Wednesday, December 25, 2013

တရုတ်နိုင်ငံတွင် မွေးကင်းစ ကလေး ၇ ဦး သေဆုံးပြီးနောက် ကာကွယ်ဆေး ထိုးခြင်း ရပ်ဆိုင်း..........................









(နိရဉ္စရာ- ၂၄ ဒီဇင်ဘာ ၂-၀၁၃)

တရုတ်နိုင်ငံတွင် မွေးကင်းစ ကလေးငယ် (၇) ဦး သေဆုံးသွားခြင်းမှာ ကာကွယ်ဆေးကြောင့်ဟု သံ
သယ ရှိနေသဖြင့် ယခုအခါ ကလေးငယ်များအား ကာကွယ်ဆေးထိုးခြင်းကို ရပ်ဆိုင်းထားလိုက်သည်
ဟု တရုတ်အစိုးရပိုင် Xinhua မှ ယမန်နေ့ (တနင်္လာနေ့)က သတင်း ဖေါ်ပြသည်။

တရုတ် ကျန်းမာရေးဌာန တာဝန်ရှိသူများမှ အဆိုပါ ကလေးငယ်များ သေဆုံးရခြင်းနှင့် ပတ်သက်ပြီး
စစ်ဆေးမူများ ပြုလုပ်နေကြောင်း၊ ၎င်းမွေးကင်းစ ကလေးငယ် ၇ ဦးမှာ ဘီအမျိုးအစား အသည်းရောင်
ရောဂါ ကာကွယ်ဆေး (Hepatitis B Vaccinations) ကို ပုံမှန် အတိုင်း ထိုးပြီးနောက် သေဆုံးသွား
ခြင်း ဖြစ်ကြောင်း ၎င်းသတင်းဌာက ဆိုသည်။

သေဆုံးသွားသည့် ကလေးငယ် များမှာ တရုတ်နိုင်ငံ တောင်ပိုင်း ပြည်နယ် တစ်ခု ဖြစ်သော
Guangdong မှ ၄ ဦးနှင့် ကျန်ကလေးငယ်များမှာ တောင်-အလယ်ပိုင်း ပြည်နယ် တစ်ခုဖြစ်
သော Hunan နှင့် အနောက်တောင်းပိုင်းပြည်နယ် Sichuan တို့မှ ဖြစ်ကြသည်ဟု ဆိုသည်။

ကျန်းမာရေး ၀န်ကြီးဌာနမှ Shenzhen ပြည်နယ် အခြေစိုက် Biokangtai မှ ထုတ်သော ဆေးများကို
စစ်ဆေးမူ မပြီးမချင်း ဆေးရုံများအားလုံးတွင် ကလေးငယ်များအား ကာကွယ်ဆေးထိုးခြင်းကို ရပ်
တန့်ထားရန် အမိန့်ထုတ်ပြန်လိုက်သည်ဟု သတင်းတွင် ဖေါ်ပြသည်။

၎င်းဆေးကုမ္ပဏီမှလည်း ကျေညာချက် တစ်စောင်ထုတ်ပြန်ပြီး လုံခြုံမူ ရှိစေရေးအတွက် လိုက်နာ
ဆောင်ရွက်နေကြောင်း၊ သို့သော်လည်း ဆေးကြောင့် ဟုတ်မဟုတ်ကို စစ်ဆေးနေကြောင်း ဖေါ်
ပြသည်။

နိဉ္စရာ-သတင်းဋ္ဌာန by admin

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: တရုတ်နိုင်ငံတွင် မွေးကင်းစ ကလေး ၇ ဦး သေဆုံးပြီးနောက် ကာကွယ်ဆေး ထိုးခြင်း ရပ်ဆိုင်း http://www.simon-vlog.com/2013/12/blog-post_6525.html#ixzz2oQctEsIA
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook

0 ကွန်မန့်ရေးရန်:

Post a Comment