Wednesday, October 3, 2012

ကမ္ဘာ့အကြီးဆုံး ဂရင်းနစ်စံချိန်ဝင်ဖို့အတွက် နဂါး ၉ကောင်ရုပ်ထုကို ထုလုပ်ပြီးစီး *

Inbox
x








DVB TV News:
မန္တလေးကမြို့ အမရပူရမြို့နယ် ကပ်ကျော်ကွက်သစ် ၊ သပြေလမ်း နဲ့ စကားဝါလမ်းဒေါင့်မှာရှိတဲ့ သိန်းသန်းအောင် ပန်းပုသမဝါယမအသင်းလီမီတတ်ကနေ ကမ္ဘာ့အကြီးဆုံး ဂရင်းနစ်စံချိန်ဝင်ဖို့အတွက် နဂါး ၉ကောင်ရုပ်ထုကို ထုလုပ်ပြီးစီးသွားပါတယ်။

ဒီရုပ်ထု ထုဆစ်ဖို့အတွက် "စစ်ကိုင်းတိုင်းဘက်မှာတွေ့ရှိခဲ့တဲ့ သစ်မြစ်ဖြစ်ပါတယ်။ပန်းတောက်သားဖြစ်ပါတယ်။၂၀၁၂ နှစ်ဆန်းပိုင်းမှာစတင်းတွေ့ရှိခဲ့ပြီး ဒီရုပ်ထုကို ထုလုပ်ခဲ့တာ ၈လလောက်ကြာမြင့်ခဲ့ပါတယ်။ပန်းပုဆရာ ၈ယောက်နဲ့ ထုလုပ်ခဲ့တာဖြစ်ပြီး ဂရင်းနစ်စံချိန်ဝင်ဖို့အတွက် ကြိုးစားနေတာလည်းဖြစ်ပါတယ်။ လုံးပတ်က ၁၄ပေခွဲ အမြင့်က ၉ပေခွဲရှိပါတယ်။ခုလောလောဆယ် ဒီရုပ်ထုကို လာဝယ်မယ်ဆိုရင်တောင် ရောင်းဖို့အတွက် အစီစဉ်မရှိဘူး" လို့ ရုပ်ထု ထုဆစ်သူ ဦးသိန်းဝင်းကဆိုပါတယ်။ (သတင်းဓါတ်ပုံ - ကျော်ဇေ)

0 ကွန်မန့်ရေးရန်:

Post a Comment