Sunday, December 30, 2012

(တော်တော်အံ့အားသင့်စရာ ဘောလုံးပွဲတစ်ပွဲ) ဗျာ အပျင်းပြေလေးဖတ်ကြည့်ပေါ့ ......

.



Yan Naung Phyo Rocker

ဒီဘောပွဲလုံးပွဲကို တော့ သူငယ်ချင်းတွေလည်း သိမှာပေါ့....
ကျွန်တော်ဖတ်ဖူးတဲ့ထဲက တော်တော်လေးစိတ်ဝင်စားစရာ ကောင်းလို့ပြန်ရေးပြလိုက်တာပါ
ဒါပေမဲ့ ပထမကမ္ဘာစစ်ဖြစ်နေတဲ့ ကြားထဲကနေ ချစ်ကြည်ရေးအဖြစ်နဲ့ဘောလုံးပွဲလေးပေါ့...
ဘောလုံးပွဲတစ်ပွဲကတော်တော်လေး အံ့အားသင့်ဖွယ်ကောင်းပါတယ်..
ပျော်ရွင်မှုတွေပေးသလို ၀မ်းနည်းမှုတွေလည်းရနိုင်ပါတယ်
အဲဒါထက် နှစ်ဦးနှစ်ဖက်ကို ချစ်ကြည်ရေးအဖြစ်နဲ့လည်းပြောင်းလဲ သင့်မြတ်နိုင်ပါတယ်..
ပထမကမ္ဘာစစ်မှာလူပေါင်း(16563868)ကျော် သေးဆုံးခဲ့ပါတယ်လို့ ဖော်ပြထားပါတယ်.
မဟာအင်အားကြီးနိုင်ငံတွေဖြစ်တဲ့ အီတလီ၊ ပြင်သစ်၊ ဂျာမနီ၊ ဗြိတန်အင်ပါယာ၊ အော်စထရိုဟန်ဂေရီအင်ပါယာနဲ့ရုရှားအင်ပါယာကြီးတွဲရဲ့
ကိုလိုနီဆိုင်ရာအငြင်းပွားမှုတွေ၊ သံတမန်ရေးရာတွေကိစ္စတွေကြောင့်ဖြစ်ပွားခဲ့ပါတယ်
ပထမကမ္ဘာစစ်ပွဲဟာ 1914ခုနှစ်၊ ဇူလိုင်လအတွင်းမှာဖြစ်ပွားခဲ့ပါတယ်
အခုလိုတစ်ဖက်နဲ့တစ်ဖက်လူသတ်လက်နက်အမျိုးမျိုးနဲ့ပတ်ခတ်သတ်ဖြတ်
နေကျပေမယ့် 1914ခုနှစ်၊ ခရစ္စမတ်နေ့မှာတော့ ရှေ့တန်းကစစ်မြေပြင်မှာ တိုက်ပွဲဝင်နေကျတဲ့ ဂျာမနီတပ်တွေနဲ့ အင်္ဂလန်တပ်တွေဟာ ပစ်ခတ်နေတဲ့
သေနတ်သံတွေကို ခေတ္တတိတ်ဆိတ်စေခဲ့ပြီးအမှန်တကယ် ချစ်ကြည်ရေး
ဘောလုံးပွဲတစ်ပွဲ ကစားခဲ့ကြပါတယ် လို့ ဘောလုံးသမိုင်းနဲ့သက်တမ်းအရင့်
ဆုံး စာအုပ်တစ်အုပ်ထဲ မှတ်တမ်းတင်ခဲ့ပါတယ်..လို့ ပြောထားပါတယ်..
သူတို့ဟာ ခရစ္စမတ်နောက်နေ့ Boxing Day မှာ သေနတ်တွေဘေးချပီး
အချင်းချင်းလက်ဆွဲနှုတ်ဆက်မူတွေ၊ အပြန်အလှန်စားစရာတွေစားကျရင်း၊ စီးကရက်တွေအတူဖွာရှိုက်ရင်း တဒင်္ဂငြိမ်းချမ်းရေးဆောက်တည်ခဲ့ပါတယ်
စကော့တလန်ဗိုလ်ချုပ်ကြီးက ''ဂျာမန်စစ်သားတွေ သူတို့ရဲ့ကတုတ်ကျင်း
ထဲနေတက်လာကျပါတယ်၊ စားစရာနဲ့စီးကရက်တွေကို သေတ္တာတွေနဲ့
ရာသီစာတွေထမ်းပီးသူတို့ဆီရောက်လာပါတယ်၊ ထပဲပစ်ရမလား၊ ဘာလားပေါ့။ ခင်ဗျားဆိုရင်လည်း လက်နတ်မပါတဲ့လူတစ်ယောက်ကို ပစ်မှာမဟုတ်ပါဘူးတဲ့'''ဂျာမန်တွေရဲ့တောင်းဆိုချက်အရ သူတို့ဟာ
ချစ်ကြည်ရေးဘောလုံးပွဲတစ်ပွဲကန်ခဲ့တယ်..
သူတို့ကန်တဲ့နေရာကတော့ ဘယ်လ်ဂျီယံနိုင်ငံရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ
မြို့တစ်မြို့ဖြစ်တဲ့ ၀ိုင်ပရက်စ်မြို့နားမှာ ကစားခဲ့ပါတယ်...
ပွဲရလဒ်ကတော့ အင်္ဂလန်က ဂျာမနီကို (3-2)နဲ့ အင်္ဂလန်အနိုင်ရရှိခဲ့ပါတယ်။

စစ်ဖြစ်နေတဲ့အချိန်မှာတောင် ချစ်ကြည်ရေးရယူခဲ့တဲ့ပွဲတစ်ပွဲလေးပါ။
မသိတေးတဲ့သူငယ်ချင်းတွေအတွက်ပါ.....
ဘောလုံးပွဲတစ်ပွဲက ရသတော်တော်ပေးကောင်းပေးတယ်နော်..

ဖာဂူကြီး၊ မော်ရင်ညိုတို့ ဘော့စကေးတို့ တစ်ခါတစ်ခါသုံးဖြစ်တဲ့
(4-3-2-1) နာမည်ကြီး ခရစ္စမတ်သစ်ပင်ကစားကွက်ကိုတော့
1980 လောက်က နယ်သာလန်ကလပ် အဒိုဒန်ဟတ် အသင်းကစတင်အသုံး
ပြုခဲ့တဲ့ကစားကွက်လို့ အင်္ဂလန်အားကစားကလောင်ရှင် ဂျိုနသန်ဝီလ်ဆင်က
ဖော်ပြထားပါတယ်.......


--

0 ကွန်မန့်ရေးရန်:

Post a Comment