ်လောက်ကြာကြာ ဆက် စခန်း
သွားကြမှာလဲလို့၊ လမ်းစနစ်နဲ့ မကိုက် တဲ့ ကားတွေအများစု တင်သွင်း
အသုံးပြုနေကြတာကို ပြောတာပါ။ အန္တရာယ်တွေကတော့ များလှပါ တယ်။ အထူးသဖြင့်
ကျော်တက်မယ် ကြံရင် မျက်နှာချင်းဆိုင်က ကားလာ နေ မလာနေ
ချက်ချင်းမသိနိုင်တဲ့ အတွက် စိတ်မရှည်တဲ့ ယာဉ်မောင်းနဲ့ ဆိုရင်တော့
မတွေးရဲစရာပဲ။
လက်ရှိဖြစ်နေတဲ့ ယာဉ်တိုက်မှု တွေထဲမှာ အဲဒီအချက်ကြောင့် ဖြစ်ရတဲ့
ယာဉ်တိုက်မှုမျိုးက ရာခိုင်နှုန်းဘယ် လောက်များရှိလေမလဲ၊ ထုံးစံအတိုင်း
ဘယ်သူကမှလည်း သုတေသန လုပ် ထားမှာမဟုတ်။ နောက်ပြီးတော့ အဲဒီ လို လမ်းစနစ်နဲ့
မဆီလျော်တဲ့ တစ် ပတ်ရစ်တွေကိုတောင် အသစ်စက် စက် ဈေးပေးစီးနေရပြန်သေးတာ။
တလောက မြန်မာပြည်ကို ကား သွင်းနေတဲ့ လူလည်အာရှသား အိန္ဒိယ
ဖွားလုပ်ငန်းရှင်တစ်ယောက်နဲ့ အင်တာ ဗျူးအတိုလေး တီဗွီမှာ ကြည့်လိုက် ရတယ်။
Drive It အစီအစဉ်မှာပါ၊ မြန်မာတစ်ယောက်နဲ့ ဖက်စပ် လုပ် နေတဲ့
အဲဒီကိုလူလည်က ပြောပါ တယ်၊ သူဒီလုပ်ငန်း (ဂျပန်တစ်ပတ် ရစ် ကားဝယ်ရောင်း)
လုပ်လာတာ နှစ်တွေ ကြလှပြီတဲ့၊ အခု မြန်မာတွေ ကြောင့် လုပ်ငန်းက ပိုကောင်း
လာသ လို ဂျပန်တွေကတောင် အံ့သြနေ သတဲ့။
သူတို့ဆီမှာ ဒေါ်လာ ငါးထောင် ထက်မပိုတဲ့ တစ်ပတ်ရစ်ကားတွေကို
မြန်မာပြည်မှာ ဒေါ်လာနှစ်သောင်း၊ နှစ်သောင်းကျော်နဲ့ ဝယ်စီးကြတယ် ဆိုတာကို
အရမ်းအံ့သြတာတဲ့၊ ဘာလို့ ဒီအခြေအနေကို လက်ခံနေကြတာလဲ ဆိုတဲ့စကားမျိုး
ဆက်ပြောလိုက်သေး တယ်။ ဟုတ်သပါ့။ ဒေါ်လာနှစ်သောင်း ကျော်တတ်နိုင်မှတော့
အသစ်စက် စက်ပဲ ဝယ်စီးမှာပေါ့။ တော်တော် ထူးဆန်းတဲ့ မြန်မာတွေလို့ ဂျပန်တွေ
တွေးမှာပဲ။
ဒီအခြေအနေကို လက်ခံ/မခံ ဆိုတာတော့ မပြောနဲ့၊ ဒီလိုသွင်းခွင့်
ရပြီး ဒီလောက်ဈေးနဲ့ ဝယ်စီးခွင့် ရတာကိုပဲ မဟာလိုက်လျောမှုကြီး တစ်ရပ်ကို
