Saturday, May 26, 2012

မြန်မာနိုင်ငံ ဂျပန်၊ ကိုရီးယား၊ တရုတ် လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံလာပြီပြည်သူဘက်မှ ကျွမ်းကျင်လုပ်သားအဖြစ် ပြင်ဆင်ထားရန်သာ လိုအပ်ဟု MIC ဥက္ကဋ္ဌ ပြောကြား

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မတီ(MIC) တွင် ဂျပန်၊ ကိုရီးယားနှင့် တရုတ်လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံမှုများအတွက် လာရောက်ဆွေးနွေးနေကြောင်း MIC ဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောကြားခဲ့ပါသည်။
ရင်းနှီးမြှုပ်နှံမှုများအတွက် ဆွေးနွေးခြင်းဖြစ်ရာ မြှုပ်နှံမှုများနှင့်အတူ အလုပ်အကိုင်များပါရရှိလာ မည်ဖြစ်ကြောင်း၊ သို့သော်အများ ပြည်သူဘက်မှ ကျွမ်းကျင်လုပ်သားအဖြစ် အဆင်သင့်လုပ်ထားရန် လိုအပ်သည်ဟုလည်း ပြောကြားခဲ့ပါသည်။
နေပြည်တော်တွင် အောက်တို ဘာလ ၂၆ ရက်နေ့က ကျင်းပသည့် မီဒီယာများနှင့်တွေ့ဆုံပွဲတွင် အမှတ် (၁)၊ (၂)စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မတီ(MIC) ဥက္ကဋ္ဌ ဦးစိုးသိန်းက ''အခု MIC မှာ ဂျပန်၊ ကိုရီးယား၊ တရုတ်နိုင်ငံတွေကနေ လာပြီး ဆွေးနွေးနေတယ်။ ရင်းနှီးမြှုပ်နှံမှုတွေကတော့ ၀င်လာမှာပါပဲ။ ရင်းနှီးမြှုပ်နှံမှုတွေဝင်လာရင် အလုပ်အကိုင် အများကြီးရှိလာမှာ။ ပြည်သူတွေဘက်ကပဲ Skill Full ဖြစ်ဖို့ အဆင်သင့်လုပ်ထားပါ။ ဘိလပ်မြေစက်ရုံတွေလည်း သတ်မှတ်ချက်နဲ့ညီရင် ထောင်ခွင့်ပေးမယ်။ သတ်မှတ်ချက် ဆိုတာ ဘိလပ်မြေစက်ရုံထောင်ချင်တဲ့သူတွေဆို လောင်စာကဘာကို သုံးမှာလဲ လောင်စာကိစ္စ ပြေလည်မှာလား။ နောက် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်တဲ့အထိ တစ်နေရာတည်းမှာ စက်ရုံတွေအများကြီး ထောင်ခွင့်မပေးဘူး။ ဒါတွေနဲ့ညီရင် ထောင်ခွင့်ပေးတယ်။ ဥပမာ ကျောက်ဆည်တစ်နေရာတည်းမှာ ခြောက်ရုံ ရှိတယ်။ သဘာဝပတ်ဝန်းကျင် ပျက်စီးမှာစိုးလို့ လုပ်ခွင့်ထပ်မပေးတော့ဘူး။ နောက် အသေးစား အလတ်စားလုပ်ငန်းတွေအတွက်လည်း  ပြည်ပကို ဖိတ်ခေါ်ထားတာရှိတယ်'' ဟု ပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုအချို့ကြောင့် ယခင်က မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် သံသယရှိခဲ့သော နိုင်ငံအချို့ပင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် လာရောက်ဆွေးနွေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်းလည်း ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ် ငန်းရှင်များအသင်းချုပ် (RUMFCCI) မှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။
