Wednesday, December 5, 2012

(၁၅၀၀)မေတ္တာလေးနဲ့


အချစ်ဆိုတာ
ပိုင်ဆိုင်ခြင်းနဲ့လည်းမဆိုင်ဘူး
သူရှိနေတယ်ဆိုတဲ့
အသိလေးနဲ့ကိုယ်ဘဝပြီးပြည့်စုံတဲ့
ခံစားချက်နဲပါပဲ……
အချစ်ဆိုတာတစ်ခါတရံမှာ
ပွင့်ဟဝန်ခံရတာထက်
မြိုသိပ်ခံစားရတာက
ပိုကောင်းမယ်ထင်ပါတယ်…..
အချစ်တဲ့လား
သိလာရတယ် ရင်ခုန်တယ်
ပျော်တယ် ကြည်နူးတယ်
ခံစားချက်တွေလည်း အများကြီး
ဆက်ရန်တွေလည်းရှိနေဦးမယ်
အချစ်ကိုသိမှ အချစ်ဆိုတာကို
ချစ်လာခဲ့ တကယ်တော့
အချစ်ဆိုတာ မပူပါဘူး
နွေးနွေးလေးနဲ့ အေးမြနေတာပါ……
(၁၅၀၀)မေတ္တာလေးနဲ့
နှိုင်းရှင်လိုက်တဲ့အချစ်ကို
ပူလောင်တယ် အေးမြတယ်ဆိုတာ
မေတ္တာသဘောတရားကို
နားလည်းတတ်တဲ့
သူတို့နဲ့သာ သက်ဆိုင်နေတယ်ဆိုတာ
အချစ်ရဲ့အေးမြခြင်းကို
ခံစားနိုင်ပါစေလို့
ဆုတောင်းပေးလိုက်ရင်
အချစ်တွေကိုနားလည်ပေးပါနော်……
(အမုန်းတော်ခံ)

0 ကွန်မန့်ရေးရန်:

Post a Comment