Wednesday, December 25, 2013

မောင်ကိန်းရွှေဆိုင် ဓားပြတိုက်မှု သေနတ်ပစ်ခတ်မှုကြောင့် တစ်ဦးဒဏ်ရာရ၊ တစ်ဦးမိထားပြီး ၂ဦးမှာ လွတ်မြောက်...............


မန္တလေးမြို့ လမ်း၈၀ နဲ့ ၂၉ လမ်းဒေါင့်မှာရှိတဲ့ မောင်ကိန်းရွှေဆိုင်မှာ ဒီဇင်ဘာ ၂၄ ရက် ၅ နာရီကျော်ကျော်က ဓါးပြတိုက်မှု တခုဖြစ်ပွားခဲ့ပါတယ်။ ဒီဓါးပြတိုက်မှုမှာ တရားခံလို့ယူဆရသူ တယောက်ကိုမိထားတယ်လို့ အမှတ် ၈ ရဲစခန်းက အတည်ပြုပြောကြားပါတယ်။ ပတ်ဝန်းကျင်မှာရှိတဲ့ မျက်မြင်တွေအဆိုအရ လူသုံးယောက်လာပြီး တယောက်က သေနတ်ပြခြိမ်းခြောက်ခဲ့တာကို အော်ဟစ်အကူအညီတောင်းလို့ ဓါးပြကသေနတ်နဲ့ပစ်လိုက်တဲ့အတွက် လူတဦးဒဏ်ရာရခဲ့လို့ဆိုပါတယ်။ အဲဒီနောက် ဓါးပြတွေထွက်ပြေးရာက ပတ်ဝန်းကျင်အကူအညီနဲ့ တယောက်ကိုဖမ်းမိပြီး ၂ယောက်လွတ်သွားတယ်လို့ ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အမှတ် ၈ ရဲစခန်းကတော့ အသေးစိတ်စုံစမ်းဆဲမို့ဆိုပြီး အတည်ပြုချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။

BBC Burmese

0 ကွန်မန့်ရေးရန်:

Post a Comment