Monday, December 24, 2012

စင်ကာပူအသင်းက (၄)ကြိမ်မြောက် ဆူဇူကီးဖလားကို ဆွတ်ခူးသွားခဲ့သည်။

ထိုင်းနှင့် စင်ကာပူတို့၏ ဆူဇူကီးဖလား ဒုတိယအကျော့တွင် ထိုင်းက စင်ကာပူကို (၁-၀)ဂိုးဖြင့် အနိုင်ရခဲ့သော်လည်း ပထမအကျော့က အရှုံးရလဒ်ကို ချေဖျက်နိုင်ခြင်း မရှိသောကြောင့် စင်ကာပူအသင်းက (၄)ကြိမ်မြောက် ဆူဇူကီးဖလားကို ဆွတ်ခူးသွားခဲ့သည်။

ထိုင်းသည် တိုက်စစ်မှူး ကီရာတီ၏ သွင်းဂိုးဖြင့် အနိုင်ရခဲ့သော်လည်း ပထမအကျော့က စင်ကာပူကို (၃-၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်ရာ နှစ်ကျော့ပေါင်း (၂-၃)ဂိုးဖြင့် ချန်ပီယံဆုဖလားကို လက်လွှတ်ခဲ့ရခြင်း ဖြစ်သည်။ စင်ကာပူသည် အုပ်စုပွဲစဉ်များတွင် အင်ဒိုနီးရှားကို ရှုံးနိမ့်ခဲ့သော်လည်း အုပ်စု ပထမဖြင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည့် အသင်းဖြစ်သည်။ ဆီမီးတွင် ဖိလစ်ပိုင်ကို နှစ်ကျော့ပေါင်း (၁-၀)ဂိုးဖြင့် ကပ်ကာ အနိုင်ရခဲ့ပြီး ဗိုလ်လုပွဲသို့ တက်ရောက် လာခဲ့သည်။ ဗိုလ်လုပွဲတွင်မူ ဒုတိယအကျော့တွင် ရှုံးနိမ့်ခဲ့သော်လည်း ပထမအကျော့က ဂိုးပြတ် အနိုင်ရလဒ်ကြောင့် (၄)ကြိမ်မြောက် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ စင်ကာပူ အသင်း ဗိုလ်စွဲခဲ့သောကြောင့် စင်ကာပူ နည်းပြချုပ် အေဗရာမိုဗစ် သည်လည်း ဆူဇူကီးဖလားကို (၃)ကြိမ် ရယူထားနိုင်သည့် နည်းပြတစ်ဦးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

0 ကွန်မန့်ရေးရန်:

Post a Comment