ရန်ကုန်မှာ စနစ်တကျ ကားရပ်ပါ
ဧရာဝတီ | Sunday, March 31, 2013
မနက်ဖြန်က အစပြုပြ၊ီး ရန်ကုန်မှာ ယာဉ်ရပ်နားခ ကောက်ခံခြင်း၊
ကိုယ်ပိုင်ယာဉ်ရပ်နားရာ နေရာများအဖြစ် ရယူထားခြင်းတို့ကို အားလုံး
ဖျက်မယ်လို့ မြို့တော်စည်ပင်က ပြောလိုက်ပါပြီ။
စည်းကမ်းမဲ့သူတချို့ ကားရပ်ပုံ အချိုးမပြေတာကြောင့် ယာဉ်ကြော
ပိတ်နေပြီလို့ ဒီနေ့ အစိုးရသတင်းစာများမှာ တွေ့ရတဲ့ မြို့တော်စည်ပင်ရဲ့
ထုတ်ပြန်ချက်က ဆိုပါတယ်။
အကြွေစေ့ပေါတဲ့ အမေရိကန်လို
နိုင်ငံမှာတော့ လမ်းဘေး မီတာတိုင်မှာ အကြွေစေ့ထည့်ပြီး ကားရပ်ရုံပါပဲ။
တမတ်စေ့ (၂၅ ဆင့်) ထည့်ရင် ၁၅ မိနစ်/နာရီဝက် စသဖြင့် ရပ်နိုင်ပါတယ်။
များများထည့် ကြာကြာရပ်ပေါ့။
ရဲလိုက်စစ်တဲ့အခါ
ကိုယ်ဝယ်ထားတဲ့အချိန်ထက် ပိုရပ်ရင် ဒဏ်ရိုက်ခံရပါ လိမ့်မယ်။
ဒဏ်ငွေဆောင်ဖို့ သတိပေးတဲ့စာရွက် (ticket) ကို ကားမှန်မှာ၊ ဒါရိုင်ဘာ
တခါးလက်ကိုင်မှာ ရဲက ထားသွားပါလိမ့်မယ်။
စည်ပင်သာယာရုံးကို
ကိုယ်တိုင်သွားပြီး ဒဏ်ငွေဆောင်နိုင်၊ စာတိုက်ကနေ ချက်လက်မှတ် ရေးပြီး
ပို့နိုင်ပါတယ်။ ဒဏ်ငွေ မဆောင်ရင်တော့ အမှုပိုကြီး လာမှာပါ။
အကြွေစေ့ မရှိ/မသုံးတဲ့ မြန်မာပြည်မှာတော့ ဒီလိုစနစ် မကျင့်သုံးနိုင်ပါဘူး။
ထိုင်းမှာလည်း အကြွေစေ့ ပေါများပေမယ့် မီတာတိုင်မှာ အကြွေစေ့ထည့်ပြီး
ကားရပ်နားနိုင်တဲ့စနစ် မတွေ့ရပါ။
လမ်းဘေးမှာ ယာဉ်ရပ်နားခ ကောက်ခံဖို့ ၀န်ထမ်း/အလုပ်သမား ခန့်ထားရတယ်ဆိုတာ တွက်ချေကိုက်နိုင်မယ် မဟုတ်ပါ။
အခုလို ရန်ကုန် လမ်းဘေးမှာ အခမဲ့ ယာဉ်ရပ်နိုင်ပြီ ဆိုတော့ စည်ပင်သာယာ
ဝင်ငွေ ထိခိုက်ပါပြီ။ ရွေးစရာနည်းလမ်း များများမရှိလို့ ဒီလို
လွှတ်ပေးလိုက်ဟန် တူပါတယ်။
ရန်ကုန်မှာ စနစ်တကျ ကားရပ်ကြဖို့ဆိုရင်
ပညာပေး/လှုံ့ဆော်တာတွေ လိုအပ်သလို အဲဒီလို တကယ်ရပ်တတ်မှ ကားလိုင်စင်
ထုတ်ပေးတာမျိုးလို စည်းကမ်းတင်းကျပ်ဖို့ စသဖြင့်လည်း လိုအပ်မယ်လို့
ယူဆပါတယ်။
ရန်ကုန်မှာ စနစ်တကျ ကားရပ်ပါ