ကျေးဇူးတင်နေရသေးတာ ဆိုရင် ဂျပန်တွေ ဘာပြောမလဲမသိ၊ အဲဒီလိုပါမစ်တွေ
မပေးခဲ့လို့ကတော့ အခုလောက်ဆို မြန်မာပြည်က ကား ဈေးဟာ အမေရိကန်မှာ
ကိုယ်ပိုင် လေယာဉ်ဝယ်စီးနိုင်တဲ့ ဈေးလောက် ထိ မြောက်တက်သွားနိုင်ခဲ့တာပါ။
အခု End User လက်ထဲရောက် ချိန် ကားဈေးကြီး နေသေးတယ် ဆိုတာ
အခွန်အခ စရိတ်စက အရပ် ရပ်ကြောင့်ဆိုတာ မြန်မာပြည်သူတိုင်း သိနေတဲ့ကိစ္စပါ၊
၉.၁၁.၂ဝ၁၂ အထိ ကိုပဲ သွင်းခွင့်ပေးခဲ့တဲ့ ကားစီးရေ တစ်သိန်းကျော်အတွက်
အကောက် ခွန်က စည်းကြပ်မှုတွေ ကျပ်သန်း ပေါင်း နှစ်သိန်းခွဲကျော် ရခဲ့ပြီးပါ
ပြီတဲ့၊ အကောက်ခွန်တောင် ဒီလောက် ရထားတယ်ဆိုတော့ အကောက်ခွန် နှုန်းထက်
ပိုမြင့်တဲ့ ကညနအခွန်ကော ဘယ်လောက်ထိ ရထားပြီးပြီလဲ ဆိုတာ
မှန်းကြည့်ရုံပေါ့။
တစ်ဖက်မှာတော့ မြန်မာပြည် ဟာ အာဆီယံမှာ ဂျီဒီပီမှာ အခွန်
ပါဝင်မှုအချိုး အနိမ့်ဆုံးနိုင်ငံ ဖြစ်နေ ပါတယ်။ ကုမ္ပဏီတွေ၊ စီးပွားရေး
လုပ်ငန်းတွေရဲ့ အခွန်ရှောင်မှုဟာ အလွန် ဆိုးရွားလှပါတယ်။ ရသင့်တဲ့သူတွေ ဆီက
အခွန်အခ ရသင့်သလောက် မရတဲ့ (သို့မဟုတ်) လုံးဝမရတာတွေ လည်း မရှိတဲ့အတွက်၊
အစိုးရဟာ အရင်က ပိတ်ပင်ထားတဲ့ ကားသွင်း ခွင့် ပြန်ဖွင့်ပေးရင်း အဲဒီကဏ္ဍကနေ
တစ်ဖက်လှည့်နဲ့ အခွန်လိုငွေ ဖြည့် တင်းနေရတဲ့သဘောလို့ မြင်နေရပါ တယ်။
ဒီလိုပဲ နောင် ဥပဒေသစ် ပြဋ္ဌာန်း ပြီးမှ တခြားသူတွေကိုပါ အော်
ပရေတာလုပ်ခွင့်ပေးမှာမို့ အခုထိ တော့ အစိုးရဌာနကပဲ ပြိုင်ဘက်မရှိ
အော်ပရေတာလုပ်နေပါ တယ်ဆိုတဲ့ ဖုန်းကိစ္စမျိုးမှာလည်း ဒီနေ့အထိ လျှော့
ပေးသင့်တဲ့ ဈေးမျိုး မလျှော့ပေးနိုင် သေးတဲ့ အကြောင်းရင်း တစ်စိတ်
တစ်ပိုင်းဟာလည်း ဒီသဘောတရား မျိုးကြောင့်ပဲလို့ နားလည်ရပါတယ်။
ခြုံကြည့်လိုက်တော့ အနှစ်နှစ် အလလက အခွန် ဆောင်ရမယ့်သူ တွေ
