ဟွန်ဒါအက်ကော့ဒ် ကားအစီးရေ ၅ သိန်းကျော်ကို ပြန်လည် ရုပ်သိမ်းမည်ဟု ဟွန်ဒါကုမ္ပဏီက ကြေညာ
By Yatanarpon 2 October, 2012 - 15:05
အောက်တိုဘာလ ၂ ရက်။ ။ မော်တော်ကားရဲ့ အင်ဂျင်ခန်း အတွင်းမှာ မီးလောင်နိုင်တဲ့ အလားအလာတွေ ရှိနေတဲ့အတွက် အမေရိကန်နဲ့ ကနေဒါနိုင်ငံ အပါအဝင် မြောက်အမေရိက နိုင်ငံများဆီသို့ တင်သွင်းရောင်းချထားခဲ့တဲ့ ဟွန်ဒါကုမ္ပဏီရဲ့ နာမည်ကျော် ဟွန်ဒါအက်ကော့ဒ် (Accords)ကားအစီးရေ ၅ သိန်းကျော်ကို ပြန်လည်ရုပ်သိမ်းနေပြီလို့ ကုမ္ပဏီရဲ့ ကြေညာပြောဆိုချက်ကို စီအင်န်အင်န် သတင်းမှာ ဖေါ်ပြထားပါတယ်။
၂၀၀၃-၂၀၀၇ မော်ဒယ်လ်ဟွန်ဒါအက်ကော့ဒ် V6 အမျိုးအစားများကိုသာ ပြန်လည် ရုပ်သိမ်းမှာဖြစ်ကြောင်း သတင်းမှာ ဖေါ်ပြထားပါတယ်၊ အဆိုပါ ကားများရဲ့ ပါဝါစီရာတိုင်မှာရှိတဲ့ ဖုတွေကနေ ဆီစိမ့်ထွက်မှုမှတဆင့် မီးခိုးများ ဖြစ်ပေါ်လာပြီး အင်ဂျင်ခန်း မီးလောင်ဖို့ အလားအလာ ရှိနေတဲ့အတွက် အခုလို ပြန်လည်ရုပ်သိမ်းရခြင်း ဖြစ်တယ်လို့ အမျိုးသား အမြန်ယာဉ် လုံခြုံစိတ်ချမှုဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ရဲ့ ကြေညာချက်ကို ကိုးကားပြီး စီအင်န်အင်န် သတင်းမှာ ဖေါ်ပြထားခြင်း ဖြစ်ပါတယ်။
ရတနာပုံ ဘာသာပြန်သတင်း
Ref; စီအင်န်အင်န် http://www.yatanarpon.com.mm/news/news-68932

0 ကွန်မန့်ရေးရန်:
Post a Comment