Sunday, September 1, 2013

ဘလော့ဂါးဒေးနေ့(သြဂုတ်31)

အားလုံးမင်္ဂလာပါရှင့်

သြဂုတ်(၃၁)ရက်နေ့ဘလော့ဂါဒေးအမှတ်တရအနေနဲ့

ဘလော့ဂါအားလုံးကိုလေးစားမိပါတယ်။



ဘလော့ဂါဒေးဆိုတာဘာလည်း

တကယ်တော့ကျွန်မလည်းအရင်ကမသိခဲ့ပါဘူး။

စာရေးဖန်များလာစာဖတ်ဖန်များလာတဲ့အခါ

ဘလော့ဂါဆိုတာဘာလည်းသိလာပါတယ်

ဘလော့ဂါဆိုတာစာရေးသူများကိုဆိုလိုတာပါ

ကဗျာပဲရေးရေး၊သုတပဲရေးရေး၊ဆောင်းပါးပဲရေးရေး

စာရေးသူတိုင်းအားလုံးကဘလော့ဂါတွေပါပဲ။

ဘလော့ဂါတိုင်း(စာရေးသူတိုင်း)စိတ်ထဲမှာ ရည်ရွယ်ချက်ကတော့တူညီပါလိမ့်မယ်။

စာဖတ်သူများကို ပညာတခုခု၊အသိတခုခု၊ရသတခုခုပေးဖို့ရေးကြခြင်းဖြစ်ပါတယ်။

ဘလော့ဂါတိုင်းအားလုံးလိုလို

ကိုယ့်ရဲ့အသိပညာ၊ ဗဟုသုတ၊အတွေ့အကြုံ၊ စိတ်ခံစားချက်ကို

ဘလော့ဂ်ပေါ်မှာမျှဝေကြသူတွေပါ။

စာရေးသူတွေကစာမရေးရရင်ကိုမနေနိုင်သူတွေပါ

ဘယ်လောက်ကွန်နက်ရှင်ကျကျ

ဘယ်လိုပဲဖြစ်နေဖြစ်နေစာအလွန်ရေးချင်သူတွေပါ



ဝေဖန်ဒဏ်လည်းခံရလည်းပျော်ပျော်ပဲ

ကိုယ်မသိလို့ပြောတာပဲလေ.ပိုကြိုးစားလိုက်မယ်

ဒီလိုစိတ်လေးနဲပေါ့


အားပေးစကားများကလည်း အားဆေးတခွက်ပါပဲ

စာရေးသူများအတွက်တော့

(စာရေးသူတိုင်းအတွက်ကော်မက်တခုကအားဆေးတခွက်ပါပဲ)


ကိုယ်ရေးတဲ့စာတွေ သူတစ်ပါးကို မထိခိုက်စေချင်သလို

စိတ်ညစ်တာတွေလည်း မကူးစက်ချင်သူပါ

စာဖတ်သူတွေ ဘလော့တွေဖန်တီးပေးနေရတာကိုကျေနပ်နေသူတွေပါ။

ဤစာဖြင့်ဒီနေ့

သြဂုတ်(၃၁)ရက်နေ့ဘလော့ဂါဒေးမှာ

စာရေးသူ ဘလော့ဂါအားလုံးကိုဂုဏ်ပြုလိုက်ပါတယ်။

စာပေအကျိုးဆထက်တိုးလို့ထမ်းရွတ်နိုင်ပါစေ။

အားလုံးလေးစားလျက်
ရှင်းသန့်မေ
Photo: အားလုံးမင်္ဂလာပါရှင့် သြဂုတ်(၃၁)ရက်နေ့ဘလော့ဂါဒေးအမှတ်တရအနေနဲ့ ဘလော့ဂါအားလုံးကိုလေးစားမိပါတယ်။ ဘလော့ဂါဒေးဆိုတာဘာလည်း တကယ်တော့ကျွန်မလည်းအရင်ကမသိခဲ့ပါဘူး။ စာရေးဖန်များလာစာဖတ်ဖန်များလာတဲ့အခါ ဘလော့ဂါဆိုတာဘာလည်းသိလာပါတယ် ဘလော့ဂါဆိုတာစာရေးသူများကိုဆိုလိုတာပါ ကဗျာပဲရေးရေး၊သုတပဲရေးရေး၊ဆောင်းပါးပဲရေးရေး စာရေးသူတိုင်းအားလုံးကဘလော့ဂါတွေပါပဲ။ ဘလော့ဂါတိုင်း(စာရေးသူတိုင်း)စိတ်ထဲမှာ ရည်ရွယ်ချက်ကတော့တူညီပါလိမ့်မယ်။ စာဖတ်သူများကို ပညာတခုခု၊အသိတခုခု၊ရသတခုခုပေးဖို့ရေးကြခြင်းဖြစ်ပါတယ်။ ဘလော့ဂါတိုင်းအားလုံးလိုလို ကိုယ့်ရဲ့အသိပညာ၊ ဗဟုသုတ၊အတွေ့အကြုံ၊ စိတ်ခံစားချက်ကို ဘလော့ဂ်ပေါ်မှာမျှဝေကြသူတွေပါ။ စာရေးသူတွေကစာမရေးရရင်ကိုမနေနိုင်သူတွေပါ ဘယ်လောက်ကွန်နက်ရှင်ကျကျ ဘယ်လိုပဲဖြစ်နေဖြစ်နေစာအလွန်ရေးချင်သူတွေပါ ဝေဖန်ဒဏ်လည်းခံရလည်းပျော်ပျော်ပဲ ကိုယ်မသိလို့ပြောတာပဲလေ.ပိုကြိုးစားလိုက်မယ် ဒီလိုစိတ်လေးနဲပေါ့ အားပေးစကားများကလည်း အားဆေးတခွက်ပါပဲ စာရေးသူများအတွက်တော့ (စာရေးသူတိုင်းအတွက်ကော်မက်တခုကအားဆေးတခွက်ပါပဲ) ကိုယ်ရေးတဲ့စာတွေ သူတစ်ပါးကို မထိခိုက်စေချင်သလို စိတ်ညစ်တာတွေလည်း မကူးစက်ချင်သူပါ စာဖတ်သူတွေ ဘလော့တွေဖန်တီးပေးနေရတာကိုကျေနပ်နေသူတွေပါ။ ဤစာဖြင့်ဒီနေ့ သြဂုတ်(၃၁)ရက်နေ့ဘလော့ဂါဒေးမှာ စာရေးသူ ဘလော့ဂါအားလုံးကိုဂုဏ်ပြုလိုက်ပါတယ်။ စာပေအကျိုးဆထက်တိုးလို့ထမ်းရွတ်နိုင်ပါစေ။

0 ကွန်မန့်ရေးရန်:

Post a Comment