မြင့်မြတ်သူတို့သည် အရင်းများများဖြင့် အမြတ်နည်းနည်းကိုသာ ယူတက်ကြလေ သည်၊တိပိဋကဆရာတော်အရှင်ဝိစိတ္တသာရဘိဝံသသည် ဥာဏ်ပညာအရာတွင် စံတင် ထားရသောပုဂ္ဂိုလ်မြတ်ကြီးဖြစ်သည်၊ သာသနာပြုစုစောင့်ရှောက်ရတွင်လည်းကောင်း လည်း သမိုင်းတွင်ခဲ့သော်လည်း လိုချင်သောဆုကား မပြေပလောက်သောဆုသာဖြစ် သည်။မြင့်မြတ်သူတို့သည် ပေးဆပ်ခြင်းကိုသာအလိုရှိကြသည်။
အရှင်သာရိပုတ္တရာသည် မြတ်စွာဘုရားဒေသစာရီ ရဟန်းတော်များဖြင့်ကြွချီ
တော်မူသောအခါ သံဃာတော်များ၏နောက်မှလိုက်ကာ အကိုကြီးပမာ လိုအပ်သည် များကို
စောင့်ရှောက်ကူညီပေးလေသည်။ခရီးပင်ပန်းနွမ်းနယ်သူများကို ဆီ နနွင်း စသည်ဖြင့် သက်သာအောင်ပြုစုပေးသည်၊ထိုကြောင့်မထေရ်မြတ်ကို သံဃာတော်များ က မိခင်ကြီးပမာ အားကိုးကြ ကြည်ညိုကြသည်။
မြင့်မြတ်သူတို့သည် မိမိ၏လက်အောက်ငယ်သားတို့ကို မိမိနှင့်တန်းတူထားကာ ဆက်ဆံသည်။ကိုယ်ချင်းစာတရားထားကြသည်။ကြားဘူးသည်မှာ
တိပိဋကဆရာ တော်ကြီးအား ကိုရင်ငယ်များပွဲကြည့်သည်ကို လာလျှောက်ထားသော
ဒကာကို မိမိ သားသမီးဖြစ်လျှင် ကျောမှာပိုးလျှက်ကြည့်ခိုင်းမည်သာဖြစ်သောကြောင့် ကိုယ်ချင်းစာ တရားထားရန် မိန့်တော်မူခဲ့သည့်အပြင် ဘုန်းကြီးတို့အရွယ်ပွဲကြည့်ခိုင်းလျှင် ဝေါယာဉ် ဖြင့်လာပင်လျှင်တောင် မကြည့်တော့ပါ ဟုမိန့်တော်မူခဲ့သည်။
မြင့်မြတ်သူတို့သည် မိမိကိုယ်ကို ဘာလဲဟုသဘောပေါက်နားလည်သကဲ့သို့ သူ တပါးကိုလည်းနားလည်သဘောပေါက်ကြလေသည်။သူတစ်ပါးအားကူညီခြင်း အများ အကျိုးကိုလိုလားခြင်းသည် မြင့်မြတ်သူတို့၏လက္ခဏာတစ်ရပ်ပင်ဖြစ်သည်။
အရှင်မြတ်သည် သာသနာတော်တွင် မပျော်မွှေ့သောရဟန်းတော်များကို ပျော် မွှေ့အောင် ပုထုဇဉ်အဖြစ်မှ သောတာပန်ဖြစ်အောင် သောတာပန်မှသည် ရဟန္တာဖြစ် အောင်အကြိမ်ကြိမ်အထပ်ထပ်တရားဟောပြပေးတော်မူသည်။ မြင့်မြတ်သူတို့သည် အများကောင်းစွာရေးအတွက်ဆိုလျှင် အပင်ပန်းခံ အနစ်နာခံကာ ကြိုးစားကြသည်မှာ ဓမ္မတာပင်ဖြစ်သည်။တိပိဋကဆရာတော်ကြီးသည် သံဃာသက္ကသိုလ်ကြီးများနှင် ကျောင်းထိုင်ဘုန်းကြီးကျောင်းများပြည်နယ်နှင့်တိုင်းများတွင်
ပေါ်ပေါက်စေရန်အတွက် တောရောမြို့ပါမကျန် အရွယ်နှင့်မမျှအောင်
ကြွရောက်တရားဟောတော်မူခဲ့သည်။ ဖြစ်မြောက်အောင်မြင်ရန်ဆောင်ရွက်တော်မူခဲ့သည်။
မြင့်မြတ်သူတို့သည် ပညာကိုတန်ဖိုးထား မြတ်နိုးတက်ကြသကဲ့သို့ ပညာရှင်များ နှင့်ပညာသင်များကိုလည်းတန်ဖိုးထားလေးစားကြလေသည်။မစိုးရိမ်တိုက်ဆရာတော်ဘုရားကြီးဦးရာဇဓမ္မဘိဝံသသည်ရောက်လေရာနိုင်ငံခြားတိုင်းပြည်များတွင်တက္ကသိုလ် များကို မရောက် ရောက် အောင်သွားရောက်လေ့လာသည်၊ဆည်းပူးမှတ်သားသည်။ထို
အတူ ဒေါ်အောင်ဆန်းစုကြည်သည်လည်း ရောက်လေရာတွင် ပညာတန်ဖိုးကို အလေးထားကြရန်
ဟောပြောသကဲ့သို့ တက္ကသိုလ်များကိုအလေးထားသွားရောက်ပြီး လေ့လာသည်၊ဆည်းပူးမှတ်သားသည်၊ဤသည်မှာမြင့်မြတ်သူတို့၏ စရိုက်လက္ခဏာ တစ်ခုပင်ဖြစ်သည်။
ဆက်ရန်
0 ကွန်မန့်ရေးရန်:
Post a Comment