Wednesday, July 9, 2014

....((( ပြသဒါးဆူဆိုဒ် )))



နောက်ဆုံးပေါ်ရင်နာကမ္ဘာကဗျာတစ်ပုဒ်
ဘယ် ဘာသာစကားနဲ့မှ မယက်လုပ်တော့ဘူး
လေလွှာထဲမှာပဲ ငါရေးထွင်းထားတော့လိုက်မယ်
ထာဝရတည်မဲ့ ဒီဒဏ်ရာတွေ၊ ထာဝရတည်မဲ့ ဒီသိက္ခာသေ
ငါနဲ့ ငါ့ဘရာဇီးတွေ ကျဆုံးတဲ့ ကြမ္မာဝင်္ကဘာ
ဘော်လုံးထဲမှာ ဘာအရာတွေရှိလဲ
ဘော်လုံးထဲမှာ ဘာပညာတွေရှိလဲ
ဘော်လုံးထဲမှာ ဘာမှော်အခရာတွေရှိလဲ
ပိတ်လှောင်ခံ လေထုဟာ အသိရခက် အနက်နဲရှိုင်းဆုံးပဲလား
ဂုဏ်ယူထားတဲ့သစ္စာနဲ့ ငါကျေကွဲခဲ့တယ် ကမ္ဘာရေ
ရဲရဲ ပျော်ပျော်ကြီး သေတယ်ဟေ့။ ။

နေရဲခိုက်
၀၉-၀၇-၂၀၁၄

0 ကွန်မန့်ရေးရန်:

Post a Comment