Monday, September 16, 2013

ကျောက်ဖြူကလာသော မွတ်ဆလင် ဒုက္ခသည်များနှင့် ဒေသခံ ဆင်တက်မော်မှ မွတ်ဆလင် အုပ်စုတွေ အကြားတွင် တစ်ဘက်နှင့် တစ်ဘက် တုတ်၊ ဓါးလက်နက်များနှင့် တိုက်ခိုက်ခဲ့ကြ

ပေါက်တော ဆင်တက်မော်တွင် မွတ်ဆလင်အုပ်စု နှစ်စုအကြား ခိုက်ရန် ဖြစ်ပွား၍ ၂ ဦး ဒဏ်ရာရ

နိရဉ္စရာ

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဆင်တက်မော်ရွာတွင် ဒုက္ခသည် ဘင်္ဂလီ အုပ်စု (၂) စုအကြား ခိုက်ရန် ဖြစ်ပွားခဲ့သဖြင့် အနည်းဆုံး လူငယ် (၂) ဦး ဒဏ်ရာ ရရှိသွားကြောင်း သတင်း ရရှိသည်။

ထိုသို့ ဒဏ်ရာ ရရှိသွားကြောင်းကို ပေါက်တောမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။

“ ဟုတ်တယ်။ (၂) ဦး ဒဏ်ရာ ရတယ်လို့ သိရတယ်။ ဒဏ်ရာရတဲ့သူတွေကို ပေါက်တောမြို့နယ် ဆေးရုံကို ယူဆောင်လာတာတော့ မရှိပါဘူး။ဆင်တက်မော်မှာဘဲ ကုသနေကြပါတယ်” ဟု ဆိုသည်။

 ခိုက်ရန် ဖြစ်ပွားရခြင်း အကြောင်းအရင်းကို မသိရသေးသော်လည်း ကျောက်ဖြူကလာသော မွတ်ဆလင် ဒုက္ခသည်များနှင့် ဒေသခံ ဆင်တက်မော်မှ မွတ်ဆလင် အုပ်စုတွေ အကြားတွင် တစ်ဘက်နှင့် တစ်ဘက် တုတ်၊ ဓါးလက်နက်များနှင့် တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်ကြောင်း သူက ပြောကြားသည်။

“မနက်ကတည်းက ဖြစ်ကြတာလို့ သိရတယ်။ အခုတော့ ငြိမ်သွားပြီ။ အထက်က သွားရောက် စစ်ဆေးနေတုန်း ဖြစ်တဲ့ အတွက် အခု အသေးစိတ် မပြောနိုင်သေးဘူး။ ဒဏ်ရာရတဲ့ သူ (၂) ဦးရှိတယ်ဆိုတာကို အတည်ပြုနိုင်ပါတယ်” ဟု ဆိုသည်။

ပေါက်တော ဒေသခံ တစ်ဦးကလည်း ရန်ပွဲ ဖြစ်ပွားခြင်းမှာ မှန်ကန်ကြောင်းနှင့် လူနှစ်ဦး ဒဏ်ရာ ရသွားကြောင်း အတည်ပြု ပြောကြားသည်။ ယင်းပြင် ကျောက်ဖြူကလာသော မွတ်ဆလင် တစ်ဦးကို ဒေသခံ ဘင်္ဂလီ အုပ်စု တစ်စုက ပြန်ပေးဆွဲထားကြောင်း ကြားသိရသည်ဟု သူက ပြောကြားသည်။

0 ကွန်မန့်ရေးရန်:

Post a Comment