Saturday, May 26, 2012

ဘရာဇီးမှ ခေါင်းနှစ်လုံးကလေးငယ်ဟု ထင်ရှားသော အမြွှာကို ခွဲစိတ်ရန်မဖြစ်နိုင်ဟု ဆရာဝန်များဆုံးဖြတ်

AddThis Social Bookmark Button
w84_15
ဂျီးဆပ်နှင့် အီမန်နျူယယ်
ဘရာဇီးမှ ခေါင်းနှစ်လုံးကလေးငယ်ဟု ထင်ရှားသော ခန္ဓာကိုယ်တစ်ခုတည်းသာရှိပြီး ခေါင်းနှစ်လုံးရှိနေသော အမြွှာကို လတ်တလောတွင် ခွဲခြားရန်မှာ မဖြစ်နိုင်ကြောင်း ဘရာဇီးဆရာဝန်များက ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ဆုံးဖြတ်ခဲ့ကြသည်။
ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ဖွားမြင်ခဲ့သော ဂျီးဆပ်စ်နှင့်အီမန်နျူယယ် ဟု ထင်ရှားသည့် အမြွှာနှစ်ဦးမှာ သီးခြားဦးနှောက်နှင့် ကျောရိုးမကြီးများ ပါရှိသော်လည်း ခန္ဓာကိုယ်နှင့် ကိုယ်တွင်းအင်္ဂါအများစုမှာ တစ်ဦးစာသာ ပါရှိခြင်းကြောင့် အမြွှာဟု ဆိုသော်လည်း လူတစ်ဦးတည်းလည်း ဖြစ်နေခဲ့သည်။
လက်ရှိအချိန်တွင် ဦးနှောက်နှစ်ခုစလုံးမှာ ပုံမှန်အလုပ်လုပ်နေပြီး ကျန်းမာနေသော်လည်း ခွဲထုတ်ပစ်ရန်မှာ ရုပ်ပိုင်းအခြေအနေရသာမက ကျင့်ဝတ်ပိုင်းအရပါမဖြစ်နိုင်သည့် ကိစ္စဖြစ်သည်ဟု ဆရာဝန်များက ဆုံးဖြတ် ခဲ့ကြသည်။
ပဋိသန္ဓေရှိစဉ်က ဆဲလ်ကွဲပွားမှုတွင် နှောင့်နှေးမှုဖြစ်ပေါ်ခဲ့သောကြောင့် ယခုကဲ့သို့ ထူးခြားသည့်အခြေအနေမျိုး ဖြစ်ခဲ့ရခြင်းဖြစ်သည်ဟု ဘရာဇီးနိုင်ငံမြောက်ပိုင်း ဘယ်လမ်မြို့ရှိ ဆန်တာကာ ဆာဒီမီဆာရီ ကော်ဒီးယား ဆေးရုံက ထုတ်ပြန်ခဲ့သည်။
''နားလည်ရမှာက ကလေးတစ်ယောက်တည်းမှာ ခေါင်းနှစ်လုံးရှိနေတာမဟုတ်ဘဲ ကလေးနှစ်ယောက်ဆိုတာပါပဲ''ဟု ဆေးရုံမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာနယ်လာဒါဟာက ပြောကြားခဲ့သည်။ ၁၉၉၀ ပြည့်နှစ်ကလည်း အမေရိကန်နိုင်ငံတွင် ယင်းသို့သော အမြွှာမျိုး မွေးဖွားခဲ့ဖူးသည်။ အဘေးနှင့်ဟန်ဆယ်ဟု အမည်ရသော အမြွှာနှစ်ဦးမှာ မိန်းကလေးခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး မင်နီဆိုးတားပြည်နယ်တွင် သာမန်အတိုင်းဘ၀ကို ဖြတ်သန်းခဲ့ကာ ၂၀၀၈ ခုနှစ်ကပင် မှတ်တမ်းရုပ်ရှင်တစ်ခုတွင် ပါဝင်ခဲ့ဖူးသည်။ ဂျီးဆပ်စ်နှင့် အီမန်နျူယယ်မှာ ခန္ဓာကိုယ်အရ ယောက်ျားလေးဟု ဆိုနိုင်သည်။

0 ကွန်မန့်ရေးရန်:

Post a Comment