Wednesday, July 9, 2014

ပန်းနာရင်ကျပ် ရောဂါအတွက် အိန္ဒိယရဲ့ ထူးထွေဆန်းပြား ရိုးရာကုသနည်း.................


Posted by: Ko Myo on Wednesday, July 09, 2014 Categories:
Health Updates Journal No. 124
ရိုးရာ ယုံကြည်မှုတွေနဲ့ ရောဂါတွေကို ကုသရာမှာ ဒေသတစ်ခုနဲ့ တစ်ခု မတူညီကြသလို တစ်နည်း မဟုတ်တစ်နည်း ဆန်းသစ် နေကြပါတယ်။ အဲဒီ လိုပါပဲ အိန္ဒိယလူမျိုး အများစုကတော့ သူတိုရဲ့ ရိုးရာ ကုသနည်းဖြစ်တဲ့ ငါးအရှင်ကို မျိုချရင် ပန်းနာ ရင်ကျပ် ပျောက်နိုင်မယ်လို့ ယုံကြည်ကြ ပါတယ်။
ယင်းကုသ နည်းကို The Bathini Goud မိသားစု က စတင်ခဲ့တာဖြစ်ပြီး ၎င်းတို့က ကုသနည်းကို ဟိန္ဒူသူတော်စင် တစ်ဦးထံမှ 1845 ခုနှစ်က စတင် ရရှိခဲ့တယ်လို့ သိရပါတယ်။ ကုသပုံကတော့ နှစ်လက်မ လောက်ရှိတဲ့ ငါးအရှင်ကို အ၀ါရောင် တိုင်းရင်းဆေးအနှစ်နဲ့ ရောပြီး မျိုချလိုက်တာပါပဲ။သူတို့အဆိုအရတော့ မျိုချ လိုက်တဲ့အခါမှာ ငါးက လည်ချောင်းတလျောက် ဆင်းသွားပြီး ပန်းနာရင်ကျပ်နဲ့ အခြားအဆုတ်ရောဂါတွေ အပြီးပျောက်ကင်း သွားတယ်လို့ ဆိုပါတယ်။ 
ဆရာဝန်တွေနဲ့ ခေတ်ပညာ တတ်တွေကတော့ သိပ္ပံနည်း မကျဘူး၊ သန့်ရှင်းမှုမရှိဘူး၊ ငါးအရှင် မမျိုချချင် လို့ ရုန်းကန်နေတဲ့ ကလေးတွေအတွက် မမျှတဘူးစသဖြင့် ဘယ်လိုပင် ပြောနေသော်လည်း ၊နှစ်စဉ် အိန္ဒိယတစ်ဝန်းက ရင်ကျပ်ဝေဒနာရှင် လူနာထောင်ပေါင်း များစွာက အိန္ဒိတောင်ပိုင်း မြို့တော် Hyderubad ကို မုတ်သုန်ရာသီ စ၀င်တဲ့ June လရဲ့ သတ်မှတ်ထား တဲ့နေ့မှာ လာရောက်ပြီး ဆေး ကုသမှု ခံယူကြပါတယ်။ လာရောက်တဲ့ လူတွေများတဲ့အတွက် အစိုးရ ကနေပြီး အထူးရထားများ စီစဉ်ပေးခြင်း၊ လူအုပ်ကို ထိန်းသိမ်းဖို့ ရဲတွေကို အချိန်ပိုတာဝန်ချခြင်း စတာ တွေလုပ် ထားရတယ်လို့ သိရပါတယ်။ ကုသမှုမှာ ငါးမျိုချပြီးနောက်ထပ် ၄၅ ရက်ထိ သတ်မှတ်ထားတဲ့ အစားအသောက်ကိုပဲ စားရတယ်လို့ ဆိုပါတယ်။ 

အပိန်လေး
ref; Medindia
-----------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

0 ကွန်မန့်ရေးရန်:

Post a Comment