အခွန်ရှောင်ကြတာ၊ အခွန်လျှော့ ဆောင်ကြတာနဲ့ ကျန်တဲ့ ပြည်သူ တွေက မဆီမဆိုင်
အစိုးရဆီမှာ သွယ် ဝိုက်အခွန်တွေ တနင့်တပိုး ပေးဆောင် နေကြရသလို
ဖြစ်မနေပေဘူးလား။
စပ်ကူးမပ်ကူး ကာလမှာ ရန်ကုန်မြို့က ဓာတ်ဆီ ဆိုင်နေရာ
ကောင်းတွေကို ပုဂ္ဂလိကလက်ထဲ လွှဲပြောင်းပေးတော့ သက်သာတဲ့ နှုန်း
သတ်မှတ်ပေးခဲ့တယ်ဆိုတာမျိုး အများ ပြည်သူက အမှတ်မထင်လေးဘဲ ကြား လိုက်ရတယ်၊
ရှိစေတော့၊ မောင်မြတ် တို့လို လူတွေလက်ထဲ လာပေးတော့ ကော
အဲဒီသက်သာပါတယ်ဆိုတဲ့ ဈေးလည်း ပေးနိုင်မှာမှ မဟုတ်တာ၊ ဒီလိုနဲ့ ဆီဆိုင်တွေ
အပြိုင်းအရိုင်းဖွင့်၊ ကားတွေလည်း ဝင်လာနဲ့ အလုပ်တွေ ဖြစ်လာကြတာတောင်မှ
ကားတွေထဲ ဖြည့်ပေးတဲ့ ဆီက မပြည့်ဘူးဆိုတဲ့ ကျော်မကောင်းကြားမကောင်းကိစ္စမျိုး က ဖြစ်လာလိုက်သေးတယ်။
အဲဒီကိစ္စ ဂါလန်နဲ့ လီတာယူနစ် သတ်မှတ်ချက်နဲ့ ကွဲကွဲပြားပြား ဖြစ်
လာပြီးတော့မှ သိရပြန်တာက ကား တွေများလာသလောက် တရားဝင် သွင်းတဲ့ဆီပမာဏက
ကျသွားသတဲ့၊ အတော်ယုတ္တိမရှိတဲ့ကိစ္စ၊ ဟော အခု နောက်ဆုံးတော့ နာမည်ကြီး
ကုမ္ပဏီ အုပ်စုကြီးတစ်ခုက စက်သုံးဆီ တရား မဝင်တင်သွင်းလာတာ လက်ပူးလက်
ကြပ်မိသတဲ့။ မမိတာတွေက ဘယ် လောက်များမှန်းတော့ မသိဘူး၊ ဒီစက်သုံးဆီ
မှောင်ခိုသွင်းတာကြောင့် တင် အစိုးရဟာ အခွန်အခအနေနဲ့ တစ်နှစ် ကျပ်ဘီလီယံ
၆ဝ (ဒေါ်လာ သန်း ၇ဝ ကျော်) ဒီကဏ္ဍ တစ်ခု ထဲမှာ နစ်နာနေရတယ်ဆိုတော့ စဉ်း
စားကြည့်ကြပါတော့။
ဟိုအရင်ခေတ်ကဆိုရင်လည်း နိုင်ငံတကာဈေးကွက်မှာ အနည်းဆုံး
ဒေါ်လာငါးရာနဲ့ ရောင်းလို့ရတဲ့ သစ် လုံးမျိုးကို ဆယ်ဒေါ်လာနဲ့ ရခဲ့တယ်
ဆိုတာမျိုး ကာယကံရှင် ကိုယ်တိုင်က ထုတ်ဝန်ခံခဲ့တာမျိုး ကြားမိပါတယ်။
ရှင်းရှင်းပြောရရင် ဒါမျိုးဟာ မသမာ မှုသာ ဖြစ်နိုင်ခြေရှိပါတယ်။ အစိုးရ
ဌာနတိုင်းမှာ နိုင်ငံခြားကိုတင်ပို့ပြီး အက်ဖ် အီးရှာတဲ့ကိစ္စ ခဏထား ဌာန မှာ
