Tuesday, October 8, 2013

Volkswagen တစ်လီတာကား မိုင် ၇၀၀ ဆီတစ်ဂါလံသာ သုံးမည်



olkswagen XL1 လို့ အမည်ပေးထားတဲ့ ၂ ယောက်စီးကား ဖြစ်ပါတယ်။ ကမ္ဘာ့ ဆီစား အသက်သာဆုံး ကား အဖြစ် စံချိန်တင်ထားတဲ့ကား ဖြစ် ပါတယ်။

အစီးရေ ၂၅၀ ထုတ်လုပ်ပြီး ဈေးကွက်ကို စတင်ရောင်းချနေပါပြီ။ ဆီတစ်ဂါလံ နဲ့ မိုင် ၃၂၀ မောင်းနိုင်ပါတယ်။ ဒီတစ်ခါ အဲ့ထပ်ပိုထူးခြားတဲ့ သတင်းတစ်ခုကို ဂျာမနီ Volkswagen တို့ ကြေညာလိုက်ပါပြီ။ Volkswagen XL1 ကို ဆီတစ်ဂါလံတည်းနဲ့ မိုင် ၇၀၀ ခရီးသွားစေနိုင်ခြင်း ဖြစ်ပါတယ်။ ကားမှာ ပါမယ့် ဆီဂါလံက ၂.၆ သာ ဖြစ်ပေမယ့် တစ်ဂါလံကို မိုင် ၇၀၀ မို့ မိုင် ၁၅၀၀ အထပ်တောင် ခရီးသွားနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိ ရောင်းချတဲ့ အစီး ၂၅၀ ကတော့ ဆီတစ်ဂါလံ မိုင် ၃၁၀ ကျော် ခရီးသွားနိုင်မယ့် ကားပါပဲ။

ဈေးနှုန်းက အမေရိကန်ဒေါ်လာ ၁သိန်းခွဲ ဝန်းကျင်နဲ့ ရောင်းချခြင်း ဖြစ်ပါတယ်။ ဆီတစ်ဂါလံ မိုင် ၇၀၀ ခရီး ဗားရှင်း ကတော့ စတင်ကြေညာထားခြင်း ဖြစ်ပြီး ထုတ်လုပ်မှုကို စတင်တော့မှာပါ။ ဟိုင်းဘရစ်ဗားရှင်းနဲ့အတူ ဒီဇယ် အင်ဂျင် ၈၀၀ စီစီ ဆလင်ဒါ ၂ လုံးပူး တာဘိုတပ် အမျိုးအစားကိုလည်း ထုတ်လုပ်ထားပါတယ်။ အမြန်ဆုံး top speed တစ်နာရီ ၉၈မိုင်ကျော် မောင်းနှင်နိုင်တဲ့ Volkswagen XL1 များကို အရေအတွက် အမြောက်အများ ထုတ်လုပ်သွားမှာ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: mashable
Aung Kham (TSJ Team)


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org

0 ကွန်မန့်ရေးရန်:

Post a Comment