Friday, December 14, 2012

Web Design ပညာရပ်တွေကို လေ့လာသင်ယူနိုင်မယ့် အကောင်းဆုံး Tutorial Website ၁၀ ခု


          Web Design နဲ့ ပတ်သက်လို့ လေ့လာသင်ယူနိုင်တဲ့ ၀က်ဘ်ဆိုက်တွေ အွန်လိုင်းမှာ များစွာရှိနေပါတယ်။ အဆိုပါ ၀က်ဘ်ဆိုက်တွေကနေတစ်ဆင့် နိုင်ငံတကာမှာရှိတဲ့ Web Developer တွေဆီက ပညာရပ်တွေ မျှဝေရရှိနိုင်မှာဖြစ်သလို၊ မိမိရဲ့ ကျွမ်းကျင်မှု အရည်အသွေးကိုလည်း ဆန်းစစ်နိုင်မှာ ဖြစ်ပါတယ်။ ဒီလို Web Design Tutorial ၀က်ဘ်ဆိုက်တွေထဲက ထိပ်တန်း ၁၀ ခုတော့-
1. W3Schools
          W3Schools ကတော့ Web Design လောကရဲ့ ထိပ်တန်းဝက်ဘ်ဆိုက်တစ်ခု ဖြစ်ပါတယ်။ မသိသူ မရှိလောက်ဖြစ်တဲ့အထိ အောင်မြင်ပြီး၊ Web နဲ့ ပတ်သက်တဲ့ ပညာရပ်တွေကို ဆည်းပူးလေ့လာနိုင်မှာ ဖြစ်ပါတယ်။ Tutorial, Exam တွေ ပြည့်ပြည့်စုံစုံရှိပြီး Web Design ကို လေ့လာလိုသူများအတွက် အကောင်းဆုံး ၀က်ဘ်ဆိုက်တစ်ခုဖြစ်ပါတယ်။ ၀က်ဘ်ဆိုက်လိပ်စာကတော့ www.w3schools.com ပဲဖြစ်ပါတယ်။

