Wednesday, December 25, 2013

ပြိုင်ကား တစ်စီးမှ လိုက်ထရပ် ကားသုံးစီးအား တစ်ပြိုင်နက် ဝင်တိုက်........................................









လားရှိုး ဒီဇင်ဘာ ၂၁။

လားရှိုးမြို့တွင်းရှိ လမ်းမတော်လမ်းမကြီးပေါ်တွင် ရပ်ထားသော လိုက်ထရပ်ကား (၃)စီးအား ပြိုင်ကား
(၁)စီးမှ တစ်ပြိုင်နက်ဝင်ရောက် တိုက်မိမှုတစ်ခု ဒီဇင်ဘာ ၁၉ ရက်တွင် ဖြစ်ပွားခဲ့သည်။

အဆိုပါပြိုင်ကားလေးသည် ရပ်ကွက်(၄)ဘက်မှ မြို့တော်ခန်းမဘက်သို့ လမ်းမတော်လမ်းမကြီးအတိုင်း
မောင်းနှင်လာရာ လားရှိုးဆရာဝန်များ အသင်းရုံးရှေ့ သို့အရောက်တွင် ယာဉ်စက်ချို့ယွင်းမှုဖြစ်ပြီး
လမ်းဘေးတွင်ဂိတ်ထိုးရပ်ထားသော ခရီးသည်တင်လိုက်ထရပ်ကား ၃စီးကို ၀င်ရောက်တိုက်မိခဲ့သည်။

“ ကျွန်တော်က ဈေးကပြန်လာတာပါ၊ ဒီဆရာဝန်များ အသင်းရုံးရှေ့ရောက်တော့ ပြိုင်ကားလေးက အ
သံကလည်းကျယ် အဖြူရောင်ပေါ်မှာ အပြာရောင်စတေကာကပ်ထားတော့လှတာပေါ့၊ ဒါနဲ့လိုက်ကြည့်
နေမိတာ၊ ဒီရုံးရှေ့ရောက်တော့ ကျွန်တော့်အထင် ပြောရရင် ကျွန်တော့်အထင်နော် ဒစ်ဘရိတ်ဆွဲမိ
လိုက်တဲ့ ပုံစံပဲဗျ၊ ဘာလို့လဲဆိုတော့ မောင်းနေရင်းကနေ ညာဘက်ကို ချက်ခြင်းကွေ့ပြီး တိုက်လိုက်
တာကိုတွေ့လိုက်ရလို့ပါ၊ ကားကတော့အကိုမြင်တဲ့ အတိုင်းပဲ၊ ရပ်ထားတဲ့(၃)စီးက နည်းနည်းစီထိခိုက်
သွားတာပေါ့၊ ပြိုင်ကားကတော့ ရှေ့ပိုင်းစုတ်သွားတာပဲ၊ ကားတွေကိုတော့ ယာဉ်ထိန်းရဲတွေက ယာဉ်
ထိန်းရုံးကို ဆွဲသွားကြတယ် ” ဟု လမ်းလျှောက်မျက်မြင်တစ်ဦးကပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး လားရှိုးယာဉ်ထိန်းရုံးသို့မေးမြန်းရာ “ဟုတ်ပါတယ် ယာဉ်တိုက်မှုဖြစ်တာ
ကတော့၊ ကားတွေကလည်း သိပ်ဘာမှမဖြစ်ဘူး၊ လူလည်းထိခိုက်နစ်နာမှုမရှိဘူးဆိုတော့ သူတို့အ
ချင်းချင်းပြေလည်သွားတဲ့အတွက် ကျွန်တော်တို့အနေနဲ့ အမှုမဖွင့်တော့ပါဘူး၊ ပြေပြေလည်လည်ဖြစ်
သွားတဲ့အတွက် အဆင်ပြေပါတယ် ” ဟု ယာဉ်ထိန်းရုံးက တာဝန်ရှိသူတစ်ဦးကပြောတယ်။

စိုးမင်းနိုင်

မြန်မာ့ခေတ်သတင်းဂျာနယ်မှကူးယူမျှဝေသည်။

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: ပြိုင်ကား တစ်စီးမှ လိုက်ထရပ် ကားသုံးစီးအား တစ်ပြိုင်နက် ဝင်တိုက် http://www.simon-vlog.com/2013/12/blog-post_678.html#ixzz2oQZkKvK1
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook

0 ကွန်မန့်ရေးရန်:

Post a Comment