Friday, December 14, 2012

နည်းပြ ၀င်းဂါး နှင့် လက်ထောက် စတိဗ်ဘိုး တို့ အကြား စိတ်ဝမ်းကွဲပြားမှု ရှိလာနိုင်


အာဆင်နယ် အသင်း ကစားသမားများ အနေဖြင့် အသင်း၏ နည်းပြ ဖြစ်သူ အာစင်ဝင်းဂါး နှင့် လက်ထောက် နည်းပြ ဖြစ်သူ စတိဗိဘိုး တို့ အကြား လက်ရှိ ဖြစ်ပေါ် နေသော အခြေအနေ များကြောင့် စိတ်ဝမ်းကွဲမှု ဖြစ်ပေါ် လာနိုင်ခြင်းအား စိုးရိမ် နေရကြောင်း The Sun သတင်းစာမှ ဖော်ပြ သွားခဲ့သည်။
ယခုနှစ် နွေရာသီ ကာလအတွင်း တွင် အာစင်ဝင်းဂါး ၏ လက်ထောက်နည်းပြ အဖြစ် ကာလကြာရှည် တာဝန်ယူခဲ့သူ ပတ်ရိုက်စ် မှာ နည်းပြ ဘ၀မှ အနားယူ သွားခဲ့ပြီးနောက်တွင် အာဆင်နယ် အသင်း အနေဖြင့် ဘိုး အား ၀င်းဂါး ၏ လက်ထောက် နည်းပြ အဖြစ် တာဝန်ပေး ခန့်အပ် ခဲ့သည်။
ယခုနှစ်တွင် ရောက်ရှိ လာခဲ့သော ဘိုး မှာ ခံစစ် အားသန်သည့် နည်းပြ တစ်ဦး ဖြစ်ပြီး ဘောလုံး ရာသီ အစတွင် အာဆင်နယ် အသင်း မှာ လက်ထောက်နည်းပြ ဘိုး ၏ ခံစစ် နည်းစနစ်များကြောင့် ပေးဂိုး အနည်းငယ် သာ ခွင့်ပြု ခဲ့ရသည်။ သို့သော် နည်းပြ ၀င်းဂါး ၏ နည်းဗျူဟာမှာ ဘောလုံး ပိုင်ဆိုင်မှု အား အသားပေးလိုသည့် အတွက် ဘိုး ၏ ခံစစ် နည်းဗျူဟာ နှင့် မကိုက်ညီ ခဲ့ပဲ နောက်ပိုင်း ပွဲစဉ်များတွင် ရလဒ်များ ဆိုးရွား လာခဲ့ပြီးနောက် ၀င်းဂါး နှင့် ဘိုး တို့ အကြား စိတ်ဝမ်းကွဲ နိုင်သည် ဟူသော သတင်းများ အာဆင်နယ် အသင်း အတွင်းပိုင်းတွင် ထွက်ပေါ် လာခဲ့သည်။
ထွက်ပေါ်လာသော သတင်း အရင်း အမြစ် တစ်ခု၏ အဆိုအရ “အာဆင်နယ် အသင်းရဲ့ နည်းပြ နှစ်ဦး အကြား ဆက်ဆံရေး က အကောင်းစားကြီး မဟုတ်တာ အသေအချာပါပဲ။ လက်ရှိမှာ အာဆင်နယ် အသင်းသားတွေဟာ နည်းပြ ၀င်းဂါး ဘက်မှာ ရှိနေတယ် ဆိုပေမယ့် အသင်းရဲ့ နည်းပြ နှစ်ဦး အကြား စိတ်ဝမ်းကွဲမှုကိုတော့ မဖြစ်လိုပါဘူး။ ဘိုး ဟာ ခံစစ် ကို အားပြု ပြီး ကစားတဲ့ အခင်းအကျင်းကို သဘောကျ တာပါ။ ဒါပေမယ့် အာဆင်နယ် အသင်းဟာ အရင် ကထဲက ဘောလုံး ပိုင်ဆိုင်မှု အသားပေး ပြီး လှလှပပ ကစားတဲ့ ကစားဟန်ကို ကျင့်သုံး လာခဲ့တာပါ။ ဒါကြောင့်လည်း နည်းပြ ၂ ယေက် အကြား အခက်အခဲ တွေ ဖြစ်လာနိုင်ပါတယ်” ဟု သုံးသပ် ဖော်ပြ သွားခဲ့သည်။
Source:TheSun(myanmarstriker)-မှကူးယူဖော်ပြပါသည်

ဧဒင်ဥယျာဉ်တွင်ဘောလုံးဝါသနာရှင်မျာရှိပါကအားကစားကဏ္ဍတွင်ရေးသားနိုင်သည်
အရေအတွက်ပေါ်လေ့လာပြီးမည့်သည့်အသင်းကိုအဘယ်ကြောင့်ကြိုက်ရသည့်
အကြောင်း-ကိုယ်ပိုင်ဆောင်းပါများရေးသားနိုင်ပါကပြိုင်ပွဲများကျင်းပရန် စိစဉ်ထားပါသည်

0 ကွန်မန့်ရေးရန်:

Post a Comment