Saturday, December 8, 2012

***တပ်မတော်မှ အသုံးပြုနေသော မီဒီယာစစ်ပွဲများအကြောင်း***

အခု တပ်မတော်မှ အသုံးပြုနေသော wedsite များမှာ ထဲမှ တချို့တင်ပြရမယ် ဆိုရင်....

www.myawady.net.mm/ ကတော့ တပ်မတော်၏ အထူ ကဏ္ဍအကြောင်းကို တင်ဆက်ပေးနေသည့် တပြိုင်နက်၊ တပ်မတော်မှ ပြစ်မှားသော အပစ်များကို အတတ်နိုင်ဆုံး ဖုံးဖိနိုင်ရန် မီဒီယာ များကို တန်ပြန်ထိုးစစ်ဆင်ဖို့ ဖွဲ့စည်းထားခြင်းဖြစ်သည်။
အရင်စစ်အစိုးရ လက်ထက်တွင် ပြည်ပ မီဒီယာများသာ အဓိက ရန်သူဖြစ်ခဲ့သော်လည်း၊ အခုတွင် ပြည်တွင်း မီဒီယာများကိုပါ တိုက်ခိုက်နေရသည်။

www.myanmarexpress.net,
ဒီဆိုဒ်ကတော့ နိုင်ငံရေး အတိုက်အခံများကို အများဆုံးတိုက်ခိုက်လေ့ရှိသည်။
အထူးသဖြင့် NLD နှင့် ဒေါ်အောင်ဆန်းစုကြည်အဖွဲ့များသည် အဓိက ပစ်မှတ်ဟုယူဆထားဟန်တူသည်။
ရံဖန်ရံခါ၊ ဖေစ့်ဘုတ်ပေါ်မှ စစ်တပ်ကို အမြင်မကြည်သော မိန်းကလေးများ နှင့် တိုင်းရင်းသူများ၏ ဓါတ်ပုံများကိုလဲ မဖွယ်မရာပုံစံ သတင်းလုပ်တတ်လေ့ရှိသည်။

http://www.kachindailynews.blogspot.com/
ဒီဆိုဒ်မှာတော့ ကချင်တော်လှန်ရေးအဖွဲ့ကို အဓိက ထား တိုက်ခိုက်ခြင်း ဖြစ်သည်။

http://shannnews.blogspot.com/
မှာ ရှမ်းတော်လှန်ရေး အဖွဲ့များကို တိုက်ခိုက်နေသော ဘလောဒ့်ဖြစ်သည်။

http://oppositeyes.blogspot.com/
ကတော့ ရုရှားမှ ကျောင်းသားများ အဓိက လုပ်ကိုင်နေသော ဆိုဒ်ဖြစ်သည်။ တပ်မတော်မှ မည်သို့မည်ပုံ အလုပ်လုပ်ကြောင်း၊ သူတို့ ရုရှားတွင် ကျောင်းသက်နေသော ပညာတော်သင်များကြောင့် နိုင်ငံတော် မည်သို့ တိုးတက်လျှက်ရှိကြောင်း၊ များကို ရေးလေ့ရှိပြီး။ တပ်မတော်နှင့် တိုက်ခိုက်နေသော တော်လှန်ရေး အဖွဲ့များကို တိုက်ခိုက် ၀ါဒဖြန့်သော သတင်းများ၊ တပ်မတော်မှ လူသတ်မှုကို တော်လှန်ရေး အဖွဲ့လုပ်သော လူသတ်မှု အသွင် ဖြစ်အောင် ကူညီပေးလေ့ရှိသည်။

သူတို့၏ နည်းဗျူဟာအနေဖြင့်၊ လူမျိုးအချင်းချင်းကြား သွေးခွဲရန်ဖြစ်သည်။

ဥပမာ အားဖြင့်

ကေအိုင်အေ ကို သရော်စာများရေးသောအခါ ကချင်လူမျိုးတစ်ယောက်ယောက်၏ နာမည်ယူသုံးတာမျိုး၊ ရှမ်းအဖွဲ့ကို သရော်ချင်ရင် ရှမ်းနာမည် သုံးတာမျိုးလုပ်တတ်လေ့ရှိသည်။

အထူသဖြင့် လူမျိုးအချင်းချင်းကြား ပရိပက္ခဖန်တီးခြင်းဖြင့် တော်လှန်ရေးအင်အားများကို ဖြိုခွဲရန်ဖြစ်သည်။

သတင်းထောက်များဆိုပြီး အသိအကျ မခန့်ထားပဲ စရဖ (စစ်တပ် ထောက်လမ်းရေး) များ၏ သတင်းများကို အဓိကထား ထုတ်လွင့်သည်။

ဖေစ့်ဘုတ် များတွင်လဲ သူတို့ ၀န်ထမ်းအများအပြား အကောင့် နာမည်မျိုးစုံ နှင့် လှုပ်ရှားလျှက်ရှိပြီး၊ သူတို့ ၏ သတင်းများကို ကိုယ့်ဟာကိုယ် ထောက်ခံပေးလျှက်ရှိကြောင်းပါ ခင်များ။

· 3 hours ago ·

0 ကွန်မန့်ရေးရန်:

Post a Comment