အသုံးမလို/ပိုလျှံ/ခေတ် ကုန်ပစ္စည်း အဟောင်းအမြင်းတွေ လေလံပစ်ရင် တောင်
တိုင်းပြည်အတွက် မနစ်နာ အောင် သတ်မှတ်ထားတဲ့ လုပ်ထုံး လုပ်နည်းဆိုတာ အတိအကျ
ရှိပါ တယ်။
ကိုယ်လေလံပစ်မယ့် ပစ္စည်း မျိုးရဲ့ ပြင်ပပေါက်ဈေးကို အဖွဲ့နဲ့
အကျအနစုံစမ်းပြီးမှ ကြမ်းခင်းဈေး က ဘယ်လောက်ဆိုတာ သတ်မှတ် ရပါတယ်၊ ဒီတော့
ကိုယ့်နိုင်ငံကို ကျွန် ဖြစ်စေခဲ့တဲ့ ကိစ္စတွေထဲမှာ အကြောင်း တစ်ခု
ဖြစ်စေတဲ့ သစ်လုပ်ငန်း၊ လွတ် လပ်ရေးရပြီးကတည်းကလည်း နှစ် ပေါင်းများစွာ
နိုင်ငံခြားငွေရှာပေးခဲ့တဲ့ ဒီလုပ်ငန်း၊ ကျွမ်းကျင်သူတွေလည်း များပြားလှတဲ့
ဒီလုပ်ငန်းမှ ပြင်ပ ပေါက်ဈေးကို မသိဘဲ ဒီလောက်ထိ
ဈေးလျှော့ပေးခဲ့တယ်ဆိုတာ အတော် ယုတ္တိမဲ့တဲ့ကိစ္စပါ။
မြတ်တာက ထားလိုက်ပါဦး၊ အဲဒီလောက်မြတ်စွန်း ခဲ့တဲ့အတွက် အခွန်ကကော
ဘယ်လောက် ဆောင် ခဲ့သလဲ၊ ဘယ်သူမှမသိရဘူး။ အခု ကော အဲဒီလိုလူစားတွေ အခွန်
မှန်မှန်ကန်ကန် ဆောင်နေပါပြီလား၊ မှောင်ခိုဆီသင်္ဘောလို ကိစ္စမျိုးပဲ
ကျင့်ကြံနေကြဦးမယ် ဆိုရင်တော့ မဆိုင်တဲ့ သာမန်ပြည်သူတွေကပဲ
သွယ်ဝိုက်အခွန်တွေထမ်းလို့ ဒေါ်လာ ငါးထောင်တန် ကားဟောင်းကို နှစ်သောင်းခွဲ
ပေးသုံးနေရတဲ့ဘဝက မကျွတ်နိုင်ပါ။
ယုန်ထင်ကြောင်ထင် အဖြစ် မခံကြချင်ရင်လည်း တစ်နှစ် တစ်နှစ် ဘယ်ကဏ္ဍက
ဘယ်လောက်မြတ်ပြီး ဘယ်လောက် အခွန်ထမ်းနေကြတယ် ဆိုတာ မဟာကုမ္ပဏီကြီးတွေကအစ
စာရင်းထုတ်ပြန်ဖို့ လိုပါလိမ့်မယ်။ အိုဘားမားလာတုန်းက ပြောတဲ့အထဲ မှာ
ကုမ္ပဏီတွေကအစ အလုပ်လုပ်တဲ့ နေရာမှာ ပွင့်လင်းမြင်သာမှု မြင့်မြင့် မားမား
ရှိသင့်တယ်ဆိုတာ အကြောင်း မဲ့ မဟုတ်ပါ။ မတော်မတရား အခွင့် ကောင်းတွေယူ၊
စာရင်းတွေလိမ်၊ အခွန် အကြီးအကျယ် လျှော့ဆောင်ပြီး၊ နိုင်ငံတကာအဆင့်မီ
ကုမ္ပဏီအဖြစ် တော့ သတ်မှတ်ခံချင်တယ်၊ ကမ္ဘာ ကျော် ဂုဏ်သရေရှိ လူကုံထံစာရင်းထဲ
