Wednesday, January 1, 2014

သီလရှင်ကို ခြိမ်းချောက်၍ သားမယား ပြုကျင့် ခဲ့သူ နှစ်ဦး ဖမ်းဆီး ရမိ.........................









သီလရှင် တစ်ပါးကို ဓါးထောက် ခြိမ်းချောက်၍ လူနှစ်ဦး တို့က သားမယား ပြုကျင့်မှု ဖြစ်ပွားပြီး ဒီဇင်ဘာ
(၉) ရက်နေ့က မကွေးမြို့မ ရဲစခန်း (ပ) ၂၄၂/ ၂၀၁၃၊ ပြစ်မှု ပုဒ်မ-၃၇၆/ ၅၀၆/ ၁၁၄ အမှုမှ ထွက်ပြေး
တိမ်းရှောင်နေသူ တရားခံ အမျိုးသားနှစ်ဦးအား ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

အဆိုပါတရားခံများအား ဖမ်းဆီးရမိရန် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး မှ ဒုရဲအုပ်နိုင်လင်းနှင့်အဖွဲ့၊ ခ
ရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ကြပ်ကြီး သန်းမြင့်ဇော်နှင့်အဖွဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲအုပ်မြင့်စိုးဦး မြို့မရဲစခန်း
မှ နယ်ထိန်းခေါင်းဆောင် သက်အောင်စိုးနှင့်အဖွဲ့၊ ညောင်ကန်နယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင်
ဒုရဲအုပ် ကျော်ငြိမ်းထွန်း အဖွဲ့တို့က ပူးပေါင်းဖမ်းဆီးခဲ့ကြောင်း၊ ဒီဇင်ဘာ(၂၈)ရက်၊ နေ့(၂)နာရီအချိန်တွင်
မကွေးမြို့နယ်၊ ညောင်ပင်သာကျေးရွာအနောက်ဘက် နဘူးခြုံအတွင်း၌ ပြစ်မူကျူးလွန်ခဲ့စဉ်က ကိုင်ဆိုင်ခဲ့
သော အရိုးငါးလက်မ၊ အသွားသုံးလက်မခွဲရှိ မောင်းပြန်ဓါးချွန် တစ်ချောင်းအား ကိုင်ဆောင်ထားသူ ခင်
မောင်ကြည် (၅၄)နှစ်၊ (ဖ) ဦးဘဟိန်း ၊ဗုဒ္ဓဘာသာ/ ဗမာ တည်ပင်ကံပေါက်ကျေးရွာ မကွေးမြို့နယ် အား
ဝိုင်းဝန်းဖမ်းဆီး ရမိကြောင်း သိရသည်။

အလားတူ ဒီဇင်ဘာ(၁၅)နေ့က တရားခံ ၀င်းနိုင် (၄၁)နှစ်၊ (ဖ) ဦးခင်မောင်ထွေး၊ ဗုဒ္ဓဘာသာ/ဗမာ၊ တည်
ပင်ကံပေါက်ကျေးရွာ မကွေးမြိုနယ်နေသူထိုင်အား ၎င်းရွာ၌ဖမ်းဆီးရမိခဲ့ကြောင်း ၎င်းတရားခံနှစ်ဦးကို ပြစ်
မှုကျူးလွန်ခြင်းနှင့်ပတ်သက်၍ အသေးစိတ်စစ်ဆေးပြီး ဆက်လက်ဆောင်ရွက်နေကြောင်း ရဲမှတ်တမ်းအရ
သတင်းရရှိသည်။

ဝိုင်းကြည်အောင်

BY THIT HTOO LWIN

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: သီလရှင်ကို ခြိမ်းချောက်၍ သားမယား ပြုကျင့် ခဲ့သူ နှစ်ဦး ဖမ်းဆီး ရမိ http://www.simon-vlog.com/2013/12/blog-post_8981.html#ixzz2p5TOtiyO
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook

0 ကွန်မန့်ရေးရန်:

Post a Comment