Wednesday, May 29, 2013

မိမိဘဝ ပျော်ရွှင်မှု ၊အောင်မြင်မှု ၊ချမ်းသာမှုတွေရှိစေဖို့အတွက် နည်းလမ်းများ

( ၁ )ဆုံးရှုံးမှုနဲ့ ကြုံရတဲ့အခါ သင်ခန်းစာကိုပါ အဆုံးရှုံးမခံပါနဲ့
ဘ၀မှာ ဆုံးရှုံးမှုဆိုတာကို ထင်းခွေမကြုံ၊ ရေခပ်ကြုံရမှာက လူတိုင်းပါ ။
အရှုံးနဲ့ရင်ဆိုင်ရတဲ့အခါ သင်ခန်းစာယူတတ်ရင်
အရှုံးထဲက အမြတ်ထွက်မှာသေချာပါတယ် ။
ဒါကြောင့် အရှုံးနဲ့ ကြုံရသည့်တိုင်
အဲဒီ့ အရှုံးထဲက သင်ခန်းစာကိုလက်လွတ်မခံကြနဲ့နော် ။
(၂ )ဘာမှမဟုတ်တဲ့ သဘောထားကွဲလွဲမှုလေးတစ်ခုကြောင့်
ခိုင်မြဲတဲ့ သံယောဇဉ်ကို ထိခိုက်မသွားစေနဲ့နော်
ဒါလည်း စဉ်းစားသင့်တဲ့အချက်ပါပဲ ။ စိတ်အလို ၊ငါစွဲ ၊ နိုင်ချင်တဲ့
ဆန္ဒလေးတစ်ခုကြောင့် ပြတ်တောက်သွားတဲ့
သံယောဇဉ်တွေ၊ စိမ်းတိမ်းတိမ်း၊ဆတ်တတ်တတ်ဖြစ်
သွားရတဲ့ ဆက်ဆံရေးတွေကို ပြန်ငဲ့ကြည့်ရင်
ဘာမှမဟုတ်တဲ့သဘောထားကွဲလွဲမှုလေးတစ်ခုကြောင့်
ဖြစ်နေတာ တွေ့ရမှာပါ ။ငါ့နှယ့်ကွာ ၊
မဖြစ်လိုက်ရင် အကောင်းသားလို့ နောင်မှ
တွေးမိနေတာထက်စာရင် သံယောဇဉ် ကိုတန်ဖိုးထားပြီး
ကွဲလွဲမှု အသေးအမွှားလေးတွေကို
ရှောင်နိုင်အောင် သတိလေးနဲ့
အားထုတ်နေမယ်ဆိုရင် နေရတဲ့ ဘ၀မှာ
သံယောဇဉ် များစွာနဲ့ ထုံမွှမ်းပြီး သာယာနေမှာ မလွဲဧကန်ပါပဲ ။
( ၃ )အမှားတစ်ခုကျုးလွန်လိုက်မိတိုင်း
သတိထားမိသွားတာနဲ့ ပြင်ဖို့ ချက်ချင်းကြိုးစားပါတော့
တစ်ခါတလေကျ မှားမှန်းသိလျက်နဲ့ ဇွတ်တိုးမိတတ်တာလည်း
လူ့သဘာဝတစ်ခုပဲ၊မှားမှန်းသိသိချင်း
ပြင်ဖို့ဆိုတာကလည်း ခက်ခဲတဲ့အလုပ်တစ်ခုပါပဲနော် ။
ဘယ်လိုပဲဖြစ်ဖြစ်၊ ပြင်နိုင်မယ်ဆိုရင်တော့
နေပျော်တဲ့ဘ၀ လမ်းကြောင်းပေါ် ပြန်ရောက်လာမှာပါ ။
( ၄ )ကိုယ်တစ်ယောက်တည်းနေတဲ့ အချိန်လေးတစ်ချိန်တော့ နေ့တိုင်းရှိပါစေ
လူဆိုတာ တစ်ယောက်တည်း မနေတတ်တဲ့သတ္တ၀ါဆိုတာတော့ မှန်တယ် ။
ဒါပေမဲ့ တစ်နေ့မှာ တစ်ခါတော့