''မြန်မာနိုင်ငံမှာ အပြောင်းအလဲတချို့ ဖြစ်ပေါ်လာတာ၊ တချို့အပိုင်းတွေ ခိုင်မာတယ်လို့ ယုံကြည်လာတာကြောင့် ဂျပန်လိုနိုင်ငံတောင် မြန်မာမှာမြှုပ်နှံဖို့ ပြန်ဆွေးနွေးလာပြီ။ အခုအများဆုံး လာဆွေးနွေးတာက ကိုရီးယားပါ'' ဟု ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
''အခုနောက်ပိုင်းမှာ ပြည်ပနိုင်ငံ တော်တော်များများက မြန်မာနိုင်ငံမှာ စီးပွားရေးလာလုပ်ဖို့အတွက် စိတ်ဝင်စားပြီး လာရောက်ဆွေးနွေးကြတာ များပါတယ်။ အသင်းချုပ်အနေနဲ့ကတော့ မြန်မာနိုင်ငံမှာ လုပ်နိုင်ကိုင်နိုင်တဲ့ အချက်တွေရှိပါတယ်။ လာလုပ်နိုင်အောင်လည်း လိုအပ်တဲ့ဥပဒေတွေနဲ့ စည်းမျဉ်းစည်းကမ်းတွေကို ရေးဆွဲထားတယ်ဆိုတဲ့အကြောင်းတွေကို ရှင်းပြရတာပေါ့။ လာဆွေးနွေးတဲ့နိုင်ငံတွေထဲမှာ အရင်ကတည်းက မြန်မာနိုင်ငံကိုသံသယရှိတဲ့ နိုင်ငံတွေလည်း ပါလာတယ်။  မြန်မာနိုင်ငံအနေနဲ့ကတော့ ပြည်ပနိုင်ငံတွေက ရင်းနှီး မြှုပ်နှံမှုတွေ အလုံးအရင်းနဲ့ ၀င်လာဖို့အတွက် လိုအပ်တဲ့ ပြင်ဆင်မှုအားလုံးကို လုပ်နေပါပြီလို့ ပြောချင်ပါတယ်''ဟု ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်မောင်မောင်လေးက ပြောပြခဲ့သည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်သည့် ထိပ်ဆုံးနိုင်ငံများ
(အမေရိကန်ဒေါ်လာ၊ သန်း)
 စဉ်  နိုင်ငံအမည် ပမာဏ (၃၁-၁-၂၀၁၁) ပမာဏ (၃၀-၄-၂၀၁၁) ပမာဏ (၃၁-၈-၂၀၁၁)
၁။ တရုတ် ၉၆၀၃ .၁၆၈ ၉၆၀၃ .၁၆၈ ၉၆၀၃ .၁၆၈
၂။ ထိုင်း ၉၅၆၈ .၀၉၃ ၉၅၆၈ .၀၉၃ ၅၆၈ .၀၉၃
၃။ ဟောင်ကောင် ၅၉၀၇ .၉၁၈ ၆၃၀၈ .၄၉၅ ၆၃၀၈ .၄၉၅
၎။ ကိုရီးယား ၂၉၀၄ .၁၀၆ ၂၉၃၀ .၂၁၇ ၂၉၃၅ .၀၁၇
၅။ ဗြိတိန် ၂၆၅၉ .၉၅၄ ၂၆၅၉ .၉၅၄ ၂၆၅၉ .၉၅၄
၆။ စင်ကာပူ ၁၇၇၈ .၅၄၃ ၁၈၁၈ .၆၁၃ ၁၈၁၈ .၆၁၃
၇။ မလေးရှား ၈၉၈ .၃၄၇ ၉၇၅ .၀၉၇ ၉၇၅ .၀၉၇
၈။ ပြင်သစ် ၄၆၉ .၀၀၀ ၄၆၉ .၀၀၀ ၄၆၉ .၀၀၀
၉။ အမေရိကန် ၂၄၃ .၅၆၅ ၂၄၃ .၅၆၅ ၂၄၃ .၅၆၅
၁၀။ အင်ဒိုနီးရှား ၂၄၁ .၄၉၇ ၂၄၁ .၄၉၇ ၂၄၁ .၄၉၇
၁၁။ နယ်သာလန် ၂၃၈ .၈၃၅ ၂၃၈ .၈၃၅ ၂၃၈ .၈၃၅
၁၂။ ဂျပန် ၂၀၄ .၇၆၂ ၂၁၁ .၉၀၂ ၂၁၁ .၉၀၂