ပါချင်တယ်ဆိုတာမျိုးကတော့ ရယ် စရာ ကောင်းလှပါတယ်။
အများပြည်သူကတော့ စောစော က ပြောတဲ့ သွယ်ဝိုက်အခွန်တွေ
ထမ်းရတာကတစ်မျိုး၊ ခရိုနီတွေ အကျင့် ပျက် အပွကြံသူတွေ ဈေးကစားသူ တွေရဲ့
လက်ချက်တွေနဲ့ မြေဈေးတွေ ကမ္ဘာကသြချလောက်အောင် မြင့် တက်ကုန်တော့လည်း
မရှိမဲ့ရှိမဲ့ ကိုယ့် ပိုင်ဆိုင်မှုလေးပြုတ်မသွားအောင် အံခဲ ထားရတာက
တစ်မျိုးနဲ့ ခုထိလည်း ဘာ အခွင့်အလမ်းမှတော့ ဟုတ်တိ ပတ်တိ မမြင်ဘဲ
ဘာလုပ်လို့ ဘာကိုင် စားရမှန်းမသိ ဖြစ်နေကြရတုန်းပါပဲ။
လုပ်မိလုပ်ရာ လုပ်စားကြပြန် တော့လည်း တစ်ယောက်လုပ်တာပဲ
နောက်တစ်ယောက် လိုက်လုပ်မိကြ ရင်း အိမ် ၂ဝ လောက်ရှိတဲ့ လမ်းတို လေးထဲမှာ
ကုန်စုံဆိုင်က ၃ ဆိုင် ဖြစ်လိုဖြစ်၊ ရန်ကုန်မှာဆို သိန်း ၁၂ဝ လောက်နဲ့
တက္ကစီသန့်သန့် တစ်စီး ထောင်လို့ ရပြီဆိုပြီး ဝယ်ထောင်လိုက် ကြတာ
လမ်းပေါ်မှာ တက္ကစီတွေ ချည်းပဲ၊ တရုတ်ကားဖြစ်ပေမဲ့ အသစ် စက်စက်လည်းဖြစ်
အင်ဂျင်သေးပြီး ဆီစားလည်း သက်သာလို့ ဝင်ခါစမှာ သိန်း ၃ဝဝ လောက်နဲ့ အလုအယက်
ဖြစ်ခဲ့တဲ့ လေးမည်ရ ချယ်ရီ/ မြန်မာ မီနီ/ကြူကြူသင်း/ဝက်ပုတွေလည်း ခုတော့ ၈ဝ
လောက်နဲ့ ရမယ်ဆိုတာ တောင် သိပ်စိတ်မဝင်စားကြတော့၊ စာတတ်တဲ့
ငှားစီးသူတွေလည်း အရင် က ကားစုတ်တွေကြားထဲမှာ ချယ်ရီ လေးကိုမှ
ရွေးငှားခဲ့ကြပေမယ့် အခု တော့ မမြင်ချင်ယောင်ဆောင်လို့ နောက် မှပေါ်တဲ့
ရွှေကြာပင် Fit တို့ Vitz တို့ Demio တို့လို ဂျပန် ကားလေးတွေ ကိုမှ
လက်ပြထားကြတော့တာပေါ့။
ဂျပန်မှာ လက်သမား ခေါင်း ဆောင်လောက်စီးတဲ့ Probox လို
ကားမျိုးဟာလည်း တက္ကစီလုပ်လို့ ကောင်းတယ်ဆိုပြီး ရန်ကုန် လူလတ်
တန်းစားတချို့ရဲ့ ထမင်းရှင်တွေ ဖြစ်ကုန်ပြီ။ လမ်းတွေပိတ် ကားတွေ များနဲ့
အရင်လောက် ဆူလွယ် နပ် လွယ်ရှာဖွေရမလွယ် ဖြစ်နေတာက တော့