ကိုယ့်ဘာသာ တစ်ယောက် တည်းနေကျင့်လေးရှိနေ
ဖို့လိုတယ် ။ တစ်ယောက်တည်း ငြိမ်ငြိမ်လေးနေပြီး
ကိုယ့်ကိုကိုယ် ပြန်သုံးသပ်ရင်သုံးသပ်၊
မသုံးသပ်လည်း တွေးချင်ရာတွေးနေဖို့ အချိန်လေးပေါ့ ။
( ၅ )ကိုယ့် အသိပညာကိုမျှဝေပေးပါ
ကိုယ်သိတာ ကိုယ့်ဝမ်းထဲမှာသာ
သိမ်းထားတဲ့လူဆိုတာ အလကားပဲလေ ။
ကိုယ်သိတာ ၊ကိုယ့်ပညာကို အများအတွက်
မျှဝေပေးနိုင်လေလေ၊ကိုယ့်ကို လူတွေတသသ ဖြစ်လေလေပါပဲ ။
လူသေပေမဲ့ နာမည်မသေဆိုတာ
အဲသလို မိမိရဲ့ အသိအမြင်၊ ပညာကို
မျှဝေပေးနိုင်သူများနဲ့ ကျမှ ဖြစ်တတ်တာမျိုးပေါ့။
( ၆ ) တစ်နှစ်မှာ တစ်ခါတော့ ကိုယ်တစ်ခါမှ မရောက်ဖူးတဲ့
အရပ်ဒေသ တစ်ခုခုကို အရောက်သွားပါ
ဒါကတော့ အလုပ်နဲ့အိမ် ၊ အိမ်နဲ့အလုပ် မှာချည်း
ဖိစီးတင်းကြပ်နေသူများနဲ့ သက်ဆိုင်ပါလိမ့်မယ် ။
ဘယ်လိုလူမျိုးမဆို အပြောင်းအလဲလေးတွေ
ကိုခုံမင်တတ်တာမို့ အရပ်ဒေသ အပြောင်းအလဲလေးတွေဆီ
တစ်နှစ်တစ်ခါလောက် သွားပေးခြင်းဖြင့်
မိမိကိုယ်ကို အားသစ်လောင်းနိုင်ပါတယ် ။
( ၇ )ကိုယ်လိုချင်တဲ့ အောင်မြင်မှုတစ်ခုကို ရဖို့အတွက်
ကိုယ်ဘာတွေ ပေးဆပ်ခဲ့ရသလဲဆိုတာနဲ့ပဲ
ကိုယ့်အောင်မြင်မှုကိုတိုင်းတာပါ
အောင်မြင်မှုကို လူတိုင်းခံစားဖူး
ကြပါလိမ့်မယ်။
အောင်မြင်မှုကြောင့်ဘ၀င်တွေလည်း လေဟပ်ဖူးကြလိမ့်မယ် ။
ဒါပေမဲ့ အဲဒီ့အောင်မြင်မှုကို ရဖို့အတွက်
ကိုယ့်ဘက်က ဘာတွေပေးဆပ်ခဲ့ရသလဲဆိုတာကို
ပြန်စဉ်းစားမိတာနဲ့ တစ်ပြိုင်နက်
ကိုယ့်အောင်မြင်မှုဟာ ပိုမို လေးနက်လာနိုင်သလို
ဘ၀င်မြင့်ချင်တဲ့ရောဂါကိုလည်း အလိုလိုကုပြီးသားဖြစ်သွားမှာပါ ။
ကျွန်တော်ကိုယ်တိုင်လည်း သည်အကြောင်းအရာလေးတွေကို
ကြိုက်နှစ်သက်လို့ (အလင်းတန်းဂျာနယ်) ကနေ ပြန်လည်မျှဝေပေးလိုက်တာပါ ။
လူတိုင်းအတွက် တစ်နည်းမဟုတ် တစ်နည်းတော့
အသုံးတည့်နေလိမ့်မယ်လို့ မျှော်လင့်မိပါတယ် ။
အားလုံးပျော်ရွှင်နိုင်ကြပါစေနော်

0 ကွန်မန့်ရေးရန်:

Post a Comment