Friday, December 14, 2012

( ( ( ၀ဋ်နာ ကံနာ ) ) )



ထိုင်နေခဲ့တယ် အလင်း ရဲ့ တစ်ဖက်

အမှောင် ကိုပဲတွယ်တာမိခဲ့တယ်။

ဘာတစ်ခုမှ မသိချင်ပဲ

အရာရာကို ဖောင်ခတ်ထားမိ

နေ၀င်လာရင်ပဲ အသိစိတ်က

ရင်ခုန် လှိုက်မောလာတယ်

စောင့်စားရင်း နဲ့ အသက်ရှင်ခဲ့

ညတွေ ညတွေ

အမှောင်ကမ္ဘာ မှာ

ဒဏ်ရာ ကို ဆေးကုရင်း

ငြီမ်းချမ်းမှု ရှာဖွေခဲ့

ထိုစဉ့့်

အလင်းတန်း တစ်ခု

အမှောင် ကို ကျောခိုင်းဖို့

လက်ယှက်ခေါ့်

အလင်းရောင် ကို မတိုးဝံတာ

ဝဋ်နာ ကံနာ တစ်ခုပဲတဲ့။

တာယာဂျလေဘီ

0 ကွန်မန့်ရေးရန်:

Post a Comment