Friday, April 19, 2013

ဘော်စတွန် ဗုံးခွဲမှု သံသယရှိသူ တဦး လွတ်မြောက်နေပြီး၊ တဦးသေဆုံး

Kaung Myat shared Mizzima - News in Burmese's status update.


CNN | သောကြာနေ့၊ ဧပြီလ ၁၉ ရက် ၂၀၁၃ ခုနှစ် ၁၇ နာရီ ၂၇ မိနစ်

လူသုံးဦး သေဆုံးခဲ့သော ဧပြီလ ၅ ရက်နေ့က ဘော်စတွန် မာရသွန် ဗုံးပေါက်ကွဲမှု ပြုလုပ်ခဲ့သူများသည် ဗုံးခွဲမှုတွင် ပါဝင်ပတ်သတ်သည်ဟု သံသယ ရှိနေသူ နှစ်ဦးပင် ဖြစ်နိုင်သည် ဟုရဲတပ်ဖွဲ့က ယုံကြည်နေသည်။

၎င်းတို့ အထဲမှ တဦးမှာ ဧပြီလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် သေနတ်ဖြင့် ပစ်ခတ်ခံရကာ သေဆုံးသွားပြီး အခြားတဦးမှာ လွတ်မြောက်နေဆဲ ဖြစ်သည်ဟု အာဏာပိုင်များက ပြောကြားသည်။

ဧပြီလ ၁၅ ရက်နေ့ ဗုံးခွဲမှုအတွက် သံသယရှိသူနှစ်ဦးထဲမှ နံပါတ်နှစ်မှာ ဘော်စတွန် ဆင်ခြေဖုံး Watertown တွင် လွတ်မြောက်နေဆဲဖြစ်သည်။၎င်းအား ခြေရာခံ မိနိုင်ရန် ဘော်စတွန်မြို့တွင် ဒေသခံရဲအရာရှိများ
ပြည်ထောင်စု ဥပဒေ ထိန်းသိမ်းရေး အေဂျင်စီအဖွဲ့ဝင်များက ကြိုးစားနေသည်ဟု ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့် ရှိသူ ပေါလ်မက်မီလန် ကပြောကြားသည်။

လွတ်မြောက်နေသူ သံသယတရားခံတွင် လက်နက်ရှိနေပြီး အန္တရာယ်ရှိသည်ဟု ယုံကြည်ထားသည်။

ဒေသခံများအနေဖြင့် မိမိတို့အိမ်အတွင်း တံခါးသော့ခတ်ကာ ပြတင်းပေါက်များ တံခါးပေါက်များမှ ဝေးဝေးနေကြရန် ရဲတပ်ဖွဲ့က သတိပေးခဲ့သည်။ စောင့်ကြည့်ကင်မရာ ပုံရိပ်များကြောင့် သံသယ တရားခံ တဦးကို ကောင်းစွာ ပုံဖော်နိုင်ခဲ့ပီး အာဏာပိုင်များက လူသုံးဦး သေဆုံးခဲ့ရသော ဗုံးခွဲမှုတွင် ၎င်း ပါဝင်ပတ်သတ်မှုကို
ဖော်ထုတ်နိုင်ခဲ့သည်။

အခြားတဦးမှာ ရဲတပ်ဖွဲ့ဝင်များနှင့် အပြန်အလှန် ပစ်ခတ်ကြရာတွင် သေနတ်မှန်ပြီး ဆေးရုံ၌ သေဆုံး သွားခဲ့သည်ဟု မက်ဆာချူးဆက် ခရိုင်ဥပဒေအရာရှိ၏ ကြေညာချက်တွင်ဖော်ပြခဲ့သည်။ သေဆုံးသူသည် ဗုံးခွဲမှု တရားခံနံပါတ် တစ် ဖြစ်မည်ဟု ရဲတပ်ဖွဲ့က ယုံကြည်ထားသည်။

0 ကွန်မန့်ရေးရန်:

Post a Comment