ဒီအလုပ်လုပ်မိသူတိုင်း ခံစားရ တဲ့ အာဝေနိက ဝေဒနာ။
လုပ်စားလို့ မလွယ်ရတဲ့ကြားထဲ ကျေးဇူးရှင်ကြီးများရဲ့ ကောင်းမှုနဲ့
အနှစ်နှစ်အလလ သူများဆီက ယူ ထားပြီး ပြန်မဆပ်နိုင်သေးတဲ့ တိုင်း ပြည်ရဲ့ြေ
ဒါနဲ့ စင်ကာပူမှာ အလုပ်လုပ်ပြီး ပြန်လာတဲ့သူ တော်တော်များများရဲ့
လက်ထဲမှာ အိုင်ဖုန်းတွေ တကိုင်ကိုင် နဲ့မို့ မေးကြည့်တော့ ဟိုမှာ
ဖုန်းသုံးဖို့ နှစ်နှစ်စာချုပ် ချုပ်ပြီး စင်ကာပူ ဒေါ်လာ ၄ဝဝ
ကျော်သွင်းလိုက်ရုံနဲ့ မြန်မာငွေ ၆ သိန်းကျော်တန်တဲ့ I Phone 16 Gb တစ်လုံး
ဆင်းမ် ကတ်အသင့်ထည့်ပြီး လက်ထဲ ရောက် လာပါလေရောတဲ့။ စသုံးတာနဲ့ Local Call
မိနစ် ၁၂ဝ နဲ့ SMS အစောင် ၆ဝဝ ပို့ခွင့် အလကားရသတဲ့၊ လစဉ် ကြေးက
စင်ကာပူဒေါ်လာ ၄ဝ လောက်တဲ့၊ အဲဒီလစဉ်ကြေးထဲမှာ အင်တာနက်အတွက် တစ်လ 2Gb (Mb
နှစ်ထောင်ကျော်) ဒေတာသုံးစွဲခွင့် လည်း ပါပြီးသားတဲ့။
သူတို့ပြောတာကြားတော့ နိုင်ငံ တကာအဆင့်ဆိုတာ ဒါမျိုးပဲဆိုပြီး
သွားရည်ကျခဲ့မိတာ၊ ဟော အခု ဒီမှာ လည်း မိုဘိုင်းဖုန်းနဲ့ အင်တာနက်
သုံးတာကို အချိန်နဲ့ တွက်မယူဘဲ နိုင်ငံတကာနည်းတူ Download Volume ပမာဏနဲ့
တွက်ယူတော့မတဲ့၊ အခြေခံဈေးနှုန်းက 100 Kb ကို နှစ် ကျပ်နှုန်း/1 Mb ကို
ကျပ်နှစ်ဆယ် နှုန်းတဲ့။
100 Kb ဆိုတာ ကွန်ပျူတာမှာ ဘာမှမရှိတဲ့ပမာဏမို့ ဓာတ်ပုံ ပေါက်
စနလေးတစ်ပုံ Save လုပ်လိုက်ရုံနဲ့ စက္ကန့်ပိုင်းအတွင်း နှစ်ကျပ်ကျတော့
မှာပါ။ အခုအသုံးများလှတဲ့ Facebook လို ဆိုရှယ်နက်ဝပ်မျိုး ဆိုရင် တော့
ပုံတွေကော စာတွေပါ ဖော်ပြ နေတဲ့အတွက် ဒေတာအသုံးပြုမှု တစ်မိနစ်ကို 1Mb
နှုန်းလောက်ရှိတာမို့ ကျပ် ၂ဝ နှုန်း ပေးရတော့မယ်လို့ တွက်ပြသူတွေ ရှိပါတယ်။
အဲဒီ တွက် ချက်မှုအမှန်ဆိုရင်တော့ ဖေ့စ်ဘုတ် သုံးသူတွေအတွက် နေရင်းထိုင်ရင်