2. Opera Web Standard Curriculum
          Opera ရဲ့ Developer Page တစ်ခုဖြစ်တဲ့ Opera Web Standard Curriculum ကတော့ ဒုတိယနေရာက အကောင်းဆုံး Learning Website  တစ်ခုအဖြစ် ရပ်တည်နေပါတယ်။ W3Schools နဲ့ပုံစံတူ ဆိုက်တစ်ခုဖြစ်ပြီး၊ Web Design နဲ့ ပတ်သက်တဲ့အခြေခံ အချက်အလက်တွေကို ပြည့်ပြည့်စုံစုံ လေ့လာနိုင်မှာ ဖြစ်ပါတယ်။ ၀က်ဘ်ဆိုက်လိပ်စာကတော့ http://dev.opera.com ပဲဖြစ်ပါတယ်။
3. Google Code University
          ဒီဝက်ဘ်ဆိုက်မှာတော့ HTML, CSS နဲ့ JavaScript တွေကို အခြေခံကစလို့ စနစ်တကျ လေ့လာသင်ယူနိုင်မယ့် နေရာတစ်ခုဖြစ်ပါတယ်။ အခြေခံ ၀က်ဘ်ဆိုက် တည်ဆောက်ခြင်းအပိုင်းကို Video Tutorial တွေနဲ့ လေ့လာနိုင်မှာဖြစ်ပြီး၊ Web Design ဘာသာရပ်ကို စတင်လေ့လာသူများနဲ့ အသင့်တော်ဆုံး ၀က်ဘ်ဆိုက်တစ်ခုဖြစ်ပါတယ်။ လိပ်စာကတော့ www.code.google.com ဖြစ်ပါတယ်။
4. Threehouse
          Threehouse ကတော့ Video Base ၀က်ဘ်ဆိုက်တစ်ခု ဖြစ်ပါတယ်။ လေ့လာနိုင်မယ့် ဘာသာရပ်တွေကတော့ HTML, JavaScript, iOS App တွေဖြစ်ပါတယ်။ ၀က်ဘ်ဆိုက်ရဲ့ အားသာချက်ကတော့ Interface အလွန်ရိုးရှင်းပါတယ်။ မိမိလေ့လာလိုတဲ့ အကြောင်းအရာတစ်ခုချင်းစီရဲ့ Video File တွေကိုရယူနိုင်မှာ ဖြစ်သလို၊ တိုက်ရိုက်လည်း ကြည့်ရှုလေ့လာနိုင်မှာ ဖြစ်ပါတယ်။ ၀က်ဘ်ဆိုက်လိပ်စာကတော့ www.teamtreehouse.com ဖြစ်ပါတယ်။
5. Lynda.com
          Lynda ဟာလည်း Treehouse ၀က်ဘ်ဆိုက်လိုမျိုး Video အခြေပြုသင်ကြားမှု ဌာနတစ်ခုဖြစ်ပါတယ်။ ဘာသာရပ်များစွာကို လေ့လာနိုင်မှာဖြစ်သလို Web Design နဲ့ပတ်သက်လို့လည်း ပြည့်စုံတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ Lynda ဟာဆိုရင် ၁၉၉၅ ခုနှစ်ကတည်းက ပေါ်ထွက်ခဲ့တဲ့ ၀က်ဘ်ဆိုက်တစ်ခုဖြစ်ပြီး၊ စာအုပ်၊ Video Tutorials အပါအ၀င် လေ့လာစရာ Data တွေ ပြည့်စုံတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ လိပ်စာကတော့ http://lynda.com ဖြစ်ပါတယ်။
6. Don't Fear the Internet
          နာမည်အလန်းစားနဲ့ ၀က်ဘ်ဆိုက်တစ်ခုဖြစ်ပါတယ်။ ဒီဇိုင်းတွေနဲ့ ပတ်သက်လို့တော့ ၀င်ရောက်လေ့လာသင့်တဲ့ ဆိုက်တစ်ခုဖြစ်ပြီး၊ တိုတောင်းတဲ့ Video Tutorial တွေကို လေ့လာနိုင်မှာဖြစ်ပါတယ်။ HTML နဲ့ CSS တွေအပြင် PHP နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုပါ လေ့လာနိုင်မှာ ဖြစ်ပါတယ်။ လိပ်စာကတော့ www.dontfeartheinternet.com ဖြစ်ပါတယ်။
7. Mozilla School of Webcraft
          Online Learning Community တစ်ခုဖြစ်တဲ့ Mozilla School of Webcraft ဟာဆိုရင်လည်း ထိပ်တန်းစာရင်းဝင် ၀က်ဘ်ဆိုက်တစ်ခုဖြစ်ပါတယ်။ Peer to Peer University ရဲ့ Online Learning Center တစ်ခုဖြစ်ပြီး၊ PHP, HTML, CSS အကြောင်းတွေကို လေ့လာသင်ကြားနိုင်မှာဖြစ်ပါတယ်။ မိမိရဲ့ ကျွမ်းကျင်မှု အရည်အသွေးကို ဆန်းစစ်နိုင်မှာလည်း ဖြစ်ပါတယ်။ လိပ်စာကတော့ www.p2pu.org ဖြစ်ပါတယ်။
8. Netmagazine
          Netmagazine ကတော့ HTML, CSS, JavaScript နဲ့ jQuery အကြောင်းတို့ကို လေ့လာနိုင်မှာဖြစ်ပါတယ်။ Web Design နဲ့ပတ်သက်လို့ အခြေခံကစပြီး Professional Level အထိ ဆက်လက်လေ့လာသွားနိုင်မယ့် ၀က်ဘ်ဆိုက်တစ်ခုလည်း ဖြစ်ပါတယ်။ လိပ်စာကတော့ www.netmagazine.com ဖြစ်ပါတယ်။
9. Smashing Magazine
          အကောင်းမွန်ဆုံးသော Web Design Resource များစုစည်းနေတဲ့ နေရာတစ်ခုဖြစ်တဲ့ Smashing Magazine ဟာလည်း ထိပ်တန်းစာရင်းဝင် ၀က်ဘ်ဆိုက်တစ်ခုဖြစ်ပါတယ်။ ဒီဝက်ဘ်ဆိုက်ကနေ Web Design နဲ့ ပတ်သက်တဲ့ Video Tutorials တွေ၊ အကြံပြုချက်တွေကို ရယူနိုင်မှာ ဖြစ်ပါတယ်။ အခြေခံအတွက်တော့ အကြောင်းအရာနည်းပါးပြီး Intermediate Level ကနေ Professional Level အထိလေ့လာနိုင်မှာဖြစ်ပါတယ်။ ၀က်ဘ်ဆိုက်ရဲ့ လိပ်စာကတော့ www.smashingmagazine.com ဖြစ်ပါတယ်။
10. Codeacademy
          နာမည်ကြီး ၀က်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Codeacademy ဟာလည်း Web Design နဲ့ ပတ်သက်တဲ့ ထိပ်တန်းဝက်ဘ်ဆိုက် ၁၀ ခုစာရင်းထဲမှာ ပါဝင်လာခဲ့ပါတယ်။ Code တွေနဲ့ ပတ်သက်လာရင် ပြီးပြည့်စုံတဲ့ ဆိုက်တစ်ခုအဖြစ် လူသိများပြီး၊ အွန်လိုင်း သင်ကြားမှုဆိုင်ရာ ဌာနတစ်ခုလည်းဖြစ်ပါတယ်။ လိပ်စာကတော့ www.codeacademy.com ဖြစ်ပါတယ်။
လေ့လာသင်ယူနိုင်မယ့် ၀က်ဘ်ဆိုက်လေးတွေကို ဂျူနိုလေး ဖတ်နေကျ အင်တာနက် ဂျာနယ်ထဲကနေပဲ ကူးယူပြီးဖော်ပြပေးလိုက်ပါတယ်.... လေ့လာသင်ယူဖို့ကတော့ သူငယ်ချင်းတို့ကိုယ်တိုင် လုပ်ဆောင်မှရမှာမို့ ..
ရနိုင်တဲ့အချိန်လေးမှာ ပျင်းရိမနေပဲ လေ့လာကြပါလို့ တိုက်တွန်းပါရစေနော်....

0 ကွန်မန့်ရေးရန်:

Post a Comment