Saturday, October 27, 2012

အမှုအခင်းများတွင် ပတ်သက်နေသော ကလေးငယ်များနှင့် ပြစ်မှုကျူးလွန်ခြင်းခံရသော ၁၈နှစ်အထက် အမျိုးသမီးများ ရှေ့နေအကူအညီ အခမဲ့ရရှိနိုင်


ဆက်သွယ်ရန် လိပ်စာ
သမာဓိ ဖောင်ဒေးရှင်း
အမှတ် ၁၀၄ _ စီ၊ ပထမထပ် တိုက် ၁၀/ ၁၂ ၊ ၃၅လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း _ ၀၉ ၈၆ ၁၈၁ ၉၆၊ ၀၉ ၅၁ ၆၀ ၇၈၄
အကူအညီ တောင်းခံနိုင်သူများ
(၁) အမှုအခင်းများတွင် အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ပတ်သက်နေသော ၁၈နှစ်အောက် ကလေးသူငယ်၊ လူငယ်များ။
(၂) ၁၈နှစ် အောက်ဖြစ်ပါက ပြစ်မှုကျူးလွန်ခြင်း ခံရသူများ၊ ပြစ်မှု ကျူးလွန်သည်ဟု စွပ်စွဲခြင်း ခံရသူများ။
(၃) ၁၈နှစ် အထက် ပြစ်မှုကျူးလွန်ခြင်း ခံရသူ (နစ်နာသူ) အမျိုးသမီးများ။
အဆိုပါ အခမဲ့ ရှေ့နေ အကူအညီပေးမှုများကို ၂၀၀၇ခုနှစ်၊ ဒီဇင်ဘာလမှ စတင်ပြီး ကုလသမဂ္ဂအဖွဲ့အစည်းတစ်ခုဖြစ်သည့် ယူနီဆက်(UNICEF) နှင့် မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်များ ကောင်စီ(MCC) တို့ အကူအညီဖြင့် Legal Aid Project အမည်ဖြင့်အခြေခံခဲ့ကြောင်း။ အဆိုပါစီမံကိန်းသည် ၂၀၁၁ခုနှစ်၊ နိုဝင်ဘာလတွင် ပြီးဆုံးသွားသော်လည်း ဆက်လက် အကူအညီတောင်းခံမှုများကြောင့် စေတနာရှင် ရှေ့နေများစုစည်း၍ သမာဓိဖောင်ဒေးရှင်း အမည်ဖြင့် ဆက်လက် လုပ်ကိုင်သွားမည်ဖြစ်ကြောင်း အထွေထွေ အတွင်းရေးမှုး ဦးငိုင်ဆာ့ခ် က ပြောသည်။
ဆက်လက်၍ "တစ်ပိုင်တစ်နိုင် လုပ်နေရတယ်။ အချို့နေရာတွေမှာ အခက်အခဲရှိတယ်။ ဘယ်ကမှ အကူအညီမရဘဲ စေတနာသက်သက် လိုက်လုပ်ပေးကြတော့ စားဝတ်နေရေးလည်း ရှိသေးတာကြောင့် ထင်သလောက် အကူအညီမပေးနိုင်ဘူး " ဟု ဆိုသည်။ အင်အား ၁၀၀၀ ကျော်ဖြင့် ကူညီခဲ့ကြသော်လည်း ယခုအခါ အခက်အခဲ အမျိုးမျိုးကြောင့် အင်အား ၄၀၀ ခန့်သာ ကျန်ရှိတော့ကြောင်း။ တစ်မြို့နယ်တွင် တာဝန်ခံလုပ်ဆောင်ပေးမည့် ရှေ့နေတစ်ဦး ထားရှိသည့် ပုံစံဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
7Day News Journal

0 ကွန်မန့်ရေးရန်:

Post a Comment