Sunday, May 6, 2012

တိုင်းပြည်တိုးတက်ဖို့ဆိုရင်


ဒီလို ပုခုံးပေါ်မှာ အပွင့်တင်ထား ယောက်ျားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာဆိုတာထက်၊ တိုင်းပြည်ကို ကာကွယ်နေကြရတဲ့ တပ်မတော်သားရဲ့ ဂုဏ်သိက္ခာဆိုတာကို နားလည်ကြမယ်ဆိုရင် . .

အခုလို နိုင်ငံ့အကျိုး၊ တိုင်းပြည်အကျိုး တိုးတက်ရန်အတွက် အတူလက်ပွဲပြီး ပူးပေါင်းဆောင်ရွက်ရန် လွှတ်တော်အတွင်း ဝင်လာသည့် မည်သူ့ကိုမဆို လှိုက်လှိုက်လှဲလှဲ ကြိုဆိုရမှာဖြစ်ပြီး၊ တစ်ဦးအပေါ်တစ်ဦး အပြန်အလှန် တလေးတစား ဆက်ဆံရမယ့်အချိန်ဖြစ်ပါတယ်။

ဒီလိုအချိန်အခါမျိုးမှာ အခုလို အကြည့်မျိုးနဲ့ ကမ္ဘာအသိမှတ်ပြု နိုဘယ်ဆုရှင် တစ်ဦးအပေါ် လေးစားမှုမရှိတဲ့ အကြည့်မျိုးနဲ့ ကြည့်ခြင်းဟာ အင်မတန်ယုတ်ညံ့ သေးသိမ်တဲ့ အတွင်းစိတ်ကို ထင်သာမြင်သာစေပါတယ်။

တိုင်းပြည်တိုးတက်ရေးအတွက် အရေးကြီးတာက အခြေခံဥပဒေပြင်ဖို့ ဆိုတာထက် သေးသိမ်တဲ့ စိတ်ဓာတ်တွေကို အရင်မပြင်နိုင်ဘဲ ဒီတိုင်းပြည်မှာ ဒီလိုလူတွေ ကြီးစိုးနေသရွေ့တော့ ဘယ်နည်းနဲ့ တိုးတက်ဖွယ်မရှိနိုင်ဘူးလို့ ရဲရဲကြီးပြောရဲပါတယ်။


Ref:General Knowledge

မေမွန်ကျော်

0 ကွန်မန့်ရေးရန်:

Post a Comment