Wednesday, December 5, 2012

ရတနာပုံတယ်လီပို့၏ ADSL အင်တာနက်နှုန်းထားများ လျှော့ချ


ရတနာပုံတယ်လီပို့၏ ADSL အင်တာနက်လိုင်း ကနဦးတပ်ဆင်ခများအား ဒီဇင်ဘာလ ၁ ရက်နေ့မှစ၍ နှုန်းထားများကို ပြောင်းလဲလျှော့ချ လိုက်ကြောင်း သတင်းရရှိပါသည်။ ထိုသို့လျှော့ချ ရာတွင် နှုန်းထားသစ်အရ ကနဦးတပ်ဆင်ခမှာ ကျပ်တစ်သိန်းဖြစ်ပြီး ယခင်က ကျပ်ငါးသိန်းရှိခဲ့သည်။


နှစ်စဉ်ကြေးမှာ ပုဂ္ဂလိကနှုန်းထားအတွက် 60 FEC မှာ အပြောင်းအလဲ မရှိဘဲ အစိုးရဌာနကြေး ကျပ်ခြောက်သောင်းပင် ဖြစ်သည်။ လျှော့ချလိုက်သော နှုန်းထားအရ လစဉ်ကြေးများမှာ ပုဂ္ဂလိက နှုန်းထားတွင် 256 Kbps မှာ 25 FEC, 512 Kbps မှာ 60 FEC နှင့် 1 Mbps မှာ 100 FEC၊ အစိုးရဌာနဆိုင်ရာနှုန်းထားတွင် 256 Kbps မှာ ကျပ်နှစ်သောင်း၊ 512 Kbps မှာကျပ် ငါးသောင်း၊ 1 Mbps မှာ ကျပ်ရှစ်သောင်းဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၅ ရက်နေ့ထုတ်
Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။
မူရင်းလင့်

0 ကွန်မန့်ရေးရန်:

Post a Comment