Friday, December 14, 2012

ကြီးပွား ချမ်းသာခြင်း အကြောင်းတရားများ


၁။ ထထကြွကြွ ၀ီရိယရှိရခြင်း၊
၂။ စောင့်ရှောက်ရခြင်း၊
၃။ မိတ်ဆွေကောင်းရှိရခြင်း၊
၎။ အ၀င်အထွက် မျှရခြင်း၊


ဒီ၎ပါးနဲ့ပြည့်စုံရင် ဒီဘ၀မှာ စီးပွားချမ်းသာဖို့ရာ ဖြစ်တယ်။

၁။ ထထကြွကြွ ၀ီရိယရှိရမယ်ဆိုတာ စီးပွားရေးလုပ်ငန်းမှာ ကျွမ်းကျင်ရ တယ်၊ မပျင်းရဘူး၊ စူးစမ်းရတယ်၊ ကိုယ်တိုင် လုပ်နိုင်ရတယ်။ သူတစ်ပါးကို စီမံနိုင်ရတယ်။

၂။ တရားနဲ့အညီ ကြိုးကြိုးစားစား ရှာဖွေလို့ရရှိထားတဲ့ ပစ္စည်းဥစ္စာတွေကို မင်းဆိုး၊ သူခိုး၊ မီး၊ ရေ၊ အမွေခံ သားသမီးဆိုးတွေ မဖျက်စီးနိုင်အောင်
စောင့်ရှောက်ရတယ်။

၃။ မိမိနေရာ မြို့ရွာနိဂုံတွေမှာ သဒ္ဓါ၊ သီလ၊ ဒါန၊ ပညာနဲ့ ပြည့်စုံကြတဲ့ ကြီးကြီးငယ်ငယ် သူကြွယ်၊ သူကြွယ်သားတွေရှိမယ်၊ အဲဒီလူတွေနဲ့အတူ စကားပြောရတယ်၊ ဆွေးနွေးရတယ်၊ သူတို့လို သဒ္ဓါ၊ သီလ၊ ဒါန၊ ပညာ ရှိလာအောင် အတုလိုက်ကျင့်ရတယ်၊ အဲဒါဟာ မိတ်ဆွေကောင်းရှိတာပဲ။

၎။ စည်းစိမ်ဥစ္စာတွေရဲ့ အ၀င်အထွက်ကို သိပြီး အ၀င်အထွက် မများစေရ၊ ဥပမာ.....ချိန်ခွင်ချိန်သူဟာ ချိန်ခွင်ကို မြှောက်လိုက်ပြီး ချိန်ခွင်လျှာဟာ ဒီလောက် အောက်ကျတယ်။ ဒီလောက် အပေါ်တက်တယ်လို့ သိရသလိုပါပဲ။
ဝင်ငွေနည်းပြီး ကြီးကြီးကျယ်ကျယ် အသက်မွေးရင် (အသုံးများရင်) သဖန်းသီးစားသူလို စည်းစိမ်ဥစ္စာတွေကို သုံးစွဲတယ်လို့ ပြောတတ်ကြ တယ်၊ သဖန်းသီးတွေကို စားလိုသူဟာ အသီးတွေမှည့်နေတဲ့ သဖန်းပင်ကို လှုပ်လိုက်တဲ့အခါ တစ်ကြိမ်လှုပ်လိုက်အသီးတွေ အများကြီး ကြွေကျတယ်။ စားကောင်းမယ့် အသီးတွေကို စားတယ်။ ကျန်တဲ့အသီးတွေအများကြီးကို ထားခဲ့ပြီးသွားတယ်၊ အဲဒီလူလိုပဲ အ၀င်ထက်အထွက်များအောင် သုံးစွဲတယ် လို့ ဆိုလိုပါတယ်။ ၀င်ငွေများပြီး ဆင်းဆင်းရဲရဲ အသက်မွေးရင်ကိုးကွယ်
ရာမဲ့သူလို သေရလိမ့်မယ်လို့ပြောတတ်ကြတယ်။

၁။ မိန်းမ လိုက်စားတာ(ပွေတာ)၊
၂။ သေရည်၊ အရက်၊ မူးယစ်ဆေးဝါးသုံးစွဲတာ၊
၃။ အလောင်းအစား လုပ်တာ၊
၎။ မိတ်ဆွေညံနဲ့ ပေါင်းသင်းတာ၊

အဲဒီ၎ခုဟာ ပစ္စည်းဥစ္စာ ထွက်ပေါက် ၄ခုပဲ။ ဥပမာ .. . တစ်ဖက်တည်ကန်
ကြီးမှာ ထွက်ပေါက်က ၄ခု၊ ၀င်ပေါက်က ၄ခု ရှိတယ်။ ၀င်ပေါက်တွေ ကို ပိတ်ထားပြီး ထွက်ပေါက်တွေကို ဖွင့်ထားရင် မိုးကလည်း ကောင်းကောင်း မရွာရင် ရေကုန်သာ ကုန်သွားမယ်။ တိုးမလာနိုင်သလိုပါပဲ။

၁။ မိန်းမ မလိုက်စား၊
၂။ သေရည်၊ အရက်၊ မူးယစ်ဆေးဝါး မသုံးစွဲ၊
၃။ အလောင်းအစား မလုပ်၊
၎။ မိတ်ဆွေကောင်းနဲ့ ပေါင်းသင်းခြင်း၊

အဲဒီ ၄ခုဟာ ပစ္စည်းဥစ္စာ ၀င်ပေါက် ၄ခုပဲ။ ဥပမာ .......တစ်ဖက်ဆည်ကန် ကြီးမှာ ၀င်ပေါက်တွေကို ဖွင့်ထားပြီး ထွက်ပေါက်တွေကို ပိတ်ထားရင် မိုး ကလည်း ကောင်းကောင်းရွာရင် ရေဟာ တိုးဖို့သာ ရှိတယ်၊ လျော့သွားဖို့ မရှိသလိုပါပဲ။

ကောလိယရဲ့သား ဒီဃဇာဏုနဲ့ ဥဇ္ဇယပုဏ္ဏားတို့က ဘုရားရှင်အား တောင်း ပန်လျှောက်ထားလို့ ဘုရားရှင်က သူတို့အား အထက်ပါ စကားတွေ ကို ဟောကြားတော်မူခဲ့ပါတယ်။
တရားအသိတိုးပွား၍ ငြိမ်းအေးသောဘဝပိုင်ရှင်များဖြစ်ကြပါစေ...

0 ကွန်မန့်ရေးရန်:

Post a Comment