Friday, December 14, 2012

အာဆီယံ-အိန္ဒိယ နယ်စပ် ဖြတ်ကျော် ကားမောင်းပွဲ မြန်မာရှစ်ဦး ပါဝင်



မန္တလေး၊ ဒီဇင်ဘာ ၁၃

အိန္ဒိယ နိုင်ငံနှင့် အာဆီယံ နိုင်ငံများကို ဖြတ်သန်း သွားလာနိုင်သည့် လမ်းကြောင်းတွင် ကျင်းပ သည့် ဒုတိယ အကြိမ် ကားမောင်းပွဲ (ASEAN – INDIA CAR RALLY 2012) တွင် မြန်မာနိုင်ငံက ရှစ်ဦး ပါဝင်ခဲ့ကြောင်း အိန္ဒိယ ကောင်စစ်ဝန်ရုံး ထံမှ သိရသည်။

အဆိုပါ ကားမောင်းပွဲတွင် စုစုပေါင်း ကား၃၁စီး မောင်းနှင်ခဲ့ပြီး မြန်မာနိုင်ငံသို့ ထိုင်းနိုင်ငံမှ တစ်ဆင့် မြဝတီမြို့သို့ ဒီဇင်ဘာလ ၁၁ ရက်တွင် ရောက်ရှိပြီး မန္တလေး မြို့တော်သို့ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် နေပြည်တော်မှ တစ်ဆင့် ရောက်ရှိလာကြောင်း အင်ဒိုနီးရှား နိုင်ငံမှ နိုဝင်ဘာ ၂၆ ရက်နေ့တွင် စတင် ထွက်ခွာလာပြီး စင်ကာပူ၊ မလေးရှား၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနိုင်ငံမှ ဖြတ်သန်း သွားပြီး အိန္ဒိယနိုင်ငံ ဂိုဟာတီမြို့သို့ ရောက်ရှိမည် ဖြစ်ကြောင်း အဆိုပါ ရုံးထံမှ သိရသည်။
“ဒီဇင်ဘာ ၁၄ ရက်နေ့ မနက် ၇ နာရီ ၃၀ မိနစ်မှာ မန္တလေး တောင်ဘက် ကျုံးလမ်း ကနေ ကလေး မြို့ကို စတင် ထွက်ခွာမှာပါ၊ ကလေး ကနေ တမူး နယ်စပ်က တစ်ဆင့် အိန္ဒိယ နိုင်ငံကို ဝင်မယ် ဟု ၄င်းက ဆိုသည်။

ယင်းကားမောင်း ပွဲတွင် မြန်မာနိုင်ငံမှ ရုပ်ရှင် သရုပ်ဆောင် အကယ်ဒမီ ဝေဠုကျော်၊ မေသဉ္စာဦး၊ ဆုပန်ထွာ၊ ကိုပေါက် တို့ ပါဝင်ခဲ့ကြောင်း အဆိုပါ တာဝန်ရှိသူက ပြောကြားသည်။
 
Kotoke Gyi shared Popular Journal's photo.
အာဆီယံ- အိန္ဒိယ ကားပြိုင်ပွဲ (၂၀၁၂) ပြိုင်ပွဲ မြန်မာ
 အသင်းမှ သရုပ်ဆောင်ဝေဠုကျော်

Photo - K0M
အာဆီယံ- အိန္ဒိယ ကားပြိုင်ပွဲ (၂၀၁၂) ပြိုင်ပွဲ မြန်မာ
အသင်းမှ သရုပ်ဆောင်ဝေဠုကျော်
 

0 ကွန်မန့်ရေးရန်:

Post a Comment