Friday, May 11, 2012

မှော်ဆရာအဖွဲ့ ဆိုတာဘာလဲ (ဖြစ်ရပ်မှန် ဟာသ)

Inbox
x

hlatunoo kohlatunu@gmail.com
8:29 AM (16 hours ago)

to မှော်ဆရာအဖွဲ့
မှော်ဆရာအဖွဲ့ဆိုတာဘာလဲ? ဟု အဖေက ကျနော့်အား လှမ်းမေးလိုက်တယ်။

မှော်ဆရာအဖွဲ့ ဆိုတာ အင်တာနက်သုံးတဲ့သူတွေထဲက တစ်ချို့လူတွေစုပြီးနေကြတဲ့
Group တစ်ခုပါ။ လို့ ကျနော်မှ လွယ်လင့်တကူဖြေလိုက်ပါတယ်။

မဆိုင်းမတွပဲ အဖေက " ဒါဆို မှော်ဆရာအဖွဲ့ က အင်တာနက်ပေါ့ " ဟုပြောတော့မှာ
နည်းနည်း ရယ်ချင်စိတ်လည်းပေါက်လာသလို၊ မရှင်းပြရင် မဖြစ်တော့ဘူးဆိုပြီး
ညဏ်စွမ်းမှီသလောက်ရှင်းပြလိုက်ရပါတော့တယ်။

လွန်ခဲ့တဲ့ ... ၄ လ လောက်က ... ကျနော်တို့ လူငယ်တွေလို Touch Screen
Smart Phone ပိုးထနေတဲ့ အဖေ့ကို ကျနော်ကနေပြီး Acer Liquit Metal ၁ လုံး
ဝယ်ပေးလိုက်ပါတယ်။ အဲ့ဒါနဲ့ပဲ ပြီးသွားမယ်လို့ထင်ထားတာ ... ငါ့ဖုန်းထဲမှာ
မင်းဖုန်းထဲကလို ဗမာလိုတွေ ပေါ်အောင်လုပ်ပေးပါဆိုလို့လည်း
လုပ်ပေးလိုက်ရပါသေးတယ်။ ဒါတောင်မှ ငါ့ဖုန်း အင်တာနက်မရဘူးလားဆိုပြီး ခဏခဏ
မေးတာလည်းခံရတယ်။ အခုတော့ အိမ်နားမှာ ဘယ်ကမှန်းမသိတဲ့ Wireless Access
တစ်ခုရလို့ ... မျှဝေသုံးရင်ကနေ .. အဖေ့ဖုန်းထဲမှာပါ။
ချိတ်ဆက်ပေးလိုက်ပါတယ်။
ကဲ .. အခု အဖေ့ဖုန်း အင်တာနက်ရပြီဆိုရော .. ပထမဆုံးကျနော့်ကို
တုန့်ပြန်တာက .. ငါ့ကို သတင်းတွေကြည့်ရအောင်လုပ်ပေးကွာတဲ့ ...

ဒါနဲ့ သစ်ထူးလွင်၊ eleven media တွေကို Browser Bookmark
လုပ်ပေးထားရပါတယ်။ ဒါတင်မလုံလောက်သေးပဲ ... Gmail, Gtalk တွေကိုပါ ..
ကျနော့် Account နဲ့ အသုံးပြုဖို့ ပေးထားပါတယ်။
အဲ့ဒီ ဂျီမေးလ်ထဲမှာ မှော်ဆရာရဲ့ မေးလ်တွေကို သူတော်တော်
နှစ်ခြိုက်နေပုံရပါတယ်။ ကျနော်ကလည်း မှော်ဆရာအဖွဲ့ထဲမှာ Scribed
လုပ်ထားတာကိုး ...

အဲ့ဒီမေးလ်တွေထဲက .. တစ်ချို့သတင်းတွေကိုဖတ်ပြီး ... မှော်ဆရာအဖွဲ့ကို
ချီးကျူးသွားပါရဲ့ ...

အဲ့ဒီ မှော်ဆရာက တော်တော်သတင်းစုံတယ်ကွ၊ သူတို့က ဘယ်ကနေ မင်းဆီကို
ပို့တာလဲတဲ့ ... မင်းဆီကို ဘယ်ကနေပို့တာလဲဆိုပြီး မေးသေးတယ် ..
သူဖွင့်ကြည့်နေတာက ကျနော့် ဂျီမေးလ်ဆိုတာလည်း သူသိမယ်မထင်ဘူး ...

ကျနော် မဖြေနိုင်တဲ့မေးခွန်းတွေကို မေးပါတယ်။

ကျနော် အမှတ်ရစေတဲ့ ဟာသလေးတစ်ခုကိုပြောပြရရင် ... တစ်နေ့ လူကြီးတစ်ယောက်က
ကျနော့်ဆီလာပြီး သား ... ငါ့ကို အင်တာနက် သုံးတာ ပြစမ်းပါလို့ပြောတယ်။
ဒါနဲ့ ကျနော်လည်း ... ဟုတ်ကဲ့ဆိုပြီး .. Phone 3G နဲ့ ကွန်ပျူတာချိတ်ပြီး
.. google ကို စဖွင့်တယ် ... ပြီးတော့ အဲ့ဒီလူကြီးကိုမေးတာ် .. ဦးက
ဘာသိချင်တာလဲဆိုတော့ .. အင်တာနက်လေကွာတဲ့ ...
အဲ့ဒီတော့ ကျနော်က .. Google ဆိုတာ အင်တာနက်ပဲလို့ ပြောတော့ ..သူတော်တော်
စိတ်ပျက်သွားတဲ့အထာနဲ့ ... မဟုတ်သေးပါဘူး၊ ငါပြောတာက အင်တာနက်ကိုပြောတာ
... ဆိုပြီး သူလည်း မရှင်းပြတက်တော့ ...

ကျနော်ပဲ တက်စွမ်းသလောက် ရှင်းပြလိုက်ရတယ်။ နောက် သူ
ဘယ်လိုသဘောပေါက်သွားလဲမသိဘူး ... အင်တာနက်ဆိုတာ .. စာဖတ်တာ၊ စာပို့တာ၊
စကားပြောတာပါတဲ့ ...


မိတ်ဆွေတို့ရော မှော်ဆရာအဖွဲ့ နဲ့ အင်တာနက်ကို ဘယ်လိုထင်ပါသလဲ ...

--
with best wishes,

0 ကွန်မန့်ရေးရန်:

Post a Comment