ဧရာဝတီ | Sunday, March 31, 2013
မနက်ဖြန်က အစပြုပြ၊ီး ရန်ကုန်မှာ ယာဉ်ရပ်နားခ ကောက်ခံခြင်း၊ ကိုယ်ပိုင်ယာဉ်ရပ်နားရာ နေရာများအဖြစ် ရယူထားခြင်းတို့ကို အားလုံး ဖျက်မယ်လို့ မြို့တော်စည်ပင်က ပြောလိုက်ပါပြီ။
စည်းကမ်းမဲ့သူတချို့ ကားရပ်ပုံ အချိုးမပြေတာကြောင့် ယာဉ်ကြော ပိတ်နေပြီလို့ ဒီနေ့ အစိုးရသတင်းစာများမှာ တွေ့ရတဲ့ မြို့တော်စည်ပင်ရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။
အကြွေစေ့ပေါတဲ့ အမေရိကန်လို နိုင်ငံမှာတော့ လမ်းဘေး မီတာတိုင်မှာ အကြွေစေ့ထည့်ပြီး ကားရပ်ရုံပါပဲ။ တမတ်စေ့ (၂၅ ဆင့်) ထည့်ရင် ၁၅ မိနစ်/နာရီဝက် စသဖြင့် ရပ်နိုင်ပါတယ်။ များများထည့် ကြာကြာရပ်ပေါ့။
ရဲလိုက်စစ်တဲ့အခါ ကိုယ်ဝယ်ထားတဲ့အချိန်ထက် ပိုရပ်ရင် ဒဏ်ရိုက်ခံရပါ လိမ့်မယ်။ ဒဏ်ငွေဆောင်ဖို့ သတိပေးတဲ့စာရွက် (ticket) ကို ကားမှန်မှာ၊ ဒါရိုင်ဘာ တခါးလက်ကိုင်မှာ ရဲက ထားသွားပါလိမ့်မယ်။
စည်ပင်သာယာရုံးကို ကိုယ်တိုင်သွားပြီး ဒဏ်ငွေဆောင်နိုင်၊ စာတိုက်ကနေ ချက်လက်မှတ် ရေးပြီး ပို့နိုင်ပါတယ်။ ဒဏ်ငွေ မဆောင်ရင်တော့ အမှုပိုကြီး လာမှာပါ။
အကြွေစေ့ မရှိ/မသုံးတဲ့ မြန်မာပြည်မှာတော့ ဒီလိုစနစ် မကျင့်သုံးနိုင်ပါဘူး။ ထိုင်းမှာလည်း အကြွေစေ့ ပေါများပေမယ့် မီတာတိုင်မှာ အကြွေစေ့ထည့်ပြီး ကားရပ်နားနိုင်တဲ့စနစ် မတွေ့ရပါ။
လမ်းဘေးမှာ ယာဉ်ရပ်နားခ ကောက်ခံဖို့ ၀န်ထမ်း/အလုပ်သမား ခန့်ထားရတယ်ဆိုတာ တွက်ချေကိုက်နိုင်မယ် မဟုတ်ပါ။
အခုလို ရန်ကုန် လမ်းဘေးမှာ အခမဲ့ ယာဉ်ရပ်နိုင်ပြီ ဆိုတော့ စည်ပင်သာယာ ၀င်ငွေ ထိခိုက်ပါပြီ။ ရွေးစရာနည်းလမ်း များများမရှိလို့ ဒီလို လွှတ်ပေးလိုက်ဟန် တူပါတယ်။
ရန်ကုန်မှာ စနစ်တကျ ကားရပ်ကြဖို့ဆိုရင် ပညာပေး/လှုံ့ဆော်တာတွေ လိုအပ်သလို အဲဒီလို တကယ်ရပ်တတ်မှ ကားလိုင်စင် ထုတ်ပေးတာမျိုးလို စည်းကမ်းတင်းကျပ်ဖို့ စသဖြင့်လည်း လိုအပ်မယ်လို့ ယူဆပါတယ်။

Posted in: အခွင့်အလန်း
0 ကွန်မန့်ရေးရန်:
Post a Comment