နိုင်ငံအတွင်း ကျွမ်းကျင်လုပ်သားတွေရဲ့ အခြေခံ တစ်ရက် လုပ်ခ အခြေခံ လစာ .. အချိန်ပို တစ်နာရီလုပ်အားခ ... တလ နားရက် တနှစ် နားရက် ..တစ်နှစ်ကို ပေးရမဲ့ ဘောနပ်.. စတဲ့စတဲ့ အလုပ် သမား များအတွက် အခြေခံ ဥပဒေ (Labour Law ) မထွက် သေး ဘူးလို့ ထင်ပါတယ်...

အခြားနိုင်ငံမှာဆိုရင် သူတို့ လူမျိုးလုပ်အားခကို မြင့်ထားပြီး နိုင်ငံ ခြားသား လုပ်အားခကို နှိမ့်ချထားပါတယ်..ပြီးတော့ နိုင်ငံခြား ရင်နှီးမြုတ်နှံမှုတွေဆိုရင် ပြည်တွင်းက လုပ်သားအင်အား ဘယ် လောက် ခန့် ရမလဲ ဆိုတာလဲ ပြဌာန်းထားပါတယ်..

မြန်မာပြည်ရဲ့  အရင် အလုပ်သမား ဥပဒေကတော့ မြန်မာ အလုပ်သမားတွေကို နှိမ့်ချထားတာသိပါတယ်.မြန်မာအလုပ် သမား တစ် ယောက် သေတယ်ဆိုလို့ ရှိရင် လျော်ကြေးငွေကို နှိမ့်ချ ထား ပါ တယ်...လျော်ကြေးငွေများများပေးရရင် နိုင်ငံ ခြားလုပ် ငန်းရှင် တွေ လုပ်ငန်း လာမလုပ်မှာစိုးလို့ ပါ တဲ့ ..

တိုင်းပြည်က အလုပ်သမားတွေကို နှိမ့်ချတဲ့ အလုပ်သမား ဥပဒေ လို မတရားဥပဒေတွေကို ဖျက်ပြီး အလုပ်သမား အခွင့်အရေး တွေ ကို အပြည်အ၀ ကာကွယ်ပေးတဲ့ ဥပဒေတွေပြဌာန်းပြီး မှသာ နိုင်ငံခြားလုပ်ငန်းတွေကို တိုင်းပြည်အတွင်း လာရောက်လုပ်ကိုင် ဖို့ လက်သင့်ခံမယ်ဆိုရင် အလုပ်သမားတွေ အတွက် ပိုမိုပြီး ကောင်း မွန်မယ်လို့  အကြံပြုလိုက်ပါရစေ ....
MIC ဥက္ကဋ္ဌ နှင့် ပုလင်းတူ ဘူးဆို့ များ သိသာစေရန်
 ( နိုင်ငံတကာ = တရုတ် မြောက်ကိုရီးယား) က လာပီး ရင်းနှီးမြုတ်နှံ မယ် ဆို တာ ကောင်းပါတယ်။
** ပီးတော့ ဗမာပြေ ဌာနေတွေ အလုပ်အကိုင် ရရှိခွင့် (Right to Employed) မဆုံးရှုံးပါစေနဲ့။
** အဲဒီ ရင်းနှီးမြုတ်နှံ မယ် ဆိုတဲ့ အကောင်တွေ( အဖြူ၊ အနီ၊ အ၀ါ၊ အမဲ အားလုံး) နဲ့ ပါလာမဲ့ ကျွမ်းကျင်လုပ်သားတွေ ဆိုတဲ့ နလဘိန်းတုံးတွေကို ၂ လ ထက် ပိုပီး Stay Permit မပေးနဲ့။
** သူ တို့ဆီက ပါလာမဲ့ ကျွမ်းကျင်လုပ်သားတွေ နဲ့ မှ အလုပ်ဖြစ်ရပါလိမ့်မယ် ဆိုတဲ့ ဘယ် ရင်းနှီးမြုတ်နှံမှု အရေခြုံ သူခိုးတွေ ကိုမှ မြန်မာ့ မြေ ကိုမနင်းစေနဲ့
** လာပီး ရင်းနှီးမြုတ်နှံမဲ့ ဘယ် နိုင်ငံ ဘယ် အဖွဲ့ ဘယ် ကုမ္ပဏီ ဘဲ ဖြစ်ဖြစ် ထိပ်တန်း ပညာရှင် အဆင့် ကနေ အောက်ခြေ ချီးပုံး ထမ်းတဲ့ အဆင့် အထိ အရာရှိ၊ အရာခံ၊ ၀န်ထမ်း၊ အလုပ်သမား တွေထဲမှာ ဌာနေ မြန်မာ တိုင်းရင်းသား ၉၆ ရာခိုင်နှုံး ပါရမယ်လို့ ပြဌာန်းပါ။
** မြန်မာတွေ ဘာမှ မတတ်လို့ အလုပ်မဖြစ်ဘူးဆိုတဲ့ ဆင်ခြေ မပေးနဲ့
** မြန်မာတွေ ဘာမှ မတတ်အောင်၊ 'န' အောင်၊ ဖျင်း အောင်၊ မျက်နှာမွဲ အောင် လုပ်တာ ဘယ်သူလဲ တာ စဉ်းစား ပီးမှ အဲဒီ ဆင်ခြေကိုပေး။
**မြန်မာတွေပညာ ပြန်တတ်လာအောင်၊ ပြန်ပီး လူစဉ် မှီလာစေမဲ့ အစီအစဉ် မပါရင် ဘယ် ရင်းနှီးမြုတ်နှံ မှု မှ မလာခဲ့ နဲ့။
** ရတယ်။
** ကိုယ့် ရှိတဲ့ မြေကြီး ကိုယ့်ဟာကိုယ် တူးစားမယ်။

0 ကွန်မန့်ရေးရန်:

Post a Comment