အင်တာနက်သုံးခ ဆယ်ဆတတ်သလို ဖြစ် တော့မှာပါ။ တစ်နာရီ ကျပ် ၁၂ဝဝ
နှုန်းဖြစ်တော့မယ့် အခြေအနေ ပါ။ တခြားဝက်ဘ်ဆိုက်ဒ်တွေ ကြည့် ရင်လည်း
ဒီနှုန်းပဲဆိုရင်တော့ အင်တာ နက်ဆိုတာ များများမသုံးအပ်တဲ့ အရာ လို့
နောက်ပြန်လှမ်းတာမျိုး ဖြစ်နေ လေမလား တွေးစရာ။
ကွန်ပျူတာပစ္စည်းတွေရဲ့ Software တွေ၊ Driver တွေ Update
လုပ်ဖို့တောင် ခက်သွားပြီ၊ 100 Mb ကိုပဲ ကျပ်နှစ်ထောင်ကျတော့မှာလေ၊
Software က အလကား ရပေမယ့် Download ဆွဲခက ထောင်ချီပြီး ကုန် တော့မှာ။
ယာယီ သတ်မှတ်ချက်ဆိုတော့ လည်း အဆင်မပြေရင် ပြန်ပြင် ပေးလိမ့်မယ်
ထင်ပါတယ်။ ဒါပေမဲ့ နိုင်ငံတကာနည်းတူဆိုတဲ့ စကားလုံး မျိုး သုံးတာကတော့
နည်းနည်း အလှမ်းဝေးလွန်းလှပါတယ်။
ဒီလိုပဲလေ ထူးဆန်းတဲ့ တိုင်း ပြည်ဆိုတော့ တက်ချင် တဲ့ဟာမျိုးကျ
နိုင်ငံတကာအဆင့်မီဆိုပြီး ဝုန်းခနဲ ဒိုင်းခနဲ တက်၊ လျှော့စရာကိုတော့
ဖြည်းဖြည်းချင်း တစ်ဆင့်ချင်း ဆို တာမျိုး အများကြီး ကြုံခဲ့ရပြီးပါပြီ။
ဒီလိုနဲ့ ဒီမိုကရေစီ အရပ်သား အစိုးရဆိုတာကြီး နှစ်နှစ် သက်တမ်း
ပြည့်ချိန်မှာလည်း ဆက်သွယ်ရေးနဲ့ ပတ်သက်ရင် အလွန်ဆုံးဖြစ်လှ အငြင်း
ပွားစရာဥပဒေကြမ်းကြီး လွှတ်တော် တင်ပြီး ဆွေးနွေးကြ၊ ငြင်းခုန်ကြ
နောက်တော့လည်း အများစု မဲအရ ဆိုပြီး နည်းနည်းပါးပါးပဲပြင်ဆင် လို့
ဥပဒေအသစ်ကြီး အတည်ပြုဦးမှာ မြင်ယောင်မိပါသေး။
ပုဂ္ဂလိကသတင်းစာ မရှိသေး တဲ့၊ ပုဂ္ဂလိကစစ်စစ် ရုပ်မြင်သံကြား
ဌာနမရှိသေးတဲ့ ဒီမိုကရေစီ တိုင်း ပြည်ဆိုတော့ တကယ်အဆင့်မီတဲ့ ပုဂ္ဂလိက
ဖုန်းနဲ့ အင်တာနက် အော် ပရေတာတွေ လုပ်ခွင့်ရလာဖို့လည်း နှေးနေတယ်ဆို တာ
သူ့ဟာနဲ့သူတော့ ဟာမိုနီကိုဖြစ်လို့။ တကယ့်ကို ထူးဆန်းလှတဲ့ ဒီမိုကရေစီ
တိုင်းပြည် ကြီးပါဗျာ။
--
0 ကွန်မန့်ရေးရန်:
Post a Comment